ငွေကြေး ကျပ်သိန်ပေါင်းများစွာ လိမ်လည်မှုကြောင့် တရားစွဲခံရထားတဲ့ ယောဂီဝတ် နန္ဒမာလာရဲ့ အာမခံလျောက်ထားမှုကိုလှိုင်မြို့နယ်တရားရုံးပယ်ချလိုက်ပါတယ်။
လူတချို့ဆီကနေ ငွေကျပ်သိန်းပေါင်း တစ်သောင်းကျော်လိမ်လည်မှုနဲ့ ဒီနေ့ဇန်နဝါရီ ၇ ရက်နေ့က လှိုင်မြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့တာဖြစ်ပြီး အာမခံကို တရားရုံးက မပေးခဲ့တာလည်းဖြစ်ပါတယ်။
"သူ့ကိုဒီနေ့က ချုပ်မိန့်ပေးတာပါ။ လာမယ့် ၁၅ ရက်နေ့မှာတော့ သူ့ကို အာမခံပေးမပေးကို အမိန့်ချမှာဖြစ်တယ်။"လို့ လှိုင်မြို့နယ်တရားရုံးက ပြန်ကြားရေးအရာရှိ တရားသူကြီးဦးအောင်မြင့်သန်းက Duwun ကိုပြောပါတယ်။
ယောဂီဝတ် နန္ဒမာလာ ဟာလှိုင်မြို့နယ်ရဲစခန်း၊ မင်္ဂလာဒုံရဲစခန်းနဲ့ မဟာအောင်မြေ ရဲစခန်းမှာ တရားခံပြေးအဖြစ် ဝရန်းဆင့်ထုတ်ထားခြင်းခံရသူဖြစ်ပါတယ်။ ဇန်နဝါရီ ၃ ရက်နေ့က ဒေါ်နန္ဒမာလာအား မန္တလေးမြို့ မဟာအောင်မြေတရားရုံးမှာရုံးထုတ်ခဲ့ပြီး အာမခံပေးခဲ့ပါတယ်။