password ပြောင်းဖို့မလိုဘူးလို့ဆိုပါတယ်

အင်္ဂါနေ့က စတင်တွေ့ရှိခဲ့ရတဲ့ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် Facebook သုံးစွဲသူ အကောင့်ပေါင်း သန်း ၅၀ ရဲ့ အချက်အလက် ပေါက်ကြားမှုနဲ့ကြုံနေတယ်လို့ထုတ်ပြန်ထားပါတယ်။

security1.png

Photo: Facebook Newsroom

 

တိုက်ခိုက်သူ ဟက်ကာတွေဟာ user တွေရဲ့ အကောင့်ကို ထိန်းချုပ်ဖို့အတွက် View As လိုမျိုး feature မှာ ပါဝင်တဲ့ လုံခြုံရေးဟာကွက်ကနေ ဝင်ရောက်ခဲ့တာလို့ ကုမ္ပဏီက ဆိုပါတယ်။ View As ဟာ Facebook သုံးစွဲသူရဲ့ profile ဟာ တစ်ခြားဘယ်သူနဲ့ဆင်တူသလဲဆိုတာကို ကြည့်ရတဲ့ feature ဖြစ်ပြီး ဒီကနေမှ ဟက်ကာတွေဟာ အချက်အလက်တွေ ရယူသွားတာပါ။

ဟက်ကာတွေဟာ View As ကနေ သုံစွဲသူတွေရဲ့ အကောင့်ထဲ ဝင်ခွင့် access token တွေ ရယူသွားတာ ဖြစ်ပြီး တစ်ခါ log in ရသွားတာနဲ့Facebook app ထဲ အချိန်တိုင်း ပြန်ဝင်စရာ မလိုတော့ပါဘူး။ Facebook ရဲ့ ထုတ်ကုန်စီမံဒုက္ကဌ ဂိုင်းရိုဆင်ကတော့ ဒီဟာကွက်ကို ပြန်ဖာထားပြီး ဖြစ်သလို တိုက်ခိုက်ခံရတဲ့ အကောင့်တွေကိုပါ reset ချပေးပြီး ဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ သတိထားရတဲ့ အဆင့်အနေနဲ့ View As သုံးတဲ့ နောက်ထပ် အကောင့်ပေါင်း သန်း ၄၀ ကိုပါ Facebook မှ reset ချပေးထားတယ်လို့ဆိုပါတယ်။ တစ်နည်းအားဖြင့် ကမ္ဘာအဝှမ်း Facebook သုံးနေသူ သန်း ၉၀ ဝန်းကျင်ဟာ အကောင့်ထဲ ပြန် log in ဝင်နေရတော့မှာပါ။

Log in ဝင်ပြီးတာနဲ့ဒီအကောင့်ပိုင်ရှင်တွေဟာ News Feed မှာ သူတို့အကောင့်တွေ ဘာဖြစ်ခဲ့တယ်ဆိုတာကို အသိပေးတဲ့ noti ရမှာ ဖြစ်ပါတယ်။

Photo: Facebook Newsroom

 

"ဒီတိုက်ခိုက်ခံရမှုကို စပြီး စုံစမ်းကတည်းက ကျွန်တော်တို့မှာ ဒီအကောင့်တွေကို အသုံးချခံလိုက်ရသလား ၊ အချက်အလက်တွေရော ပါသွားသေးလားဆိုတာကို မသိရသေးပါဘူး။ နောက်တစ်ခုကလည်း ဒီတိုက်ခိုက်မှုနောက်မှာ ဘယ်သူတွေ ရှိနေတယ်ဆိုတာ မသိရသေးပါဘူး။ ဒီလို ဖြစ်ရတာတွေအတွက် စိတ်မကောင်းပါဘူးလို့" ဂိုင်ရိုဆင်က ဆိုပါတယ်။

Facebook အနေနဲ့ပြဿနာ တက်ခဲ့တဲ့ View As ကို ယာယီ ပိတ်သိမ်းထားပြီး လုံခြုံရေးအရ ပြန်ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။Facebook ကတော့ log in ပြန်ဝင်ဖို့တိုက်တွန်းခံရတဲ့ အကောင့်တွေအနေနဲ့password ပြန်ချိန်းစရာ မလိုဘူးလို့လည်း ကြေငြာထားပါတယ်။

သောကြာနေ့မှာပဲ Chang Chi-yuang ဆိုတဲ့ ဟက်ကာတစ်ဦးဟာ မတ်ခ်ဇူကာဘတ်ခ်ရဲ့ အကောင့်ကို ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ ဖျက်ပစ်မယ်လို့Live လွှင့်ပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ သူ့ရဲ့ Live ဖိုင်ကတော့ အဖျက်ခံထားရပါတယ်။

Photo: theguardian

 

လက်ရှိမှာ  ဒီတိုက်ခိုက်ခံရမှုကြောင့် Facebook ရဲ့ ရှယ်ယာဈေးဟာ ဒီတစ်ပတ်သောကြာတစ်ရက်တည်းမှာ ၃%ကျော် ကျဆင်းသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က