Data Center တွေကြောင့် နှစ်နှစ်အတွင်း မြေအောက်ရေ ကုန်လုနီးပါး ဖြစ်သွားခဲ့ပါတယ်

သံယံဇာတ ရှားပါးမှု အန္တရာယ်က ဖွံ့ဖြိုး တိုးတက်နေတဲ့ ကမ္ဘာကြီးကို ခြိမ်းခြောက်လျက် ရှိပါတယ် ၊ ပြဿနာ အများစု စက်ရုံ ၊ အလုပ်ရုံတွေနဲ့ မြေပေါ် ၊ မြေအောက် သယံဇာတ တူးဖော်မှုက နွယ်လေ့ရှိပေမယ့် IT ပိုင်းက ခြိမ်းခြောက်တာ အထူးဆန်းတော့ မဟုတ်ပါဘူး။

လေ့လာချက်အရ e-waste လို့ ခေါ်တဲ့ စွန့်ပစ် Electronic အသုံးဆောင်ပစ္စည်း တွေဟာ တစ်နှစ်ကို တန်သန်းပေါင်း 50 ခန့် ကမ္ဘာတဝှမ်း ထွက်လေ့ရှိပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှုကို အန္တရာယ် ပြုနေပါတယ်။

ဒါကြောင့် ထိပ်တန်း နည်းပညာ ကုမ္ပဏီကြီးတွေ ပြန်သုံးနိုင်တဲ့ ပလတ်စတစ် သို့ အလူမီနမ် သတ္ထုစပ်နဲ့သာ ထုတ်ဖို့ EU ညွန်ကြားထားပြီး Packaging လို့ခေါ်တဲ့ ထုတ်ပိုးမှုကအစ ပြန်သုံးနိုင်တဲ့ စက္ကူကိုသာ ခွင့်ပြုထားပါတယ်။

E-waste ထွက်တာကို Consumer Electronics ကနေ လျှော့ချဖို့ အားသွင်းကြိုး Type-C တစ်ခုထဲသာ ကုမ္ပဏီ အသီးသီးက သုံးစွဲရမှာ ဖြစ်ကြောင်း EU အတည်ပြုထားပြီမို့ ကမ္ဘာကြီးကို ကာကွယ်ဖို့ ပြင်ဆင်နေပုံကို ဗဟုသုတ အဖြစ် ဦးစွာ ဖော်ပြလိုက်ပါတယ်။

လျှပ်စစ် ပစ္စည်းမှန်သမျှ အပူထွက် ပါတယ် ၊ Voltage နည်းနည်းလေး သုံးလို့ ပါဝါစား နည်းတယ် သို့ Efficient ဖြစ်တယ်လို့ သီအိုရီ ရှုဒေါင့်က ပြောရင် မှန်ပေမယ့် သုံးစွဲမှု အရေတွက် များလာခဲ့ရင် မဟုတ်တော့ပါဘူး။

အထူးသဖြင့် Supercomputer နဲ့ ထိန်းချုပ်ထားတဲ့ Data Center မှာ Processor ပေါင်း ရာနဲ့ချီ ပါဝင်လေ့ရှိပြီး ကမ္ဘာ့ စွမ်းဆောင်ရေ အကောင်းဆုံး Supercomputer မျိုးဆို Core အရေတွက် Billion နဲ့ချီ ရှိပါတယ်။

ဆိုကြပါစို့ စွမ်းဆောင်ရည် အကောင်းဆုံး ကွန်ပျူတာ သို့ စမတ်ဖုန်းမှာ စွမ်းအင် ချွေတာ ပေးနိုင်တဲ့ နည်းပညာ ပါခဲ့ရင်တောင် သူ့ Performance အပြည့်သုံးတဲ့အခါ အပူ ထွက်ကိုထွက်ပါတယ် ၊ အဲ့ဒီတွက် Vapour Chamber တို့ Liquid Metal လို အပူ လျှော့ချပေးနိုင်မယ့် နည်းလမ်းနဲ့ ထိန်းကျောင်းပေမယ့် Processor တစ်လုံးထဲတောင် မနည်း Handle လုပ်ရတဲ့ အနေထားပါ။

တကယ်လို့သာ Processor အများကြီး သုံးထားတဲ့ Data Center မျိုးဆိုရင် Data တွေကို Millisecond (ms) အပိုင်းခြား တစ်ခုနဲ့သာ တွက်ချက်ရတာမို့ Processing Power မတရား လိုပါတယ် ၊ အဲ့တွက် ပါဝါလည်း မတရား ကြွေးရတယ်ဆိုရင် ထွက်မယ့် အပူကို ကောင်းကောင်း Control လုပ်ဖို့ လိုပါတယ်။

ဒါကို နည်းပညာ ကုမ္ပဏီဖက်ကရော ၎င်းတို့ Data Center ကို လက်ခံ တည်ဆောက်ခွင့်ပေးမယ့်သူကရော စာချုပ် ၊ စာတမ်းအရ သိထားပြီး ဖြစ်ပါတယ်။


Tech Insider အဆိုရ Phoenix မြို့ အရှေ့ဖက် Mesa မှာ ဆောက်ထားတဲ့ ဧရာမ Google Data Center ကြီး အေးမြဖို့ တရက်ကို ရေဂါလံ 1 သန်း လိုတယ်လို့ သဘောတူ စာချုပ်ထဲ ပါဝင်တယ်လို့ ဖော်ပြထားပါတယ် (Phoenix ကို Metro Area လို့ ခေါ်သေးပြီး Arizona ပြည်နယ်ရဲ့ မြို့တော်လည်း ဖြစ်ပါတယ်)

ဒီပမာဏဟာ Arizona မြို့သူ ၊ မြို့သားတွေရဲ့ တရက်ကို 146 ရေဂါလံ သာ သုံးစွဲမှုထက် အဆများစွာ ကွာပါတယ် ၊ Data Center Ground ဖြစ်လာတဲ့ Metro ဒေသ “Mesa” မှာ 2021 တုန်းက Microsoft တစ်ခု တည်ခဲ့သလို Meta လည်း Arizona မြေဆင်းသက်ခဲ့ပါပြီ (လက်ရှိချိန်ထိ Data Center တည်ဆောက်ဆဲလို့ ဖော်ပြထားပါတယ်)

ဒီ Tech Giant ကုမ္ပဏီတွေ Arizona မြေအောက်ရေ ဘယ်လောက် သုံးခဲ့လဲ ပမာဏကို 2021 Record အရ ဖော်ပြရရင် ရေဂါလံပေါင်း 4.34 Billion Google သုံးခဲ့သလို ထုထည် 5 Million Cubic Meter နဲ့ ညီမျှတဲ့ ရေထုကို Meta စုပ်ယူခဲ့ကြောင်း သိရပါတယ်။

Google အဆိုရ အမေရိကန် ပြည်ထောင်စု အနောက်တောင်ဖက်မှာရှိတဲ့ ဂေါက်ကွင်း 29 စာရှိ ရေထုကို သုံးခဲ့တာနဲ့ ညီတယ် ပြောထားသလို Meta ပမာဏက ရေဂါလံပေါင်း 1.33 Billion နဲ့သွားတူတယ်လို့ ကျွမ်းကျင်သူ အဆိုရ သိရပါတယ်။

အခုဆိုရင် မြေအောက်ရေ ရှားပါးမှုနဲ့ ကြုံနေရတဲ့ Arizona ပြည်နယ်မှာ Data Center တည်ဆောက်မှုကို ကန့်သတ်လိုက်ပြီး ဂုတ်သွေးစုပ်သလို ရေမသုံးဖို့ အဖက်ဖက်က ပြင်ဆင် နေရပါပြီ။

ဘာလို့ ဒေတာစင်တာတွေကို အေးချမ်းတဲ့ အန္တာတိကလို ရေခဲပြင်မှာ သွားမဆောက်သလဲ မေးခွန်းမျိုး မေးသင့်ပေမယ့် သုံးစွဲသူတွေနဲ့ အနီးကပ်ဆုံး ထားဖို့ အရေးကြီးတာမို့ မြို့ကြီး ၊ ပြကြီးနဲ့ မနီးမဝေးမှာ ဆောက်တာပါလို့ Google ဆိုပါတယ်။

လူတွေနဲ့ နီးတော့ အလုပ်ပိုဖြစ် ၊ ပိုက်ဆံ ပိုရတာမို့ လူဦးရေ 5 သန်း နေထိုင်လျက်ရှိတဲ့ Phoenix မြို့ဟာ မြေအောက်ရေ ရှားပါးမှုနဲ့ ရင်ဆိုင် နေရပါပြီ။

နည်းပညာ ကုမ္ပဏီ အနေနဲ့လည်း Arizona ပြည်နယ်ကို ကန္တာရ ပြောင်းပစ်ဖို့ထက် ပိုက်ဆံ အကုန်ခံပြီး ရေကို ချွေတာဖို့ ပါဝင်နေကြပြီး Microsoft အနေနဲ့ Air Cooling ကို 2021 ကတည်းက သုံးနေခဲ့တယ် ဆိုထားပါတယ်။

ပူအိုက်လှတဲ့ Arizona အပြင် ဖက်အပူချိန်ဟာ 113F ထိ ရှိတာမို့ ပြဿနာ မီးခွက်ထွန်းရှာလို့ပဲ ပြောရမလား ဘာလို့ ပူပြင်းတဲ့ ဒေတာမှာ ဒေတာစင်တာ သွားဆောက်လဲ မေးခွန်းက ဒွိဟ ဖြစ်စေတယ်လို့ ပြောရင် မမှားဘူး ထင်ပါတယ်။

Source:

Tech Insider

Share

က္က