ဂွန်ဒိုဂန်က ဒီပွဲမှာ ခြေစွမ်းပြခဲ့ပေမယ့် အဆုံးမှာတော့ ဒီလိုမျိုးအဖြစ်နဲ့ ကြုံတွေ့ခဲ့ရတာပါ။

မန်စီးတီးအသင်းခေါင်းဆောင် ဂွန်ဒိုဂန်ဟာ ယူနိုက်တက်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အသင်းရရှိခဲ့တဲ့ နှစ်ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲအပြီး ဆုတံဆိပ်တွေ ချီးမြှင့်ချိန်၊ အောင်ပွဲခံချိန်မှာတော့ ဒီဂျာမနီလက်ရွေးစင်ဟောင်းက ဆုတံဆိပ်ကို ချိတ်ဆွဲထားတာမျိုး မမြင်တွေ့ခဲ့ရပါဘူး။



အခြားသော ကွင်းလယ်လူတစ်ယောက်ဖြစ်တဲ့ ဒီဘရိုင်းလည်း အစောပိုင်းမှာ ဆုတံဆိပ် မရရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒီဘရိုင်းက ဆုတံဆိပ်ကို လည်ပင်းမှာဆွဲရင်း အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဂွန်ဒိုဂန်ဟာ အသင်းခေါင်းဆောင်တစ်ယောက်အဖြစ် ဆုဖလားကို လက်ခံခဲ့တာကြောင့် နောက်ဆုံးမှသာ ဆုတက်ယူခဲ့တာပါ။

ဒါပေမယ့် သူ ဆုတံဆိပ် လက်ခံရယူမယ့်အချိန်မှာတော့ ဆုတံဆိပ်မရှိတော့ဘဲ ဂွန်ဒိုဂန်တစ်ယောက် အက်ဖ်အေဖလားကို ကိုင်မြှောက်ခဲ့ရတာဖြစ်ပါတယ်။ အသင်းက လူငယ်ကစားသမားတွေဖြစ်တဲ့ ရီကိုလူးဝစ်၊ ကိုးလ်ပါးလ်မားနဲ့ ရာသီတစ်လျှောက်လုံး ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ ကီဗင်ဖီးလစ်တို့ကအစ ဆုတံဆိပ်ရရှိချိန်မှာ ဂွန်ဒိုဂန်တစ်ယောက် အခုလိုဖြစ်ခဲ့တာ ပရိသတ်တွေအတွက် ပြောစရာဖြစ်ခဲ့ရပါတယ်။

ပရိသတ်တွေက “ဂွန်ဒိုဂန်က အသင်းခေါင်းဆောင်လည်းဖြစ်တယ်၊ နှစ်ဂိုးလည်းသွင်းတယ်၊ အကောင်းဆုံး ကစားသမားဆုလည်းရရှိခဲ့ပြီး သူ့အလှည့်ကျမှ ဆုတံဆိပ်မရှိတော့တာ သနားစရာပါ” “ဗိုလ်လုပွဲမှာ ဂွန်ဒိုဂန်အတွက် အဆိုးရွားဆုံးအချက်က ဆုတံဆိပ်မရခဲ့တာပါ။ သူ့ကို ပေးဖို့ ဆုတံဆိပ်ကုန်သွားလို့တဲ့ဗျာ။ ဒါမျိုးက ဘယ်လိုများဖြစ်ရတာလဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဂွန်ဒိုဂန်ဟာ အဆိုပါ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ပွဲအစ (၁၃) စက္ကန့်ကတည်းက အသင်းအတွက် ဦးဆောင်ဂိုးကို ဧရိယာအပြင်ကနေ လှလှပပသွင်းယူခဲ့ပါတယ်။ ဒါ့အပြင် တစ်ဂိုးစီသရေကျနေချိန် ဒုတိယပိုင်းမှာလည်း အသင်းအတွက် အနိုင်ဂိုးကို ဧရိယာအပြင်ဘက်ကနေ ဘယ်ခြေနဲ့ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က