စင်ကာပူနိုင်ငံနေ မြန်မာလုပ်ငန်းရှင်တစ်ဦးကလှူဒါန်းတာပါ။

ကျောင်းသား၊ကျောင်းသူတွေအတွက် စက်ဘီးလှူဒါန်းတဲ့ အလှူရှင်ကိုသန်းထွန်းဟာ မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်ဒေသတွေက ကလေးတွေအတွက် စက်ဘီးတွေကိုအခမဲ့လှူဒါန်းတာဖြစ်ပြီး ဒေသအလိုက် စက်ဘီးအစီးရေ စုစုပေါင်း တစ်သောင်းကို လှူဒါန်းဖို့ရည်ရွယ်ထားသူလည်းဖြစ်ပါတယ်။ 

photo -Than Tun Win (အလှူရှင်)

ယောမြို့နယ်မှာရှိတဲ့ ဝေးလံခေါင်သီတဲ့နေရာတွေကနေ ကျောင်းကိုလမ်းလျှောက်ပြီးနေ့စဉ်ကျောင်းတက်နေရတဲ့ ကျောင်းသား၊ကျောင်းသူတွေအတွက် စက်ဘီးအစီး(၄၀၀)ကျော်ကို စင်ကာပူမှာနေထိုင်တဲ့ မြန်မာလူမျိုး ဦးသန်းထွန်းဝင်းကလှူဒါန်းခဲ့ပါတယ်။

ယောမြို့နယ်အတွင်းမှာရှိတဲ့ မြို့အလိုက် ကျောင်းသားတွေကို စက်ဘီးပေးအပ်ပွဲအခမ်းအနားတွေကို ကျင်းပလျှက်ရှိပြီး ဒီကနေ့မှာတော့ ဆောမြို့အတွက် စက်ဘီး(၅၃)စီး လှူဒါန်းခြင်းအခမ်းအနားကို ကျင်းပပြုခဲ့တာပဲဖြစ်ပါတယ်။

photo- Khin Be

“ ယောမြို့နယ်မှာရှိတဲ့ စာသင်ကျောင်းအားလုံးအတွက် စက်ဘီး(၄၉၂)စီးလှူးဒါန်းတာပါ။ယောမြို့နယ်ထဲမှာတော့ ကျောက်ထုမြို့၊ ဆောမြို့၊ ထီးလင်းမြို့နဲ့၊ ဂန့်ဂေါမြို့တို့ပါတယ်။ ဒီဒေသမှာကျောင်းတက်တဲ့ကလေးတွေအနေနဲ့ ဝေးဝေးလံလံ လမ်းလျှောက်ပြီးတက်နေရတဲ့ကလေးတွေကို ဦးစားပေးပြီးတော့ ကျွန်တော်တို့က ပြန်ရွေးပေးတာပေါ့နော်။ အလှူရှင်ကတော့ ကျွန်တော်တို့မြို့နယ်တင်မဟုတ်ဘူး တခြားမြို့နယ်တွေက ကျောင်းသားတွေအတွက်လည်းလှူဒါန်းတာ၊ သူအခုလိုလှူဒါန်းတော့ ကလေးအတွက်အရမ်းအကျိုးရှိတာပေါ့ “ လို့ ယောလူငယ်အဖွဲ့ဥက္ကဌ ဦးမြင့်ထွန်းက Duwun ကိုပြောပါတယ်။

အလှူရှင်ကိုသန်းထွန်းဝင်းဟာ မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်ဒေသတွေက ကလေးတွေအတွက် စက်ဘီးတွေကိုအခမဲ့လှူဒါန်းတာဖြစ်ပြီး ဒေသအလိုက် စုစုပေါင်း စက်ဘီးအစီးရေ တစ်သောင်းကို လှူဒါန်းဖို့ရည်ရွယ်ထားကြောင်းကိုလည်း သူ့ရဲ့လူမှုကွန်ရက်ဖေ့စ်ဘုတ်သာမျက်နှာမှာ ရေးသားထားပါတယ်။

photo- Khin Be

အခုလှူဒါန်းတဲ့ စက်ဘီးတွေဟာ စင်ကာပူနိုင်ငံမှာ စက်ဘီးငှားခြင်းရပ်ဆိုင်းလိုက်တဲ့ ကုမ္ပဏီတွေဆီက ပြန်လည်ဝယ်ယူထားသလို၊ စက်ဘီးအသစ်တွေလည်းပါဝင်ပြီး မြန်မာနိုင်ငံမှာ သုံးလို့ရတဲ့အနေအထားဖြစ်အောင်ပြန်လည်ပြုပြင်ထားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ စင်ကာပူကသယ်လာတဲ့ စက်ဘီးတွေကို မြန်မာနိုင်ငံဒေသတချို့မှာ လှူဒါန်းမှုတွေပြုလုပ်နေပြီလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က