အေးမြတ်သူက သူမ ခံယူထားတဲ့ ယောက်ျားကောင်းတစ်ယောက်ရဲ့ ပုံစံတွေကို ပရိသတ်သိအောင် ပြောပြလာပါတယ်။ ‘’ချစ်သူများနေ့’’ မှာ ချစ်သူတွေနဲ့အတူတူဖြတ်သန်းကြမယ့် စုံတွဲလေးအတွက်ကိုလည်း စကားလက်ဆောင်ပါးခဲ့ပါသေးတယ်။
Photo: Aye Myat Thu
အေးမြတ်သူက Valentine’s Day နေ့ နီးလာပြီဖြစ်တာကြောင့် ချစ်သူစုံတွဲလေးတွေအတွက် သတိပေးစကားလေး ပြောထားပါတယ်။ အဓိက က Ro ဖို့ထက် သစ္စာရှိပေးဖို့က အရေးကြီးတယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြခဲ့တာပါ။
‘’ Ro စရာမလိုဘူး သစ္စာရှိဖို့ပဲလိုတယ်။ အေးမြတ်သူ အဲဒီအရာကိုပဲ လက်ကိုင်ထားထားတယ်။ အဓိကက သစ္စာရှိရမယ်။ ဘာလုပ်မှာလဲ Ro တယ်ဆိုတာ ခဏပဲ။ လူတွေအားလုံးက လက်တွေ့ကျကျ ဖြတ်သန်းနေကြရတာ။ ဘယ်လောက်အထိ ကိုယ့်အပေါ်မှာ သစ္စာရှိပေးနိုင်မလဲ၊ နားလည်ပေးနိုင်မလဲ။ အဲဒါပဲ အရေးကြီးတယ်’’ လို့ Time Square Fashion Week Gallery ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Aye Myat Thu
တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာနေကြတဲ့ ချစ်သူစုံတွဲတွေလည်း သူများနည်းတူ မပျော်နိုင်လို့ စိတ်မကောက်ကြဖို့ကိုလည်း အေးမြတ်သူက ပြောပြခဲ့ပါတယ်။
‘’ ချစ်သူများနေ့မှာ ချစ်သူက အဝေးရောက်နေလို့၊ ချောကလက်မစားရလို့ ဘယ်တော့မှ စိတ်မဆိုးနဲ့။ အဲဒါက စိတ်ကောက်စရာ အရာမဟုတ်ဘူး။ ကိုယ့်ကို Hotel မခေါ်သွားရင်တော့ တော်တော်ကိုအဆင်ပြေနေပြီ။ အဲဒါ ယောကျ်ားကောင်းပဲ။ ချစ်သူများနေ့မှာ ကိုယ့်ကို Hotel မခေါ်တဲ့ ယောကျ်ားကမှ တကယ့်ယောကျ်ားကောင်း အစစ်။ ကိုယ့်ကိုသူက စောင့်ရှောက်ချင်တာ၊ အခွင့်အရေး လိုချင်တာမဟုတ်ဘူးလေ။ အခွင့်အရေးလိုချင်တဲ့ ယောကျ်ားတွေသာ အခွင့်အရေးကို စောင့်နေကြတာ’’ လို့ သူကဆိုပါတယ်။
Photo: Aye Myat Thu
အေးမြတ်သူက ချစ်သူရှိကြတဲ့ မိန်းကလေးတွေအတွက် အရေးကြီးတဲ့ စကားတစ်ခွန်းကို ပြောပြခဲ့ပါသေးတယ်။ သူကိုယ်တိုင်ကတော့ ယောကျ်ားလေးဆန်တဲ့ မိန်းကလေးဖြစ်တယ်လို့ဆိုပါတယ်။
‘’ အေးမြတ်သူကို ဘယ်ယောကျ်ားမှ မခေါ်ရဲဘူး။ ချလိုက်မှာလေ အေးမြတ်သူက ယောကျ်ားအရမ်းဆန်တော့ ဖောင်းကနဲလုပ်ပစ်မှာ။ အဓိက ကတော့ ဘယ်လိုပဲ ဖြားယောင်း ဖြားယောင်း ကိုယ့်စိတ်ပါပဲ။ ကိုယ့်ရဲ့ ဆင်ခြင်တုံတရားနဲ့ စဉ်းစားပါ။ ဒီအမျိုးသားကို ငါ တစ်ဘဝလုံးလက်တွဲမှာလား၊ ငါ့အတွက် ဘယ်လောက်အထိ နားလည်ပေးနိုင်မလဲ အဲဒါက အရေးအကြီးဆုံးပဲ’’ လို့ ဆက်လက်ပြောပြထားပါတယ်။
Photo: Aye Myat Thu
အေးမြတ်သူကတော့ ဘဝလက်တွဲဖော်ဖြစ်လာမယ့်အထိ ရည်ရွယ်ထားပြီးသား ချစ်သူရှိတယ်လို့ မီဒီယာတွေအင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူမဟာ အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးထားပြီးသား သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။
Share