ကန်ဒေါ်လာ ၁ ဘီလျံကျော် အကုန်အကျ ခံထားပါတယ်။

အလုပ်အကိုင် ရာပေါင်းများစွာဖန်တီးပေးမယ့် ၁၁ ထပ်အမြင့်ရှိ ဒေတာစင်တာတစ်ခုကို Facebook ဟာ စကာၤပူမှာ တည်ဆောက်သွားမယ်လို့ကြေငြာလိုက်ပါတယ်။

fb-dc2.jpg

Photo: ZDNet

 

စကာၤပူဒေါ်လာ ၁.၄ ဘီလျံကျော် အကုန်အကျခံ တည်ဆောက်မယ့် ဒီအဆောက်အဦးဟာ အာရှမှာ ပထမဆုံး Facebook ရဲ့ ဒေတာစင်တာလည်း ဖြစ်ပါတယ်။ စကာၤပူအနောက်ပိုင်း Tanjong Kling ဒေတာစင်တာပါ့ခ်မှာ တည်ရှိတဲ့ ဒီဆောက်အဦးဟာ စတုရန်းမီတာ ၁ သိန်း ၇ သောင်း ကျယ်ဝန်းမယ်လို့ဆိုပါတယ်။

Facebook ရဲ့ စကာၤပူမှာ ဆောက်လုပ်သွားမယ့် ဒေတာစင်တာဟာ ၁၁ ထပ်ပါရှိပြီး တည်ဆောက်မှုအနေအထားအရ  လာမယ့် ၂၀၂၂ ခုနှစ်မှာ ဖွင့်လှစ်နိုင်မယ်လို့ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ Facebook ရဲ့ အခြေခံအဆောက်အဦ ဒေတာစင်တာများ ဒုဥက္ကဌ တောမတ်ဖာလောင်ကတော့ ဒီပရောဂျက်ကနေ ဆောက်လုပ်ရေးအလုပ်အကိုင် ထောင်ပေါင်းများစွာ ဖန်တီးပေးနိုင်မယ်လို့လည်း ဆိုပါတယ်။

ဒီဒေတာစင်တာဟာ ရေနဲ့စွမ်းအင်သုံးစွဲမှုကို လျှော့ချပေးနိုင်မယ့် StatePoint Liquid Cooling နည်းပညာကို ပထမဆုံးအသုံးပြုသွားမယ့် အဆောက်အဦလည်း ဖြစ်ပါတယ်။ ဒီနည်းပညာကိုတော့ Facebook နဲ့Nortek Air Solutions တို့ပူးပေါင်းပြီး တီထွင်ထားတာပါ။ စကာၤပူရဲ့ ပထဝီရာသီဥတုအရ ယခုဒေတာစင်တာဟာ မြေအောက် ရေ သုံးစွဲမှုကို ၂၀%လျှော့ချပေးနိုင်မယ်လို့ဆိုပါတယ်။။

Fortis Construction ကနေ တာဝန်ယူတည်ဆောက်ပေးမယ့် ယခု ဒေတာစင်တာဟာ လေဝင်လေထွက် လွယ်ကူကောင်းမွန်စေဖို့အထူးတည်ဆောက်သွားမှာ ဖြစ်ပြီး Facebook သုံးစွဲသူတွေ နေ့စဉ် တင်နေတဲ့ ပို့စ်တွေနဲ့ဗွီဒီယိုဖိုင်တွေကို သိမ်းဆည်းပေးသွားမှာပါ။

Photo: IT Pro Portal

 

စကာၤပူမှာ တည်ဆောက်သွားမယ့် အဆောက်အဦဟာ Facebook ရဲ့ ၁၅ ခု မြောက် ဒေတာစင်တာ ဖြစ်ပြီး အခြားဒေတာစင်တာများဟာ အမေရိကန် ၊ အိုင်ယာလန်နဲ့ဆွီဒင်စတဲ့ အနောက်နိုင်ငံတွေမှာ တည်ရှိနေပါတယ်။ အာရှမှာ နောက်ထပ် ဒေတာစင်တာ တည်ဆောက်ဖို့တော့ အစီအစဉ် မရှိသေးဘူးလို့ဆိုပါတယ်။

Share

Loading Next Article...
က္က