Airbus နဲ့ပူးပေါင်းပြီး ဆက်လက်လုပ်ဆောင်သွားမှာပါ

အင်တာနက်လိုင်းမမိတဲ့ ဒေသတွေအတွက် မျှော်လင့်ချက်ဖြစ်ခဲ့တဲ့ Facebook ရဲ့ ဆိုလာစွမ်းအင်သုံး ဒရုန်းစီမံကိန်းကတော့ နိဌိတံသွားခဲ့ပါပြီ။


 

လေထဲမှာ လပေါင်းများစွာ ပျံဝဲပြီး အင်တာနက်ကွန်ရက်ဖြန့်ကျက်နိုင်ဖို့စိတ်ကူးခဲ့တဲ့ Project Aquila အစီအစဉ်ကို Facebook ဟာ ၂၀၁၄ ကတည်းက စတင်အကောင်အထည်ဖော်ခဲ့တာပါ။ Project Aquila ဟာ မောင်းသူမဲ့ နေစွမ်းအင်သုံး ဒရုန်းများနဲ့အင်တာနက် မရတဲ့နေရာတွေမှာ ကောင်းကင်ကနေ အင်တာနက် လိုင်းဖြန့်ပေးဖို့ရည်ရွယ်ခဲ့တာပါ။ Aquila ဒရုန်းကို  ၄ နှစ်အတွင်း ၂ ကြိမ် စမ်းသပ်ပျံသန်းခဲ့ရာမှာ ပထမဆုံးအကြိမ် ရာသီဥတုကြောင့် တောင်ပံတစ်ဖက် ပျက်စီးသွားခဲ့ပြီး ဒုတိယအကြိမ်ဖြစ်တဲ့ ပြီးခဲ့တဲ့နှစ် မေလကုန်ပိုင်းမှာတော့ အောင်မြင်စွာ ပျံသန်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။

Project Aquila ဖျက်သိမ်းလိုက်တဲ့ အကြောင်းနဲ့ပတ်သက်ပြီး Facebook ရဲ့ အင်ဂျင်နီယာဌာန ညွှန်ကြားရေးမှူး ယေးလ်မက်ဂူရီက "Bridgewater မှာရှိတဲ့ ကိုယ်ပိုင်ယာဉ်ပျံတည်ဆောက်ရေးကို ဆက်မလုပ်ဘဲ ပိတ်ပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော်တို့ဟာ ကမ္ဘာအရပ်ရပ် အင်တာနက်ကွန်ရက် ချိတ်ဆက်နိုင်ရေးအတွက် Airbus နဲ့ပူးပေါင်းပြီး လေကြောင်း ထိန်းချုပ်မှု ကွန်ပျူတာများ ၊ အရည်အသွေးမြင့် ဘက်ထရီများလိုမျိုး ဒီစနစ်ကြီးအတွက် လိုအပ်သမျှ နည်းပညာအားလုံးကို ဆက်လုပ်သွားမှာပါ။ "လို့ဆိုပါတယ်။

Airbus လေကြောင်းလိုင်းနဲ့ ပူးပေါင်းပြီး ဆက်လက် လုပ်ဆောင်သွားမယ့် ဒီစီမံကိန်းဟာ အင်တာနက်ဆက်သွယ်မှု မရရှိသေးတဲ့ ကမ္ဘာအရပ်ရပ်က လူပေါင်း သန်း ၄၀၀၀ အတွက် အင်တာနက်ကွန်ရက်ဖြန့်ကျက်ဖို့ရည်ရွယ်ထားတာပါ။

 

Facebook နဲ့အပြိုင် အင်တာနက်ကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Google ဟာလည်း Project Loon နာမည်နဲ့ကောင်းကင်ယံကနေ အင်တာနက်လိုင်းဖြန့်ဖြူးနိုင်မယ့် မိုးပျံပူပေါင်း စီမံကိန်းကို အကောင်အထည်ဖော်ခဲ့ပြီး ရက်ပေါင်း ၁၉၀ တောက်လျှောက် မိုးပေါ်ပျံပြီး အင်တာနက်ကွန်ရက် ဖြန့်ကျက်နိုင်ခဲ့တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က