Facebook ရဲ့ဖျော်ဖြေရေးနဲ့ Gaming ကဏ္ဍခွဲဖြစ်တဲ့ Facebook Gaming ဟာ ယနေ့မှာ Facebook Tournaments လို့ခေါ်တဲ့ Feature အသစ်ကို မိတ်ဆက်လာခဲ့ပြီး FB သုံးစွဲသူတွေဟာ ဆိုရှယ်နက်ဝပ်ပလက်ဖောင်းပေါ်မှာ ဂိမ်းပြိုင်ပွဲတွေကို အစအဆုံးကျင်းပယှဉ်ပြိုင်နိုင်လာစေမှာဖြစ်ပါတယ်။
ဒီထဲမှာ စာရင်းသွင်းခြင်း Registrations, ပါဝင်မယ့်သူများကို နေရာချခြင်း၊ အုပ်စုသတ်မှတ်ခြင်းနဲ့ ရလဒ် စတဲ့ Feature များပါဝင်ပြီး Esports ပြိုင်ပွဲတစ်ခုကျင်းပနိုင်ဖို့ လိုအပ်တဲ့အချက်အားလုံးပါပဲ။ ဒီလို Social Distancing လုပ်နေရတဲ့ အချိန်မှာ ဂိမ်မာတွေကို အခြားသူများနဲ့ ထိတွေ့စရာမလိုဘဲ ဂိမ်းပြိုင်ပွဲတွေ လုပ်နိုင်စေမယ်လို့လည်း ကြေညာလာခဲ့ပါတယ်။
Facebook Tournaments ဟာ လက်ရှိမှာ Early Access အဆင့်သာရှိသေးပေမယ့် သူ့မှာ Single Elimination, Double Elimination, Round Robin စတဲ့ ပြိုင်ပွဲ Format တွေကို တစ်ယောက်ချင်း သို့ အသင်းလိုက်ယှဉ်ပြိုင်ရမယ့် ပုံစံနှစ်မျိုးစလုံးအတွက် ရရှိနိုင်ပါတယ်။ ရှေ့မှာ Swiss Format (အမြန်ဆုံးရလဒ်ထွက်ပေါ်စေတဲ့ အုပ်စုစနစ်) ကိုပါ ထည့်သွင်းလာပေးမယ်လို့လည်း ကြေညာထားပါတယ်။
ဒီနည်းလမ်းဖြင့် ပြိုင်ပွဲတွေမှာ ပါဝင်မယ့်သူတွေကို ပိုမိုလွယ်ကူစွာရှာဖွေနိုင်သလို Developer တွေနဲ့ Community တွေကိုလည်း ချိတ်ဆက်ရတာ ပိုအဆင်ပြေလာမယ်လို့ ဆိုထားတဲ့ Tournaments Feature ဟာ ဂိမ်းပြိုင်ပွဲကျင်းပသူတွေ အတွက် တစ်နေရာတည်းမှာ အကုန်ပြည့်စုံစေမယ့် အစီအစဉ်လို့လည်း ဆိုပါတယ်။
Facebook ဟာ သူ့ပလက်ဖောင်းပေါ်မှာ ဂိမ်းတွေ Livestream လွှင့်တာကို အားပေးအားမြှောက်လုပ်ခဲ့ပြီးနောက် Facebook ကနေပဲ အဓိက Stream တဲ့သူတွေပေါ်ထွက်လာခဲ့ပြီး ပရိသတ်တွေနဲ့ အလွယ်တကူတွေ့ရှိဆက်သွယ်နိုင်သလို ကြည့်ရှုသူတွေကလည်း Star လေးတွေပို့ပြီး ချက်ချင်းအားပေးနိုင်လာခဲ့ပါတယ်။ ဒီလောက်နဲ့ မရပ်တန့်သေးဘဲ Tournaments ကိုပါ ထပ်ထည့်လာတာဟာ ဂိမ်းလောကအတွက် နောက်ထပ်လှေကားထစ်တစ်ခု ဖြစ်လာနိုင်သလို ကျန်တဲ့ ဂိမ်းပြိုင်ပွဲကျင်းပသူတွေနဲ့ Streaming ပလက်ဖောင်းတွေအတွက်ပါ ထည့်သွင်းစဉ်းစားစရာတစ်ခုဖြစ်လာမှာ အမှန်ပါပဲ။
လက်ရှိမှာတော့ မည်သူမဆို ကိုယ်ပိုင် Facebook အကောင့်နဲ့ဖြစ်စေ၊ Page တစ်ခုခုနဲ့ဖြစ်စေ ဝင်ရောက်ပြီး ပြိုင်ပွဲတွေကို ဖန်တီးနိုင်ကာ ဂိမ်းအမျိုးအစားလည်း အတော်လေးစုံတာကို တွေ့ရပါတယ်။