အတွင်းသတင်းပေါက်ကြားမှုနဲ့လည်း ကြုံနေပါတယ်

တစ်ကမ္ဘာလုံးမှာ ရှိတဲ့ Facebook ၊ Instagram ၊ WhatsApp နဲ့ Messenger ဝန်ဆောင်မှုတွေ ၆ နာရီကြာ အသုံးပြုမရ ဖြစ်ခဲ့ရာကနေ အခုချိန်မှာ ပြန်ပြီး အသုံးပြုနိုင်ပြီလို့ Facebook တည်ထောင်သူ မတ်ခ်ဇူကာဘတ်က ဆိုပါတယ်။

 

           တနင်္လာနေ့က Facebook ပိုင် လူမှုကွန်ရက်ဝန်ဆောင်မှုတွေ ပြတ်တောက်တဲ့ဖြစ်စဉ်ကို နိုင်ငံအများအပြားမှာ ကြုံတွေ့ခဲ့ရတာ ဖြစ်တယ်လို့ Downdetector ပေါ်က User Reports တွေက ညွှန်ပြနေပါတယ်။ Facebook ပိုင် Social Media ဝန်ဆောင်မှုတွေ ပြတ်တောက်မှုမဖြစ်ခင်မှာ Facebook အတွင်းရေးဖွင့်ချသူ ဖရန့်စ် ဟော်ဂန်က "Facebook ဟာ အသုံးပြုသူတွေ ဘေးကင်းရေးထက် ငွေကြေးအကျိုးအမြတ်ကို ပိုကြည့်တယ်” လို့ CSB News ရဲ့ 60 Minutes အစီအစဉ်နဲ့ အင်တာဗျူးမှာ ဖွင့်ချခဲ့ပါတယ်။





Photo: FT

 

           ဒေတာသိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ ဖရန့်စ် ဟော်ဂန်ရဲ့ စွပ်စွဲချက်အများအပြားထဲမှာ Instagram ဟာ ဆယ်ကျော်သက်တွေစိတ်ကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်ဆိုတဲ့အချက်တွေကို Facebook ဟာ သေသေချာချာ သုတေသနပြုပြီး သိထားတယ်ဆိုတာလည်း ပါရှိပါတယ်။ အသက် ၃၇ နှစ်အရွယ် ဟော်ဂန်ဟာ Google နဲ့ Pinterest အပါအဝင် ကုမ္ပဏီတွေမှာ အလုပ်လုပ်ခဲ့သူ ဖြစ်ပြီး Facebook ရဲ့ Civic Integrity Group မှာလည်း ထုတ်ကုန်မန်နေဂျာအဖြစ် အလုပ်ဝင်ခဲ့တာပါ။ ၂၀၂၁ မှ Civic Integrity Group ဖျက်ပြီးနောက် ကုမ္ပဏီက အလုပ်ထွက်ခဲ့တာပါ။

 

           ဟော်ဂန်ရဲ့ အင်တာဗျူးထွက်လာပြီးနောက် အခုလို Facebook ရဲ့ ဝန်ဆောင်မှုကွန်ရက်ကြီး Offline ဖြစ်သွားတာပါ။ ၆ နာရီကြာ ပြတ်တောက်မှုအတွင်းမှာ Facebook ဝန်ထမ်းတွေအနေနဲ့ အရေးကြီးတဲ့ Work Tools တွေ ဝင်ရောက်လို့ မရတဲ့အထိ ဖြစ်သွားခဲ့တယ်လို့လည်း CNBC သတင်းက ဆိုပါတယ်။ ဒီပြတ်တောက်မှုဟာ ၂၀၀၈ နောက်ပိုင်း ကုမ္ပဏီရဲ့ အဆိုးဆုံး ဝန်ဆောင်မှု ပြတ်တောက်သွားခြင်းလည်း ဖြစ်ပါတယ်။

 


Photo: etrendtalk


           Facebook ပိုင် လူမှကွန်ရက်ဝန်ဆောင်မှုတွေ ဝင်မရဖြစ်တဲ့အပေါ် ကုမ္ပဏီတည်ထောင်သူ မတ်ခ်ဇူကာဘတ်က တောင်းပန်ကြောင်းနဲ့ ဝန်ဆောင်မှုတွေ ပြန်သုံးလို့ ရနိုင်ပြီ ဖြစ်ကြောင်း Facebook ပေါ်မှာ ကြေညာထားပါတယ်။ ကုမ္ပဏီအတွင်းရေး သတင်းဖွင့်ချမှုနဲ့ ဝန်ဆောင်မှုများ အကြီးအကျယ် ပြတ်တောက်မှုကြောင့် Facebook ရှယ်ယာဟာ ၅% နီးပါး ထိုးကျသွားခဲ့ပြီး မတ်ခ်ဇူကာဘတ်လည်း ဒေါ်လာ ၆ ဘီလျံနီးပါး ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒေါ်လာထရီလီယံတန် ကုမ္ပဏီတစ်ခုဖြစ်လာဖို့ အလားအလာကောင်းတွေရထားတဲ့ Facebook ဝန်ဆောင်မှုကို လစဉ်ပုံမှန်သုံးစွဲသူ ဦးရေဟာ ဒီနှစ် ဒုတိယသုံးလပတ်မှာ ၂.၉ ဘီလျံကျော်အထိ ရှိလာတယ်လို့ ကုမ္ပဏီရဲ့ သုံးလပတ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လောလောဆယ်တော့ Wall Street Journal ကို ဖွင့်ချခဲ့တဲ့ ဖရန့်စ်ဟော်ဂန်ရဲ့ အတွင်းရေးအချက်အချက်အလက် ပေါက်ကြားမှုကြောင့် အမေရိကန်လွှတ်တော်အမတ်တွေက Facebook ကို စုံစမ်းမှုလုပ်နေပြီ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က