ပရိသတ်ရင်ထဲကို ရောက်လာခဲ့တဲ့ ဇာတ်ကောင်တစ်ကောင်ပါပဲ။

ရှင်မွေလ ကတော့ ပရိသတ်ရင်ထဲရောက်ခဲ့တဲ့ ‘’ဇော်’’ ကာရိုက်တာ ဖြစ်လာဖို့ မို့မို့မြင့်အောင်ဆီကနေ သရုပ်ဆောင်ပညာကို လေ့လာခဲ့တယ်လို့ ဆိုပါတယ်။ အောင်မြင်ခဲ့ပြီးသား ဝတ္ထုဖြစ်တာကြောင့်လည်း တာဝန်ကြီးခဲ့တဲ့ ဇာတ်လမ်းတွဲ တစ်ခုပါတဲ့။

Photo: Shin Mwe La



ရှင်မွေက အတွက်ကတော့ နှင်းဆီ ရုပ်သံဇာတ်လမ်းတွဲထဲက ‘’ဇော်’’ ဇာတ်ကောင်ကလည်း ပရိသတ်ရင်ထဲကို ရောက်ခဲ့ပြန်ပြီလို့ သိရပါတယ်။ ဒီဇာတ်ကောင်ဖြစ်လာဖို့အတွက်ကိုလည်း မို့မို့မြင့်အောင်က လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ဇာတ်လမ်းက ပရိသတ်ရင်ထဲကို ရောက်တယ်။ ကျွန်တော်ကလည်း ‘ဇော်’ ဆိုတဲ့ ဇာတ်ကောင်ပီပြင်ဖို့အတွက် ၁၀၀ ရာခိုင်နှုန်း နီးပါး အပြည့်အဝ ကြိုးစားတယ်။ ဒီဇာတ်ကားမရိုက်ခင်မှာလည်း အမေမွှေးဆီမှာ သင်တန်း ၂ ပတ်တက်တယ်။ အစစအရာရာ အားလုံး ကြိုးစားခဲ့တော့ ပရိသတ်ကလည်း မှတ်မိတာလို့ထင်တယ်။ ပြီးတော့ နာမည်ကလည်း တစ်လုံးတည်းဆိုတော့ ထွေထွေထူးထူး မှတ်စရာမလိုတာလည်းပါတယ်ပေါ့’’ ဆိုပြီးတော့ အောက်တိုဘာလ ၁၆ ရက်နေ့ ညက ‘’အကြင်နာ မြစ်ဖျား’’ ရုပ်ရှင်ဇာတ်ကား အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Shin Mwe La

ဒီကာရိုက်တာအတွက် သူ့ရဲ့ ကြိုးစားမှုတွေက အရာထင်ခဲ့တယ်လို့လည်း ရှင်မွေလက ပြောပါတယ်။ နာမည်ကြီး ဝတ္ထုကို အသက်သွင်းရတာဖြစ်တဲ့အတွက် တာဝန်ကြီးတယ်လို့ ဆိုပါတယ်။

 ‘’နှင်းဆီဇာတ်လမ်းတွဲက ဝတ္ထုကလည်း အရမ်းအောင်မြင်ခဲ့ပြီးသား ဝတ္ထုဆိုတော့ ဒီဇာတ်ကားကို ရိုက်ရတော့မယ့် အချိန်မှာ အရမ်းကြောက်ခဲ့တယ်။ ဇာတ်လမ်းတွဲပြန်လွှင့်တဲ့ အချိန်မှာလည်း အရမ်းကြောက်နေခဲ့တာပါ။ ပြီးတော့ ပရိသတ်တွေ အများကြီးက ‘ဇော်’ ဇာတ်ကောင်ဖြစ်ခဲ့တယ်လို့ ပြောတဲ့အတွက် အရမ်းဝမ်းသာတယ်။ အဲဒီအတွက် ကျွန်တော့် စိတ်ထဲမှာ ကြောက်နေတဲ့အရာတစ်ခုကို တာဝန်ကျေသွားတယ်လို့လည်း ခံစားရတယ်’’ လို့ သူကဆိုပါတယ်။

Photo: Shin Mwe La

သရုပ်ဆောင်သစ်လေး ရှင်မွေလကိုတော့ အကယ်ဒမီမြင့်မြတ်နဲ့တူတယ်လို့ သူ့ရဲ့ ပရိသတ်တွေက သတ်မှတ်ထားကြပါတယ်။ သူကိုယ်တိုင်ကလည်း မြင့်မြတ်ကို ငယ်ငယ်လေးကတည်းက အားပေးခဲ့ရတဲ့ အနုပညာရှင်တစ်ယောက်ပါဆိုပြီးတော့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

‘’ကိုမြင့်မြတ်က ကျွန်တော့်ရဲ့ idol ပါ။ ကိုယ့် Idol နဲ့ တူတယ်လို့ ပြောကြတဲ့အတွက်လည်း ကျွန်တော် တကယ် ဝမ်းသာပါတယ်။ ကျွန်တော် ကိုမြင့်မြတ်ရဲ့ ဇာတ်ကားတွေကို ၈ တန်းလောက်ကတည်းက ကြည့်တယ်ဆိုတော့ ကိုယ်က အတုမခိုးဘူးဆိုပေမယ့်လည်း ကိုယ့်ရဲ့ မသိစိတ်က လွှမ်းမိုးမှုလေးတွေဖြစ်နေတာ ထင်ပါတယ်’’ လို့ ဆိုပါတယ်။

Photo: Shin Mwe La

သူ့ကိုတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ သရုပ်ဆောင်ရင်း ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူ့ကို ပရိသတ် သိစေခဲ့တဲ့ ကာရိုက်တွေကတော့ ကျိမ်စာပြယ် ဒဏ္ဏာရီ ဇာတ်လမ်းတွဲထဲက “ သော်သော်စစ် ”၊ ပျားရည်အိုင် ဇာတ်လမ်းတွဲထဲက “ ဖေမြိုင် ”၊ နှင်းဆီဇာတ်လမ်းတွဲထဲက “ ဇော် ”၊ တတိယမြောက်ဆုံမှတ် ဇာတ်လမ်းတွဲထဲက “ စွမ်းရည် ” စတဲ့ ကာရိုက်တာတွေဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုပ်သံဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ကားကြီး၊ ဗီဒီယို ဇာတ်ကားတွေရိုက်ကူးနေတာကို တွေ့ရပါတယ်။ အဲဒီနောက် တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရသူပါ။ သူ့ကို အားပေးတဲ့ ပရိသတ်တွေထဲမှာတော့ မိန်းကလေးပရိသတ်က ပိုများပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က