ဒေါ်နိုင်နိုင်မော်က တရားစွဲခဲ့တာပါ။

အသက် (၂) နှစ်ခန့်အရွယ်ကလေးငယ်ကို ရေနှစ်နှိပ်စက်တဲ့ အဘွားအရင်းဖြစ်သူနဲ့ အဒေါ်ဖြစ်သူကို မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းမှာ အမှုဖွင့်အရေးယူထားပြီးတော့ တနင်္လာနေ့နောက်ဆုံးထားပြီး တရားစွဲသွားမယ်လို့ အဆိုပါရဲစခန်းကနေ သိရပါတယ်။

Photo - Pho Zaw

ဒီအမှုကို တရားလိုအဖြစ် အမှုဖွင့်တိုင်ကြားတဲ့သူ မနိုင်နိုင်မော်က ကျူးလွန်သူတွေရဲ့အိမ်နောက်ဖေးမှာ အိမ်ငှားနေတာပါ။ တရားလို မနိုင်နိုင်မော်တို့ ဇနီးမောင်နှံဟာ အဆိုပါအိမ်မှာ ငှားနေတာ (၅)လခန့်ရှိပြီး ဒီကာလအတွင်းမှာဘဲ ကျူးလွန်သူသားအမိက ကလေးကို ညင်းပန်းနှိပ်စက်တာ အကြိမ်ပေါင်း မရေတွက်နိုင်ဘူး"လို့ မနိုင်နိုင်မော်က Duwun ကို ပြောပါတယ်။

"ကလေးကို ရေနွေးပူနဲ့လောင်းတယ်၊ ရိုက်တယ်၊ ထမင်းဝအောင်မကျွေးဘဲ အစာအိမ်ရေငတ်ထားလို့ ကလေးက အိမ်သာထဲက ရေကိုတောင်သောက်ရတယ် ခုလိုရေနှစ်တာက ကလေးအသက်ကို ထိခိုက်နိုင်တာကြောင့် အမှုဖွင့်တိုင်ကြားတာပါ။"လို့ပြောပါတယ်။

Photo - Pho Zaw

အရင်ကတည်းက မနိုင်နိုင်မော်က အခုလိုကလေးကိုနှိပ်စက်ကြောင် းအိမ်နီးနားချင်းတွေကိုပြောခဲ့တာကြောင့် အိမ်နီးနားချင်းတွေက ဒီတစ်ခါဖြစ်ရင် video ရိုက်ထားဖို့ ပြောခဲ့ကြတာပါ။ အခုလိုရေနှစ်တဲ့ video ကို ဧပြီလ (၂၀)ရက်နေ့က ရိုက်ခဲ့ဲပြီး ဒာဲ့ဒီနေ့ညမှာ အမှုဖွင့်တိုင်ကြားခဲ့တာပါ။

ကလေးအတွက် အိမ်နီးချင်းဖြစ်တဲ့ ကိုရဲရင့်ကလည်း စိတ်မကောင်းဘူးလို့ပြောပါတယ်။ ”ဒီအမှုကို မှန်မှန်ကန်ကန် ဆောင်ရွက်ပေးဖို့မျှော်လင့်ပါတယ်။ တော်တော်လည်း စိတ်မကောင်းသလို ဒေါသလည်းဖြစ်မိတယ် ကိုယ့်ညီအစ်ကိုမောင်နှမဆိုလည်း သူတို့အပေါ်စိတ်ထိန်းနိုင်မှာ မဟုတ်ဘူး” လို့ပြောခဲ့တာပါ။

လက်ရှိမှာတော့ ကျူးလွန်တဲ့ သားအမိနှစ်ဦးကို မြောက်ဥက္ကလာပ ရဲစခန်းက စစ်ဆေးမှုတွေဆောင်ရွက်နေပြီး ကလေးကိုတော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေချထားရေးဝန်ကြီးဌာနက ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က