ဒါတွေ သိထားဖို့လိုပါတယ်

Facebook ပေါ်မှာ ဒီအတိုင်း share လိုက်တဲ့ အချက်အလက်ဟာ မသမာသူတွေ အသုံးချစရာ ဖြစ်သွားနိုင်ပါတယ်။


လူမှူကွန်ရက် သုံးစွဲခြင်းဟာ လူတွေရဲ့ ဆက်သွယ်ရေး ပုံစံနဲ့အသိအမြင်ကူးလူးမှူတွေအပေါ် အများကြီး သက်ရောက်တာ ကျွန်တော်တို့မျက်မြင်ကိုယ်တွေ့ပါပဲ။ ဒါပေမယ့် Social Network တွေရဲ့ အမှောင်ခြမ်းမှာလည်း တစ်ချို့သူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေဟာ အသုံးချခံ ဖြစ်နေပါတယ်။

Facebook ပေါ်မှာ လူပေါင်း ၈၇ သန်းကျော်ရဲ့ အချက်အလက်တွေ ရယူသွားတဲ့ Cambridge Analytica ဖြစ်ရပ်ကနေ ဒီနေ့ကိုယ့်အသိုင်းအဝိုင်းထဲမှာတင် လူမှူကွန်ရက်ပေါ်က အချက်အလက်မုဆိုးတွေ ဒုနဲ့ဒေးရှိနေတာကြောင့် Facebook သုံးရင်း Privacy ကို ဘယ်လို ထားသင့်သလဲဆိုတာ အကြံပြုချင်ပါတယ်။


(၁) Quiz app တွေ သတိပြုပါ

Photo: CNBC


ဟာသတွေ ၊ ဉာဏ်စမ်း Quizz app တွေနဲ့ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ (ဥပမာ- ဗေဒင် ၊ မွေးလနဲ့စိတ်နေသဘောထား ၊ သွေးအုပ်စုနဲ့စရိုက်သဘာဝစသည်) app တွေဟာ လူမှူကွန်ရက်မှာ ငါးစာအဖြစ် မျှားတတ်ကြပါတယ်။

Cambridge Analytica မှာဆိုရင်လည်း This is Your Digital Life ဆိုတဲ့ app သုံးပြီး Facebook profile တွေ သူတို့သူငယ်ချင်းတွေနဲ့လှူပ်ရှားမှူတွေ အပါအဝင် ကိုယ်ရေး အချက်အလက်တွေ ယူသွားခဲ့တာပါ။ ဒါကြောင့် Third-Party appတွေ Facebook ပေါ် တွေ့ရင် မသုံးဘဲ ရှောင်သင့်ပါတယ်။


(၂) Privacy Settings ပြောင်းပါ

Photo: CNBC


Facebook ပေါ်မှာ Privacy Settings တွေ အများကြီး ရှိပါတယ်။ Settings ထဲကမှ Privacy ကို သွားကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ ပို့စ်တွေ ၊ ဖုန်းနံပါတ် ၊ သူငယ်ချင်း လက်ခံမှူ စတာတွေ ဘယ်လို လူတွေကို ပြမလဲဆိုတာ ရွေးလို့ရပါတယ်။

ဒီ data တွေကို ကိုယ်တစ်ယောက်တည်းပဲ မြင်လို့ရအောင် ပြောင်းထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အပေါ်မှာ ပြောခဲ့တဲ့ Quizz App တွေကို ကိုယ့်သူငယ်ချင်းတစ်ယောက်ယောက်က သုံးရင် သူ့ Friend List ထဲက လူတွေပါပေးသွားတာကြောင့် ဖြစ်ပါတယ်။


(၃) ဘယ်သူတွေနဲ့သူငယ်ချင်း ဖြစ်နေလဲ


Photo: CNBC

ကိုယ့်ရဲ့ Friend Lists ကို စိစစ်သုံးသပ်ပါ။ ကိုယ်နဲ့သူငယ်ချင်းဖြစ်နေတဲ့သူတွေက တကယ် စိတ်ချရလား။ တကယ်လို့ကိုယ့်Friend တွေသာ Privacy Settings မှာ private သုံးမနေရင် ကိုယ့်ကို လာTag လုပ်တဲ့ ပုံတွေ ပို့စ်တွေကို တစ်ခြားသူတွေ မြင်နိုင် ပြန် Share နိုင်မှာပါ။

အကောင်းဆုံးက ကိုယ်နဲ့တကယ် သိပြီး စိတ်ချယုံကြည်ရသူကိုပဲ Facebook မှာ သူငယ်ချင်း ထားသင့်ပါတယ်။


(၄) Third-Party apps တွေ မသုံးမိအောင် ရှောင်ပါ

Photo: CNBC


Facebook ကနေတစ်ဆင့် ဂိမ်းတွေ နောက်ပြီး တစ်ခြား apps တွေ သွင်းဖို့လာပြီး ဆွဲဆောင်တာတွေ ရှိပါလိမ့်မယ်။ အဲသလိုမျိုး apps တွေဟာ စိတ်မချရတဲ့အပြင် ဒီလို apps တွေထဲ ဝင်မယ်ဆိုရင် ကိုယ့်ရဲ့ အချက်အလက်တွေ ၊ usernames တွေ သူငယ်ချင်းစာရင်းတွေ စတဲ့ အချက်အလက်တွေ ပေးရပါတယ်။

ဒါကြောင့် Settings ထဲက Apps ဆိုတာလေး ရွေးပြီး Manage လုပ်လို့ရပါတယ်။ တစ်ချို့apps တွေကတော့ ကိုယ့်ရဲ့ အချက်အလက်ပဲ ပေးဖို့လိုပြီး သူငယ်ချင်း Listတို့အီးမေးလ်လိပ်စာတို့ ပေးစရာမလိုပါဘူး။


(၅) လုံခြုံရေး မြှင့်ပါ


Photo: CNBC

နောက်ဆုံးတစ်ခုက Facebook Security ကို အဆင့်မြှင့်ထားဖို့ပါပဲ။ ကိုယ်သုံးနေကျ မဟုတ်တဲ့ browser. တစ်ခုခု Device တစ်ခုခု ကနေ ကိုယ့် Facebook အကောင့် သုံးနေရင် အသိပေးဖို့Two-

Factor Authentication ပြောင်းထားသင့်ပါတယ်။

ဒီနည်းလမ်းဟာ အပြည့်အဝ အာမခံလို့မရပေမယ့် တစ်ခြားနေရာကနေ ကိုယ့်အကောင့်ကို ယူလို့မရအောင်တော့ ကာကွယ်ပေးနိုင်ပါတယ်။ ဒီလို လုပ်ဖို့အတွက် Settings ထဲမှာပါတဲ့ Security and Login ကနေ တစ်ဆင့် Setting Up Extra Security ထဲ ဝင်ပြင်နိင်မှာပါ။


Share

Loading Next Article...
က္က