Step-By-Step ပြထားပါတယ်

Social Media သုံးတာ စိတ်အခြေအနေကို ပိုဆိုးစေတယ်ဆိုတဲ့ အသံတွေ ထွက်လာပြီးတဲ့နောက် Facebook ဟာ လူမှုကွန်ရက်သုံးသူတွေရဲ့ Mental Health ကို အထောက်အပံ့ပေးဖို့ နည်းလမ်းတွေ ကြိုးစားလာနေပါတယ်။

           ပထမဆုံးသတိထားမိတာက ကိုယ်မပတ်သက်ချင်သူတွေနဲ့ ခပ်ကင်းကင်း နေလို့ရမယ့် Take A Break Feature ဖြစ်ပြီး အခုတစ်ခါမှာ Like အရေအတွက် Likes Count ကို မမြင်အောင် Hide လုပ်နိုင်မယ့် Option ပါပဲ။ ဒီ option မှာ ကိုယ့်ပို့စ်ပေါ်က Likes အရေအတွက်ကို တခြားသူတွေ မမြင်အောင် Hide လုပ်နိုင်သလို ကိုယ့် NewsFeed ပေါ်တက်လာတဲ့ တခြားသူတွေရဲ့ ပို့စ်တွေက Like Count ကိုလည်း Disable လုပ်နိုင်မှာပါ။



           Android မှာရော iOS apps တွေမှာပါ ဒီ Option ကို On ထားလို့ ရပါတယ်။ တစ်ဆင့်ချင်းလုပ်ရတဲ့ပုံစံကို ဖော်ပြလိုက်ပါတယ်။


Photo: beebom

(၁) Facebook app ကို ဖွင့်ပြီး အပေါ်ညာဘေးထောင့်က menu ဘားကို နှိပ်ပြီး Settings & Privacy tab ကို ဖွင့်ပြီး Settings ထဲ ဝင်ပါ။

(၂) Preferences ဆိုတဲ့ section အောက်မှာရှိတဲ့ Reaction Preferences ကို နှိပ်ပါ။

(၃) ဒါဆို Hide number of reactions ဆိုတဲ့ section လေး ‌မြင်ရမှာပါ။ ဒီ section မှာ တခြားသူတွေဆီက posts (On Posts from others) နဲ့ ကိုယ့်ပို့စ် (On Your posts) ဆိုပြီး နှစ်ပိုင်း ရှိပါတယ်။ ဘေးက toggle လေးတွေကို ဖွင့်ပေးရင် တခြားသူတွေနဲ့ ကိုယ့်ရဲ့ Facebook posts တွေဆီက Like အရေအတွက်ကို တွေ့ရတော့မှာ မဟုတ်တော့ပါဘူး။


Photo: hitc

           Facebook ကို Mobile အပြင် Web နဲ့သုံးသူတွေမှာ Like Counts ဖျောက်ဖို့ နည်းလမ်း နည်းနည်း ပြောင်းပါတယ်။ Facebook ဖွင့်ပြီး Menu ထဲက Settings & Privacy ကို နှိပ်ပြီး News Feed preferences ကို ဝင်ရမှာပါ။ News Feed preferences ကို ဖွင့်တာနဲ့ Reaction preferences ဆိုတဲ့ section ကို တွေ့မှာပါ။ Reaction Preferences ကို ဖွင့်ပြီး အပေါ်မှာ ပြောခဲ့သလို Toggle လေးတွေ Enable လုပ်ပေးရမှာ ဖြစ်ပါတယ်။

           Android နဲ့ iOS သုံးဖုန်းတွေမှာ Facebook Like အရေအတွက် ဖျောက်ဖို့အတွက်ဆိုရင် နောက်ဆုံးထွက် Facebook app ကို ဒေါင်းထားဖို့တော့လိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က