အရမ်းပျော်နေတာ တွေ့ရပါတယ်။

ပိုပိုက သူမကိုယ်တိုင်အားပေးခဲ့ရတဲ့ အဆိုတော် ဇော်ဝင်းထွဋ်၊ အဆိုတော် ကော်နီတို့နဲ့ သီချင်းအတူတူဆိုခွင့်ရလို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

Photo: Po Po

ပိုပိုက သူ့ထက် ဝါရင့်အဆိုတော်တွေဖြစ်တဲ့ ကော်နီ၊ ဇော်ဝင်းထွဋ်တို့နဲ့ အတူ ‘’သြော်..မိန်းမ’’ သီချင်းကို အတူတူဆိုခွင့်ရလို့ ပျော်နေပါတယ်။ ပွဲအတူတူ တက်ခဲ့တာကြောင့် ဆိုဖြစ်သွားတယ်လို့ သိရပါတယ်။

‘’အခုလို ကိုယ့်ထက် အများကြီး ဝါရင့် သမ္ဘာရင့် အဆိုတော်တွေနဲ့ အတူဆိုခွင့်ရတော့လေ နွေးထွေးမှု လဲ ခံစားရသလို အရမ်းပျော်တယ်။ ဘဝ ပထမဆုံး ဦးညီထွဋ်နဲ့ တီကော်နီနဲ့ အတူငယ်ငယ်ကတည်းက အရမ်း ကြိုက်ရတဲ့သီချင်းလေး အာမို ပွဲမှာ ဆိုခွင့်ရတာ အရမ်းပျော်ရသလို ထူးခြားတဲ့ အမှတ်တရ လေးပါ’’ ဆိုပြီးတော့ ပိုပို့ ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇွန်လ ၂၁ ရက်နေ့ ည ၉ နာရီကျော်က ရေးသားထားတာ တွေ့ရပါတယ်။


Photo: Po Po

အဆိုတော် ဇော်ဝင်းထွဋ်ကတော့ ဒီနေ့ အချိန်ထိ သီချင်းတွေ ဆိုနေတုန်းပါပဲ။ သူ့ကိုတော့ Rock ဘုရင် တစ်ဦးအဖြစ် တင်စားခေါ်ဝေါ်ကြပါတယ်။ သူ့ရဲ့ ဂီတသက်တမ်းသာ နှစ် ၄၀ ခန့်ရှိပြီဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းတိုင်းကလည်း အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ဇော်ဝင်းထွဋ်ဟာ မြန်မာသံစဉ်ဝါရင့်အဆိုတော် ထား ရဲ့ သားတစ်ယောက်ပါ။ ဂီတမျိုးစက်နဲ့ ပတ်သက်ပြီး ဇော်ဝင်းထွဋ်ရဲ့ သား အီတိုးကလည်း ဂီတအလုပ်တွေ လုပ်နေတာ တွေ့ရပါတယ်။


Photo: Po Po

ကော်နီကိုတော့ ကိုကိုချစ်ရေ ဆိုတဲ့ သီချင်းနဲ့ ပရိသတ်အများကြီးတို့ရဲ့ အားပေးမှုကို ရရှိလာသူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ထူးခြားမှုကတော့ အသံပါဝါအား အရမ်းကောင်းသူ တစ်ယောက်ပါ။ ဒီနေ့ အချိန်ထိလည်း ဂီတအလုပ်တွေ အဆက်မပြတ် လုပ်ကိုင်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ခေတ်လူငယ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျတဲ့ ကော်နီရဲ့ သီချင်းလေးကတော့ တေးရေး ဝေကြီးရေးပေးထားတဲ့ ‘’ဆေး’’ ဆိုတဲ့ သီချင်းဖြစ်ပါတယ်။

Photo: Po Po

ဂီတလောကမှာ နေရာတစ်နေရာရရှိလာတဲ့ ပိုပိုဟာ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားသူဖြစ်ပါတယ်။

သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ သူမပါဝင်ထားတဲ့ ကြောက်ကြောက်ကြောက် ရုပ်ရှင်ဇာတ်ကားကြီး ဟာ လည်း ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Share

Loading Next Article...
က္က