'New','Way' ဆိုတဲ့ အဓိပ္ပါယ်နဲ့ပါ

Libra cryptocurrency အတွက် digital wallet တစ်ခုအဖြစ် နာမည်ပေးခဲ့တဲ့ Calibra ကို နာမည်သစ်ပြောင်းလိုက်ပြီလို့ Facebook က ကြေညာလိုက်ပါတယ်။

Facebook ဟာ Calibra ကို Novi အဖြစ် နာမည်ပြောင်းလိုက်တာ ဖြစ်တယ်လို့ အင်္ဂါနေ့က ကြေညာပါတယ်။ Novi ဆိုတာ လက်တင်စကား Novus နဲ့ Via တို့က လာတာ ဖြစ်ပြီး လမ်းသစ်လို့ အဓိပ္ပါယ်ရပါတယ်။ Novi Financial ဟာ digital wallet ပိုင်း ဖွံ့ဖြိုးမှုလုပ်ပေးမယ့် Facebook လက်အောက်ခံလုပ်ငန်းတစ်ခုရဲ့ နာမည်သစ် ဖြစ်လာမယ်လို့ The Verge သတင်းက ဆိုပါတယ်။



Photo: Innovation Village


Calibra ရဲ့ မူလ လိုဂိုပုံစံဟာ Current လို့ခေါ်တဲ့ startup bank တစ်ခုရဲ့ လိုဂိုနဲ့ ဆင်တူနေတာကြောင့် ကုန်အမှတ်တံဆိပ် ချိုးဖောက်မှုနဲ့ တရားစွဲခံထားရပါတယ်။ Calibra လိုဂိုဒီဇိုင်း ရေးဆွဲပေးခဲ့တဲ့ Character အေဂျင်စီဟာ Current အတွက်ပါ လိုဂိုဒီဇိုင်း ရေးဆွဲပေးခဲ့တဲ့ ကုမ္ပဏီ ဖြစ်နေပါတယ်။ Facebook ဟာ နိုင်ငံတကာငွေကြေးအားလုံးကို Libra coin ပေါ်မူတည်ပြီး ဈေးနှုန်း သတ်မှတ်သွားဖို့ လုပ်ခဲ့ပေမယ့် အခုချိန်မှာတော့ Libra ငွေကြေးစနစ်မှာ ပူးပေါင်းဖို့ သီးခြားငွေကြေးတွေကိုလည်း digital coins အများအပြားနဲ့ နှုန်းထားအတိုင်း ထားရှိဖို့ စီစဉ်နေပါတယ်။

Novi ဝက်ဘ်ဆိုက်အရ ကနဦးအနေနဲ့ဒီလို လဲလှယ်နိုင်တဲ့ ငွေကြေးမှာ အမေရိကန်ဒေါ်လာ ၊ ဗြိတိန်ပေါင်နဲ့ ယူရိုငွေကြေးတွေ ပါဝင်မယ်လို့ ဆိုပါတယ်။ Novi ဖောက်သည်အားလုံးကို အစိုးရမှ ထုတ်ပေးတဲ့ ID နဲ့စိစစ်သွားမှာ ဖြစ်သလို app ထဲမှာလည်း ငွေကြေးလိမ်လည်မှုတွေ ကာကွယ်တဲ့စနစ်တွေ တစ်ပါတည်း ထည့်သွင်းထားမယ်လို့ ကြေညာပါတယ်။ Novi နဲ့ Libra တို့ ရှေ့ဆက်လက် လုပ်ဆောင်မယ့်ပုံစံကတော့ အပြောင်းအလဲ မရှိဘူးလို့ Facebook က ဆိုပါတယ်။

Photo: Bloomberg

Libra ပ‌ရောဂျက်ဟာ ပိုက်ဆံ ပေးပို့မှုကို မက်ဆေ့တစ်စောင် ပေးပို့သလောက် လွယ်အောင် လုပ်ဖို့ ရည်ရွယ်ထားတာပါ။ Novi ကို standalone app အဖြစ်ရော WhatsApp နဲ့ Messenger စာပို့ဝန်ဆောင်မှုတွေနဲ့ ပေါင်းပြီး ဒီထဲက ကိုယ့်ရဲ့ အဆက်အသွယ် contact တွေဆီပါ ပိုက်ဆံ ပေးပို့နိုင်တဲ့ ဗားရှင်းတစ်ခုပါ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ သုံးစွဲသူတွေဟာ ၂၄ နာရီတစ်ပတ်လုံး chat အခြေပြု support စနစ်ကို သုံးနိုင်မှာ ဖြစ်ပါတယ်။

Facebook ရဲ့ ဒီဂျစ်တယ်ငွေကြေးစီမံကိန်းဟာ အဖွဲ့ဝင် ကုမ္ပဏီ ၂၈ ခုနဲ့ ကနဦး ဖွဲ့စည်းခဲ့ပေမယ့် အဖွဲ့ဝင်အရေအတွက်ရဲ့ လေးပုံတစ်ပုံခန့် နှုတ်ထွက်တာနဲ့ ကြုံခဲ့ရပါတယ်။ Libra ပရောဂျက်ဟာ ငွေကြေးခဝါချနိုင်ခြင်း ၊ ဘဏ္ဍာရေးတည်ငြိမ်မှု ယိမ်းယိုင်စေနိုင်ခြင်း စတဲ့ စိုးရိမ်မှုတွေကြောင့် အမေရိကန်နိုင်ငံရေးသမားတစ်ချို့က ပရောဂျက်ရပ်တန့်ဖို့ ဖိအားပေးတောင်းဆိုမှုများ ရှိခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က