ပြင်သစ်နဲ့ ဂျာမန်ဝန်ကြီးနှစ်ပါးကတော့ ပြတ်ပြတ်သားသား တုံ့ပြန်ထားပါတယ်

ဥရောပကော်မရှင်ရဲ့ ဥပဒေသစ်တွေကြောင့် ဥရောပကနေ Facebook နဲ့ Instagram ဝန်ဆောင်မှုတွေ ပိတ်ရဖို့ရှိတယ်လို့ Meta က သတိပေးထားပါတယ်။ 

EU ကနေ အတည်ပြုလိုက်တဲ့ ဥပဒေသစ်တွေထဲမှာ ကုမ္ပဏီအားလုံးဟာ ဥရောပထဲကမှာပဲ ဒေသတွင်းဆာဗာတွေထားပြီး အသုံးပြုသူအချက်အလက်တွေ စီမံကိုင်တွယ်ဖို့ ဖိအားပေးလာတာပါ။ Facebook နဲ့ Instagram တို့ရဲ့ မိခင်ကုမ္ပဏီ Meta ကတော့ ဥရောပက အချက်အလက်တွေကို အမေရိကန်ဆာဗာတွေထဲ ပေးပို့လွှဲပြောင်းထားတာ ဖြစ်ပါတယ်။ 



ရောဘတ်ဟတ်ဘတ်ခ် (ဘယ်) ၊ ဘရူနို လီ မိုင်ရဲလ် (ညာ) Photo: GSMArena


ဥပဒေသစ်အပေါ် မကျေနပ်တဲ့ Meta က ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် SEC ကို တင်သွင်းတဲ့ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ဥရောပတိုက်သား အသုံးပြုသူအချက်အလက်တွေကို အမေရိကန်ဆာဗာတွေထဲ လွှဲပြောင်းခွင့်မပေးရင် ဥရောပဈေးကွက်ကနေ ထွက်ခွာမယ့်အကြောင်း ပြောထားပါတယ်။ 

ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး EU ထိပ်တန်းအာဏာပိုင်နှစ်ဦးဖြစ်တဲ့ ဂျာမန်စီးပွားရေးဝန်ကြီး ရောဘတ် ဟတ်ဘက်ခ်နဲ့ ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး ဘရူနို လီ မိုင်ရဲလ်တို့က ပြန်တုံ့ပြန်ရာမှာ Meta အနေနဲ့ EU စည်းကမ်းသစ်တွေကို မလိုက်နာရင် ဥရောပတလွှားကနေ ကုမ္ပဏီပိုင် Social Media ပလက်ဖောင်းတွေကို ပိတ်သွားမယ်လို့ ပြောခဲ့ပါတယ်။ 

"ကျွန်တော် Facebook မရှိဘဲ ၄ နှစ် နေခဲ့တယ်။ ဘဝက အံ့ဖွယ်ပါပဲ။ ဥရောပသမဂ္ဂဆိုတာ စီးပွားရေးအင်အားသိပ်ကြီးတဲ့ ဈေးကွက်ကြီးတစ်ခုဖြစ်တယ်။ ကျွန်တော်တို့ ညီညီညွတ်ညွတ် လုပ်ဆောင်သွားရင် အခုလိုမျိုး ခြိမ်းခြောက်ခံရမှာ မဟုတ်ဘူး" လို့ ရောဘတ်ဟတ်ဘတ်ခ်က ပြောပါတယ်။ 

ပြင်သစ်ဝန်ကြီး လီမိုင်ရဲလ်ကလည်း Facebook မရှိဘဲ လူတွေဟာ ပိုကောင်းကောင်းမွန်မွန် နေနိုင်လိမ့်မယ်လို့ ထောက်ခံထားပါတယ်။ EU အနေနဲ့လည်း လူထုရဲ့ ရပိုင်ခွင့်တွေ ကာကွယ်ဖို့ နောက်ဆုတ်သွားမှာ မဟုတ်ဘူးလို့ ထပ်လောင်းအတည်ပြုပါတယ်။ Meta အတွက်တော့ စကားကျွံသွားခဲ့ပြီလား။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုခုကို မကြာခင် ထပ်ကြားရဖို့ ရှိပါတယ်။ 

Share

Loading Next Article...
က္က