ကျွန်တော် လေးစားအားကျရတဲ့သူတွေ အများကြီးပါ။

G-Fatt ကတော့ ‘’ ငါ့ရည်းစားက ပိုမိုက်တယ်’’သီချင်းဟာ ဒီနေ့ခေတ် မိန်းကလေးတွေက ယောကျ်ားလေးတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်ကိုင်နေကြတဲ့အပေါ် အခြေခံပြီး သီဆိုထားတာပါတဲ့။

Photo: G-Fatt Facebook

G-Fatt ကိုယ်တိုင် ပါဝင်သီဆိုထားတဲ့ ‘’ငါ့ရည်းစားက ပိုမိုက်တယ်’’ ဆိုတဲ့ သီချင်းရဲ့ အဓိပ္ပာယ်ကို G-Fatt က အခုလို ပြောပြလာပါတယ်။ လုပ်ငန်းခွင်ဝင်နေကြတဲ့ မိန်းကလေးတွေရဲ့ အကြောင်းကို သီဆိုထားတဲ့ သီချင်းလေးဖြစ်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ အခုဆို ကျွန်တော့် ကောင်မလေးပဲ ဖြစ်ဖြစ်၊ တခြားကောင်လေးတွေ ရွေးချယ်ထားတဲ့ ကောင်မလေး တော်တော်များများဟာ သူတို့ရဲ့ လုပ်ငန်း၊ သူတို့ရဲ့ အလုပ်တွေ ရှိမှာပေါ့နော်။ အဲဒါတွေကို မျှပြီးတော့ သီချင်းရဲ့ Theme က အဲဒီလိုသွားတာပေါ့နော်။ ပြီးတော့မှ သူငယ်ချင်းအချင်းချင်း backing ပြန်လုပ်တာပေါ့နော်။ မင်းစော်ထက် ငါ့စော်က ပိုမိုက်တယ်ပေါ့’’ လို့ သူကဆိုပါတယ်။

Photo: G Fatt Facebook

G-Fatt ဟာ ဒီနေ့ခေတ် မိန်းကလေးတွေနဲ့ အရင်ခေတ်က မိန်းကလေးတွေရဲ့ ကွာခြားချက်တွေကိုလည်း အခုလိုပြောပြလာပါတယ်။ တချို့မိန်းကလေးတွေမှာ သူကိုယ်တိုင်လေးစားရတဲ့ အချက်တွေ ရှိတယ်လို့ ‘’ ငါ့ရည်းစားက ပိုမိုက်တယ်’’ MTV မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ဒီဘက်ခေတ်ကျတော့ တချို့ မိန်းကလေးတွေဆို ကျွန်တော်တို့ ယောကျ်ားလေးတွေထက် ထက်မြက်တာတွေရှိတယ်။ ကျွန်တော်ကိုယ်တိုင် အရမ်းလေးစားအားကျရတဲ့ မိန်းကလေးတွေလည်း အများကြီးပါ။ အဲဒီလိုမျိုးပဲ မိန်းကလေးတွေရဲ့ အလုပ်၊ မိန်းကလေးတွေရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပါတယ်။ မိန်းကလေးတွေဆိုတာ မီးဖိုချောင်ဝင်၊ ထမင်းချက်၊ ဟင်းချက်ပြီး ကလေးထိန်းအလုပ်လုပ်ဖို့ မဟုတ်ဘူးဆိုတာကို ကျွန်တော် ကောင်းကောင်းနားလည်ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: G-Fatt Facebook

အဲဒီနောက် မိန်းကလေးတွေဟာ ယောကျ်ားလေးတွေနဲ့ တန်းတူ အလုပ်လုပ်ကိုင်လာကြတာ ပိုများလာတယ်လို့ G-Fatt က ဆက်လက်ပြောပြထားပါတယ်။

‘’မိန်းကလေးရယ် ယောကျာ်းလေးရယ်လို့ မခွဲခြားပဲနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်နေတဲ့ နှစ်တွေ၊ ခေတ်ကာလကတော့ နည်းနည်းလေး ကြာခဲ့ပါပြီ။ ဒီဘက်ခေတ်မှာဆို ပိုတောင် ဆိုးသေးတယ်ပေါ့နော်။ ကျွန်တော်တို့ အမေခေတ်တုန်းက မိန်းကလေးတွေဆိုရင် အိမ်ထဲအောင်းပြီးတော့ ယောကျ်ားက ပိုက်ဆံရှာ၊ မိန်းမက အိမ်မှုကိစ္စလုပ်ရတဲ့ခေတ်က ကုန်သွားပြီ’’ လို့ ဆိုပါတယ်။

Photo: Media Wave

‘’ငါ့ရည်းစားက ပိုမိုက်တယ်’’ သီချင်းကိုတော့ စိုင်းစိုင်း၊ ဘန်နီဖြိုး၊ John၊ Ki Ki Kyaw Zaw ၊ Snare နဲ့ G-Fatt တို့က ပါဝင်သီဆိုထားကြတာပါ။ ဒီ သီချင်းထဲမှာတော့ G-Fatt က သူ့ရဲ့ ချစ်သူ ကပြားမလေးလို့ တင်စားသီဆိုထားတာဖြစ်ပါတယ်။ သူ့ကို 8 day 8 month 8 hour ဆိုတဲ့ သီချင်းကနေ ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် တေးစီးရီးအခွေတွေမှာလည်း ပါဝင်သီဆိုလာရသူ တစ်ယောက်ပါ။ G-Fatt ဟာ ပထမဆုံး တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ဂျင်’’ တေးစီးရီးကို ထွက်ရှိထားပါတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ 120/B’’ အခွေလည်း ထွက်ရှိထားပါတယ်။

Share

Loading Next Article...
က္က