သောကြာနေ့မှာ စတင် မိတ်ဆက်ဖို့ရှိပါတယ်

သတင်းအဖွဲ့အစည်း ရာပေါင်းများစွာဆီက သတင်းအကြောင်းအရာတွေ စုစည်းပေးမယ့် News Tab တစ်ခုခုကို Facebook မှာ ထည့်သွင်း ဖြန့်ချိသွားမယ်လို့ဆိုပါတယ်။

အိမ်ဖြူတော်ဘဏ္ဍာရေးဝန်ဆောင်မှု ကော်မတီရှေ့မှောက်မှာ Facebook ရဲ့ အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ် ကြားနာစစ်ဆေးမှု လုပ်ချိန်မှာ ဒီသတင်းထွက်လာတာ ဖြစ်ပါတယ်။ Facebook ဟာ ABC News ၊ Dow Jones ၊ Washington Post နဲ့Bloomberg တို့အပါအဝင် သတင်းဌာနပေါင်းများစွာကို ချဉ်းကပ်ပြီး News Tab ကဏ္ဍမှာ ဖော်ပြမယ့် သတင်းအကြောင်းအရာတွေအတွက် ခွင့်ပြုချက်အဖြစ် ဒေါ်လာ ၃ သန်းအထိ ပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ပြီးခဲ့တဲ့ သြဂုတ်လကတည်းက Wall Street Journal က ဖော်ပြခဲ့ပါတယ်။

Photo: politico


Facebook ပြောခွင့်ရပုဂ္ဂိုလ်ကလည်း မတ်ခ်ဇူကာဘတ်ခ်အနေနဲ့ သောကြာနေ့နယူးယော့ခ်မှာ ပြုလုပ်မယ့် ပွဲမှာ ထုတ်ကုန်သစ်တစ်ခု မိတ်ဆက်သွားမယ်လို့အတည်ပြုထားပါတယ်။ ဒီထုတ်ကုန်ဟာ ဒီဂျစ်တယ်ခေတ် ဂျာနယ်လစ်ကဏ္ဍကို အာရုံစိုက်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။ Facebook ရဲ့ News Tab အတွက် Rupert Murdoch's News Corp ရဲ့ CEO ရောဘတ်တွမ်ပ်ဆင်နဲ့ပူးပေါင်းသွားဖို့ရှိပါတယ်။

" ယခုသီတင်းပတ် နောက်ပိုင်းမှာ သတင်းနဲ့ဂျာနယ်လစ်ဇင်ပိုင်းအတွက် စီမံကိန်းကြီးတစ်ခု ဖြန့်ချိမယ့်အကြောင်း ကြေညာသွားဖို့ရှိပါတယ်။ အရည်အသွေးမြင့် ဂျာနယ်လစ်ဇင်ပိုင်းကို ပံ့ပိုးပေးထားတဲ့ ထုတ်ကုန်သစ်တစ်ခု တည်ဆောက်ဖို့ကျွန်တော်တို့အဖွဲ့အစည်းအများကြီးနဲ့ပူးပေါင်းထားပါတယ်။" လို့မတ်ခ်ဇူကာဘတ်ခ်က ဆိုပါတယ်။

Photo: twistarticle

ဒီဝန်ဆောင်မှုသစ်ကို အောက်တိုဘာ ၂၅ ရက်နေ့က စပြီး အမေရိကန်က Facebook သုံးစွဲသူတစ်ချို့စတင် မြင်တွေ့ရမှာ ဖြစ်တယ်လို့လည်း Politico သတင်းမှာ ဖော်ပြထားပါတယ်။ Facebook ဟာ ပြီးခဲ့တဲ့နှစ်ကလည်း သုံးစွဲသူတွေရဲ့ News Feeds ကို မိသားစုနဲ့မိတ်ဆွေတွေတွက် personal post တွေပဲ မြင်ရမယ့် Feeds နဲ့သတင်း ၊ စီးပွားရေးနဲ့တစ်ခြား brands တွေရဲ့ အကြောင်းအရာပဲ ဖော်ပြသွားမယ့် Explorer Feed ဆိုပြီး နှစ်မျိုး ခွဲပြဖို့စီစဉ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

မတ်ခ်ဇူကာဘတ်ခ်ဟာ ကုမ္ပဏီရဲ့ cryptocurrency စီမံကိန်းသစ်ဖြစ်တဲ့ Libra နဲ့ပတ်သက်ပြီး ဖြေရှင်းချက်ပေးဖို့အိမ်ဖြူတော် ဘဏ္ဍာရေးဝန်ဆောင်မှု ကော်မတီရှေ့မှောက် ရောက်နေတာ ဖြစ်ပါတယ်။

Share

က္က