ယူနိုက်တက်ကို နိုင်တဲ့ပွဲအပြီးမှာ ပြောကြားခဲ့တာပါ။

ဘရိုက်တန်နည်းပြ ရော်ဘတ်တို ဒီဇာဘီကတော့ ဘောလုံးလောကမှာ ဘုရားသခင်ဆိုတာရှိကြောင်း၊ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ သူတို့ အနိုင်ရရှိဖို့ ထိုက်တန်ခဲ့ပေမယ့် ပင်နယ်တီနဲ့ အရေးနိမ့်ခဲ့တာကြောင့် မနေ့ညကပွဲမှာ ပင်နယ်တီနဲ့ ပြန်နိုင်တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။



မနေ့ညက ဘရိုက်တန်အိမ်ကွင်းမှာ ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ပွဲမှာ လုခ်ရှောရဲ့ နောက်ဆုံးမိနစ် လက်ထိဘောကြောင့် ဘရိုက်တန်တို့ ပင်နယ်တီရရှိခဲ့ပြီး ဒီပင်နယ်တီကို မက်အယ်လစ္စတာက အမှားအယွင်းမရှိ ကန်သွင်းခဲ့ပါတယ်။ ဒီသွင်းဂိုးကြောင့်ပဲ ဘရိုက်တန်တို့ ယူနိုက်တက်ကို ဒီရာသီ ပရီးမီးယားလိဂ်မှာ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့လုံး အနိုင်ရရှိခဲ့ပါတယ်။

အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာတော့ ယူနိုက်တက်တို့ ဘရိုက်တန်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်ထားပါတယ်။ ဒီအပေါ်မှာ ဘရိုက်တန်နည်းပြ ဒီဇာဘီက “ဘောလုံးလောကမှာ ဘုရားသခင်ဆိုတာရှိပါတယ်။ ကျွန်တော်တို့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ အနိုင်ရဖို့ ထိုက်တန်ခဲ့ပေမယ့် ပင်နယ်တီနဲ့ အရေးနိမ့်ခဲ့ပါတယ်”

“အခု ဒီနေ့တော့ ကျွန်တော်တို့ ပင်နယ်တီနဲ့ ပြန်နိုင်ခဲ့ပါပြီ။ နှစ်ပွဲလုံးမှာ ကျွန်တော်တို့ ယူနိုက်တက်ထက် ပိုကောင်းခဲ့ပါတယ်။ အက်ဖ်အေဖလားပွဲက ရလဒ်က ကျွန်တော်တို့အတွက် တရားမျှတမှုမရှိပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

ဒီဇာဘီဟာ အယ်လစ္စတာရဲ့ ပင်နယ်တီကို ကြည့်ရှုခဲ့ခြင်းမရှိဘဲ မျက်နှာလွှဲခဲ့ပြီး ဒီအပေါ်မှာ “ဒါက အရမ်းကို ခက်ခဲတဲ့ အခိုက်အတန့်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဘရိုက်တန်ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ ယူနိုက်တက်ကို အနိုင်ယူအပြီးမှာ အဝတ်လဲခန်းအတွင်း အကြီးအကျယ် အောင်ပွဲခံခဲ့ပြီး ဒါဟာ “ဖလားရသလို အောင်ပွဲခံတာဖြစ်တယ်” လို့ ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ 

Share

Loading Next Article...
က္က