မနေ့ညက ကစားခဲ့တဲ့ မန်စီးတီးနဲ့ ချဲလ်ဆီးတို့ရဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာတော့ မန်စီးတီးက ဘာနာဒိုဆေးလ်ဗားရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးက အပိုင်အခွင့်အရေးအချို့ရရှိခဲ့ပေမယ့် ဂျက်ဆင်က ဒါတွေကို အသုံးမချနိုင်ခဲ့ပါဘူး။
ဒါ့အပြင် ဒုတိယပိုင်းမှာ ကိုးလ်ပါးလ်မားရဲ့ ပြစ်ဒဏ်ဘောကန်ချက်က ဂရီလစ်ရှ်ရဲ့ လက်နဲ့ ထိခဲ့ပေမယ့် ချဲလ်ဆီးတို့ ပင်နယ်တီ မရရှိခဲ့ပါဘူး။ ဒီဖြစ်ရပ်မှာ လူတံတိုင်းကာထားတဲ့ ဂရီလစ်ရှ် ခုန်ချိန်မှာ သူ့လက်နဲ့ ထိခဲ့တာဖြစ်ပြီး ဘောလုံးက သိသိသာသာ လမ်းကြောင်းပြောင်းသွားခဲ့ပါတယ်။
ဒီဖြစ်ရပ်အတွက် VAR ရဲ့ အဆုံးအဖြတ်ကို ခံယူခဲ့ပေမယ့် ပင်နယ်တီလည်း မပေးခဲ့သလို ထောင့်ကန်ဘောတောင်မှ မရရှိခဲ့ပါဘူး။ ဒီအချိန်မှာ ဂိုးမရှိသရေကျနေဆဲအချိန်ဖြစ်ပြီး ချဲလ်ဆီးတို့အတွက် ဦးဆောင်ဂိုးရရှိဖို့ အခွင့်အရေးကောင်းတစ်ရပ်ဖြစ်ခဲ့တာပါ။
ဒါပေမယ့် သိသာထင်ရှားတဲ့ ဒီလက်ထိဘောကို ကွင်းလယ်ဒိုင်ရော၊ VAR ရောက ငြင်းဆန်ခဲ့တာကြောင့် ချဲလ်ဆီးတို့အတွက် နစ်နာခဲ့ရပါတယ်။ ချဲလ်ဆီးကစားသမားတွေကလည်း ဒီဖြစ်ရပ်မှာ ပင်နယ်တီရဖို့အတွက် ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာကို ဝိုင်းဝန်းစောဒကတက်ခဲ့ပေမယ့် ဆုံးဖြတ်ချက်က တစ်စုံတစ်ရာ မပြောင်းလဲခဲ့ပါဘူး။
ပရိသတ်အချို့ကတော့ “သတင်းထူးပါ။ လက်ထိဘောက ဝင်ဘလေကွင်းထဲမှာ တရားဝင်ဖြစ်သွားပါပြီ” ရိသဲ့လှောင်ပြောင်ခဲ့ကြပါတယ်။ ဒီရှုံးပွဲကြောင့် ချဲလ်ဆီးတို့ အက်ဖ်အေဖလားကနေ ထွက်ခဲ့ရပြီး လက်ရှိဘောလုံးရာသီမှာ ဖလားလက်မဲ့ဖြစ်ဖို့ သေချာသွားခဲ့ပါပြီ။