ပဲလေ့စ်နဲ့ပွဲမှာလည်း ထပ်မံလွဲချော်မှုတွေရှိနေခဲ့တာပါ။

လီဗာပူးလ်ရဲ့ ယူရိုသန်း ၁၀၀ တန် တိုက်စစ်မှူးသစ် ဒါဝင်နူနက်ဇ်ကတော့ တပွဲပြီးတပွဲမရိုးရလေအောင်ကို ပရိသတ်တွေကို ဖျော်ဖြေနေပြီဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ မနေ့က ခြေစမ်းပွဲမှာလည်း ဒါဝင်နူနက်ဇ်တယောက် လူစားလဲပါဝင်ကစားခွင့်ရတဲ့အချိန်အတွင်း ဆိုးရွားလွန်းတဲ့ ပုံစံတွေကို ထပ်မံပြသခဲ့တာဖြစ်ပါတယ်။ 

ယူနိုက်တက်နဲ့ပွဲမှာ အပိုင်အခွင့်အရေးကို မိုးပေါ်ထောင်ကန်ခဲ့တဲ့ နူနက်ဇ်ဟာ ပဲလေ့စ်ဧရိယာအတွင်းမှာလည်း ညာခြမ်းက ပေးပို့လိုက်တဲ့ ဖြတ်တင်ဘောကို ပိတ်သွင်းခွင့်ရခဲ့ပေမယ့် ဘောလုံးကိုတောင် မထိဘဲ ချော်ထွက်ခဲ့တာဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ကွင်းလယ်ကနေ သီယာဂိုက အမြင့်ဘောကန်တင်ပေးလိုက်တာကို ခေါင်းတိုက်ရာမှာလည်း ဂိုးပေါက်ဆီတိုက်ရမယ့်အစား နောက်ကိုပြန်တိုက်မိခဲ့ပြန်ပါတယ်။ 



သူ ဝင်ကစားတဲ့အချိန်အတွင်းမှာတင် ဘောလုံးအပျက်များနေခဲ့တာ၊ ပိတ်သွင်းယူမှုကို လွဲချော်နေခဲ့တာဖြစ်ပြီး လီဗာပူးလ်ပရိသတ်တွေအတွက်တော့ အကြီးအကျယ်စိတ်ပျက်စရာပါပဲ။ ဆာဒီယိုမာနေးထွက်ခွာသွားတာမို့ သူ့အပေါ်ကိုအားလုံးက မျှော်လင့်တကြီးနဲ့ ရှိနေခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ နူနက်ဇ်က အားကိုးရမယ့် ပုံစံမျိုးကို မပြသသေးတာလည်းဖြစ်ပါတယ်။ 

တွစ်တာပေါ်မှာတော့ သူ့ကို လီဗာပူးလ်မှာမအောင်မြင်ခဲ့တဲ့တိုက်စစ်မှူးဟောင်း အန်ဒီကာရိုးလ်လက်သစ်လို့ လှောင်ပြောင်နေကြပါတယ်။ ဥရုဂွေးတိုက်စစ်မှူးဟာ ဘင်ဖီကာမှာ ပြီးခဲ့တဲ့ရာသီကခြေစွမ်းပြဂိုးတွေသွင်းနိုင်ခဲ့လို့ ကစားသမားတဦးကို သန်း ၁၀၀ပေးပြီး မဝယ်ယူဘူးလို့ ပြောခဲ့ဖူးတဲ့ ကလော့ပ်ကိုယ်တိုင်က အသင်းတိုက်စစ်ပိုင်းအတွက် ယုံကြည်မှုအပြည့်နဲ့ အားဖြည့်ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က