အချက်အလက်ကာကွယ်ရေးကို ရည်ရွယ်ချက်ရှိရှိနဲ့ကျူးလွန်နေတယ်လို့ပြောပါတယ်

     ယူကေပါလီမန်ရဲ့ အထူးစုံစမ်းစစ်ဆေးရေး ကော်မတီဟာ Facebook ကုမ္ပဏီကို ၁၈ လကျော်ကြာ စုံစမ်းလေ့လာပြီးနောက် နောက်ဆုံး အစီရင်ခံစာကို ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

         ဒစ်ဂျစ်တယ် ၊ ယဉ်ကျေးမှု ၊ မီဒီယာနဲ့အားကစားရေးရာ ကော်မတီ DCMS ဟာ Facebook နဲ့ဒီကုမ္ပဏီရဲ့ privacy မူဝါဒရေးရာပိုင်းတွေမှာ ကုမ္ပဏီကို ကိုယ်တိုင်စီမံအုပ်ချုပ်ခွင့်ပြုတော့မှာ မဟုတ်ဘဲ အစိုးရဘက်ကနေ ဝင်ရောက်စွက်ဖက်တော့မယ့် အချိန်ရောက်ပြီလို့အကြံပြုထားပါတယ်။ ဒီကော်မတီဟာ ပြီးခဲ့တဲ့နှစ်က Facebook ရဲ့ ခြိမ်းခြောက်မှုကြီး ၃ ခုကို တွေ့ရှိထားတယ်လို့ဆိုပါတယ်။



Photo: vox

         DCMS ရဲ့ အဆိုအရ Facbeook ဟာ သုံးစွဲသူအချက်အလက်ကာကွယ်ရေးဥပဒေတွေကို သိသိကြီးနဲ့ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက DCMS ဟာ Six4Three ဆိုတဲ့ ကုမ္ပဏီငယ်တစ်ခုထဲက အတွင်းရေးအ ချက်အလက်တွေကို သိမ်းဆည်းခဲ့ပြီးနောက် Facebook ကို စုံစမ်းခဲ့ပါတယ်။

         Six4Three ဟာ Facebook မှာ ကိုယ့်သူငယ်ချင်းတွေရဲ့ ပုံတွေကို ဘီကီနီဝတ်ထားတဲ့ ပုံတွေအနေနဲ့ရှာလို့ရတဲ့ Pinkini ဆိုတဲ့ app ကို ရေးခဲ့တာကြောင့် Facebook ကနေ ဖယ်ရှားခဲ့လိုက်ရတဲ့ app တစ်ခုလည်း ဖြစ်ပါတယ်။ Facebook ကနေ ကုမ္ပဏီရဲ့ ဝန်ဆောင်မှုစံနဲ့မကိုက်လို့ Pinkini ကို ဖြုတ်ချလိုက်ပြီးတဲ့ နောက်မှာ Six4Three ဟာ API အသုံးပြုမှုနဲ့Facebook ကို တရားစွဲခဲ့ပါတယ်။

         တရားတဘောင်ဖြစ်ချိန်မှာ Six4Three ဟာ Facebook ဆီက အချက်အလက်တွေ ရခဲ့ပြီးနောက် ယူကေပါလီမန်အဖွဲ့ဟာ Facebook ရဲ့ လုပ်ရပ်ဖြစ်တဲ့ developers တစ်ချို့ကို အချက်အလက် ဖြတ်တောက်နိုင်ပြီး ဆက်မလုပ်နိုင်အောင် ဖိအားပေးနိုင်တယ်ဆိုတဲ့ အချက်ပါ တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ Facebook ရဲ့ ယူကေဆိုင်ရာ အများပြည်သူမူဝါဒမန်နေဂျာ ကာရင်ပဲလန့်ကတော့ အချက်အလက်ကာကွယ်ရေးရော ပြိုင်ဆိုင်မှု ဥပဒေကိုပါ ချိုးဖောက်ခြင်း မရှိကြောင်း ငြင်းဆန်ထားပါတယ်။

Photo: PressFrom

         Six4Three မှ တင်ပြထားတဲ့ အထောက်အထားတွေကလည်း ဒီလိုထင်အောင်လုပ်ဖို့သီးသန့်ပေါက်ကြားစေတဲ့ အထောက်အထားပဲ ဖြစ်တယ်လို့ဆိုပါတယ်။ DCMS ကော်မတီကတော့ အစီရင်ခံစာမှာ ကျင့်ဝတ်ဥပဒေကို ဆိုရှယ်မီဒီယာတွေအနေနဲ့မဖြစ်မနေလိုက်နာဖို့၊ လွတ်လပ်တဲ့ ယူကေဥပဒေရေးရာအဖွဲ့အစည်းကနေ နည်းပညာကုမ္ပဏီတွေကို စောင့်ကြည့်ပြီး ဥပဒေအရ လိုအပ်သလို အရေးယူဖို့၊ လူမှုကွန်ရက်ကုမ္ပဏီပေါ်က ကြော်ငြာဈေးကွက်ကို ပွင့်လင်းမြင်သာတဲ့ စာရင်းစစ်တစ်ခု ထားရှိဖို့အကြံပြုထားပါတယ်။

         ဒီအချက်အပြင် Facebook ဟာ ဈေးကွက်ပြိုင်ဆိုင်မှု ဥပဒေတွေကို ချိုးဖောက်သလားဆိုတဲ့ အချက်နဲ့အစိုးရနဲ့ဥပဒေတွေဟာ နည်းပညာကုမ္ပဏီကြီးတွေကို ထိန်းကျောင်းဖို့အခွင့်အာဏာရှိတယ်လို့လည်း DCMS အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

         DCMS ရဲ့ သဘာပတိ ဒါမီယံကောလင်းကတော့ "ဒီမိုကရေစီဟာ မှားယွင်းတဲ့ သတင်းအချက်အလက် နဲ့အမျိုးအစား သတ်မှတ်လို့မရတဲ့ အရင်းအမြစ်တွေဆီက လာတဲ့ ပုဂ္ဂလိက dark advertising နဲ့နိုင်ငံသားတွေကို ဆက်တိုက်ပစ်မှတ်ထားနေတဲ့ အန္တရာယ်နဲ့တွေ့နေပါတယ်။အဓိကကတော့ ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ social media ပလက်ဖောင်းကြီးကနေ လာတာပါ" လို့မှတ်ချက်ပြုထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က