ဘယ်လိုဖြစ်မလဲ။

ယောက်ျားလေးဆန်ဆန်နေတတ်တဲ့ ချမ်းမြေ့မောင်ချိုရဲ့ အချစ်ရေးက ဘယ်လိုဖြစ်မလဲဆိုတာ ပြောပြထားတယ်နော်။ 

Myanmar Idol Season 3 ကနေ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူ ချမ်းမြေ့မောင်ချိုဟာ ယောကျ်ားလေး ဆန်ဆန်နေတတ်သူတစ်ယောက်ဖြစ်ပါတယ်။ မိန်းကလေး ဆန်တဲ့ အဝတ်အစားတွေကို သိပ်မကြိုက်သလို ကိုယ့်ကိုကိုယ်လည်း ယောကျ်ားလေးစိတ် နည်းနည်းပေါက်နေသလို ခံစားမိတယ်လို့ Duwun media သို့ ပြောပြခဲ့ပါတယ်။



“ကျောင်းတုန်းက ယောကျာ်းလေးဆန်တယ်။ အာကျယ်အာကျယ် သီချင်းအမြဲဆိုနေတယ်။ တချို့တွေတော့ သဘောကျပါတယ်။ ဒါပေမယ့် ကိုယ့်အကြောင်းသိသွားရင် မကြိုက်တော့ဘူး သူငယ်ချင်းတွေ ဖြစ်သွားပြန်ရော် ယောက်ျားလေးပေါင်း ပေါင်းလို့ရတယ်။ ပြောမနာဆိုမနာ သူတို့ကလည်း ကိုယ့်ကို မိန်းကလေးလို့ မမြင်ဘူး။ မိန်းမစိတ်ကိုမှ ယောကျာ်းလေးဆန်တယ်။ယောကျာ်းလေး စိတ်နည်းနည်းပေါက်တယ်လို့ ထင်တယ်။ မိန်းကလေး ဆန်တာကို မကြိုက်ဘူး။ “ လို့ သူမက Shwe Fm (9) နှစ်ပြည့်ပွဲမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

အဲ့လိုမျိုး ယောကျာ်းလေးဆန်ဆန်နေတတ်တဲ့ ချမ်မြေ့မောင်ချိုရဲ့ အချစ်ရေးက ဘယ်လိုဖြစ်မလဲ။

“ရည်းစားထားဖို့ကတော့အစီအစဉ်မရှိဘူး။ ထားဖြစ်မယ်လည်း မထင်ဘူး။ အစတုန်းက အင်တာဗျူးတွေမှာ ဖြေဖူးတယ်အပျိုကြီးလုပ်မယ်ပေ့ါ။ အမေကလည်း အချစ်ရေးကိစ္စနဲ့ ဟင့်အင်းပါပဲ။ ကိုယ့်ဘာသာကိုယ်တောင် အချိန်မနည်း လုနေရတယ်။ “ လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

ချမ်းမြေ့မောင်ချိုဟာ လက်ရှိအချိန်ထိ ကြိုးစားနေရဆဲ ဖြစ်ပြီး သူမအတွက် ၂၀၁၈ ခုနှစ်ဟာ အခက်အခဲဆုံး နှစ်တစ်နှစ်ဖြစ်တယ်လို့ ဆိုပါတယ်။လူငယ်အဆိုတော်မလေး ချမ်းမြေ့မောင်ချို့က အခုဆိုရင် ကြော်ငြာရိုက်ကူးမှုတွေ ဆက်တိုက်ဆိုသလို လုပ်နေရပါပြီ။ကြော်ငြာတွေ ရိုက်ရင်းနဲ့ သီချင်းတွေ ဆိုနေတဲ့ သူမက သီချင်းခွေအတွက်ကိုလည်း သီချင်းသစ်တွေ စုနေတယ်လို့ ဆိုပါတယ်။

"လတ်တလောက ဟိုးတုန်းက ပေါက်ခဲ့တဲ့ သီချင်းလေးတွေ ပြန်ဆိုဖို့ လုပ်နေတယ်။ ပြန်ဆိုတယ်ဆိုတာကလည်း ကထိန်ပွဲတွေ ဘာတွေမှာ ပရိသတ်တွေမြူးအောင် ဆိုမယ်ပေ့ါ။ စဉ်းစားနေတုန်းပါ။ သီချင်းသစ်တွေကတော့ အခုမှ စစုနေတုန်း။ တေးရေးတွေကိုလည်း အခုမှ ရေးပေး ဖို့အတွက် ပြောထားတုန်းပါ။ သီချင်းတွေက အခုထိတော့ မရသေးပါဘူး။တစ်ပုဒ်လားပဲ ရသေးတယ်။ စောင့်နေတုန်းပေ့ါ" လို့နိုဝင်ဘာ(၂၅) ရက်နေ့က D&C ကြော်ငြာရိုက်ကွင်းမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့တာပါ။ သူမဟာ Myanmar Idol မှာကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ခိုင်ခိုင်မာမာရရှိခဲ့သူပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က