ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Amazon ဝန်ထမ်းတစ်ဦး ဗိုင်းရပ်စ် ကူးခံထားရပါတယ်

ဆီယက်တဲလ်မှာ Amazon ဝန်ထမ်းတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ သတင်းထွက်လာပြီး နောက်တစ်ရက်မှာ Facebook ရဲ့ ကန်ထရိုက်ကုမ္ပဏီဝန်ထမ်းတစ်ဦးလည်း ကိုရိုနာဗိုင်းရပ်စ်ရှိထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။


Facebook ရဲ့ဆီယက်တဲလ်အခြေစိုက် ကန်ထရိုက်လုပ်ငန်းတစ်ခုရဲ့ ဝန်ထမ်းတစ်ဦးမှာ COVID-19 ရောဂါကူးစက်ထားတယ်လို့ ဗုဒ္ဓဟူးနေ့က Facebook မှ အတည်ပြုပါတယ်။ COVID-19 ကူးစက်ခံထားရတဲ့ ဝန်ထမ်းဟာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က အထိ Stadium East ရုံးမှာ အလုပ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။


Photo: Business Insider

"ကျွန်တော်တို့ ဝန်ထမ်းတွေကိုလည်း အသိပေးထားပြီး လူတိုင်း ကျန်းမာရေးနဲ့ ဘေးကင်းစိတ်ချရရေးအတွက် ပြည်သူ့ကျန်းမာရေး အာဏာပိုင်တွေပေးတဲ့ အကြံပေးချက်တွေအတိုင်း လိုက်နာဖို့လည်း ညွှန်ကြားထားပါတယ်" လို့ Facebook ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် အန်တိုနီ ဟာရစ်ဆင်က ပြောပါတယ်။

Facebook ဟာ Stadium West နဲ့ Stadium East ရုံးတွေကိုတွေကိုနေ့အထိ ပိတ်ထားပြီး ဝန်ထမ်းတွေကို မတ်လ ၃၁ ရက်နေ့အထိ ကိုယ့်အိမ်ကနေ အလုပ်လုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။ ဆီယက်တဲလ်မှာ ရှိတဲ့ ရုံးခန်း ၂၀ နီးပါးမှာ Facebook ဟာ ဝန်ထမ်းပေါင်း ၅၀၀၀ ကျော် ခန့်အပ်ထားတာပါ။

ဆီယက်တဲလ်ဟာ အမေရိကန်မှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်တွေရဲ့ ဗဟိုချက်မတစ်ခု ဖြစ်လာပါတယ်။ King County ပြည်သူ့ကျန်းမာရေးအာဏာပိုင်တွေရဲ့အဆိုအရ မတ်လ ၄ ရက်တစ်နေ့တည်းမှာ COVID-19 ကူးစက်ခံရသူ ၁၀ ဦး ရှိလာပြီး ၁ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ လက်ရှိအထိ King County မှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၁ ဦးနဲ့ သေဆုံးသူ ၉ ဦး ရှိလာနေပါတယ်။


Share

Loading Next Article...
က္က