ဒါကို Single တွေပဲ သိမှာပါတဲ့။

သရုပ်ဆောင်ဖူးစုံက ချစ်သူမရှိသေးတဲ့ တစ်ကိုယ်တည်း အပျိုကြီးဖြစ်ပါတယ်။ အိမ်ထောင်ပြုဖို့အတွက်ကတော့သူမကိုယ်တိုင်ကလည်း စိတ်ဝင်စားမှု မရှိသေးဘူးလို့ဆိုပါတယ်။

Photo: Phu Sone

ဖူးစုံက သူမအတွက်တော့ အိမ်ထောင်ရေးဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့ အရာ မဟုတ်ဘူးလို့ ဆိုပါတယ်။ တစ်ယောက်တည်းနေရလို့လည်း ဘာမှ မဖြစ်ဘူးလို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’ လူတစ်ယောက်က မနက်ဖြန်တောင် ဘာဖြစ်မလဲ မသိတာ ယောကျ်ားမယူဘူး ဆိုတဲ့အထဲမှာလည်း ကိုယ်မပါဘူး။ အိမ်ထောင်ပြုရတော့မယ် ဆိုတဲ့ စိတ်မျိုး ထည့်ထားတဲ့ လူတွေထဲမှာလည်း မပါဘူး။ အဲဒီ နှစ်ခုရဲ့ ကြားထဲမှာပဲပေါ့နော်။ လူတွေကပြောကြတယ် မိန်းကလေးဆိုတာ မျိုးက တစ်ယောက်တည်းနေလို့ မသင့်တော်တာမျိုးတွေလည်း မရှိဘူး။ အဲဒါမျိုးတွေလည်း စိတ်မဝင်စားဘူး’’ လို့ သူကဆိုပါတယ်။

Photo: Phu Sone

အဲဒီနောက် Single ဘဝတွေရဲ့ ပျော်ရွှင်မှုကို Single သမားတွေသာ အသိဆုံးပဲလို့ ဖူးစုံက ရယ်ရယ်မောမော ပြောပြလာပါသေးတယ်။

‘’ တစ်ယောက်တည်းနေတဲ့ သူကပဲ တစ်ယောက်တည်းနေရတဲ့ အရသာကို ပျော်ပျော်ရွှင်ရွှင်ကြီး ထဲထဲဝင်ဝင်ခံစားတတ်တာ။ ကျန်တဲ့သူတွေကို ပြောလို့ရှိရင်လည်း နားလည်တဲ့သူတွေရှိသလို နားမလည်တဲ့ သူတွေလည်း ရှိမှာ။ သေချာတာကတော့ FA တစ်ယောက်ရဲ့ ဘဝက ကိုယ့်ကိုယ်ကိုယ် ပိုင်တာ အဲဒါပါပဲ’’ ဇွန်လ ၂၀ ရက်နေ့က ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရဲ့ မွေးနေ့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Phu Sone

ဖူးစုံဟာ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ခံယူချက်သဘောထားတွေကို မီဒီယာ အင်တာဗျူးတွေမှာ အမြဲတမ်း ဖြေဆိုပေးခဲ့သူတစ်ယောက်ပါ။ လက်ရှိမှာလည်း ချစ်သူမထားသလို သူမဘဝကိုလည်း အကောင်းဆုံး ရပ်တည်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

‘’ ကိုယ်ရတဲ့ ဘဝကိုတော့ လူတိုင်းက အကောင်းဆုံး ကြိုးစားကြတာပဲလေ။ Single Life ဆိုလည်း Single Life ၊ Married Life ဆိုလည်း Married Life ပေါ့ ကိုယ့်ဘဝကိုယ်တော့ အကောင်းဆုံးကြိုးစားကြမှာပေါ့နော်။ ကိုယ်ကတော့ ကိုယ့်ရဲ့ အခု လက်ရှိဘဝကို ကျေနပ်တယ်’’ လို့ဆိုပါတယ်။

Photo: Phu Sone

ဖူးစုံကိုတော့ ပရိသတ်တွေက ဗီဒီယိုဇာတ်ကားတွေ၊ Music Video တွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာပါ။ သူမရဲ့ အနုပညာသက်တမ်းကလည်း ဆယ်စုနှစ်တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။ အဲဒီနောက် နှင်းဆီအငြိမ့် အဖွဲ့မှာလည်း ပင်တိုင်မင်းသမီး တစ်ယောက်အဖြစ် ပါဝင်ကပြဖျော်ဖြေနေတာကိုလည်း တွေ့ရပါတယ်။ 

Share

Loading Next Article...
က္က