Photo - Yangon Region Government
ဇေကမ္ဘာဝင်းအတွင်းက မင်္ဂလာဒုံဥယျာဉ် အိမ်ယာဂိတ်ပေါက်တွေမှာ ယာဉ်ဖြတ်သန်းခ ကောက်ခံ နေမှုတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေနဲ့ အညီ တားမြစ်ဆောင်ရွက်မယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောလိုက်ပါတယ်။
Photo - Yangon Region Government
ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာကျင်းပတဲ့ ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ အဋ္ဌမပုံမှန် အစည်းအဝေးမှာ မြောက်ဥက္ကလာမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင်ရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့တာလည်း ဖြစ်ပါတယ်။
ရွှေပေါက်ကံမြို့သစ် ရပ်ကွက်၊ အဓိကဝင်ပေါက်၊ ထွက်ပေါက်များဖြစ်တဲ့ ဗိုလ်တေဇလမ်း (A1) ထိပ်ဂိတ်၊ မင်္ဂလာဒုံ ဥယျာဉ် အိမ်ယာဂိတ်၊ အိုးအိမ်ဂိတ်နဲ့ ညောင်ရမ်းလမ်းထိပ် တွေမှာ စည်းကမ်းမဲ့စွာ ကားဖြတ်သန်းခ ငွေကြေးတွေ ကောက်ခံနေမှုကို စစ်ဆေးတားမြစ်ရန် အစီအစဉ်ရှိ၊ မရှိကို သိလိုပကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစ်းအဝေးမှာ မေးမြန်းခဲ့ပါတယ်။