မတ်လထဲမှာ ၂၄ နာရီနီးပါး ကြာအောင် ပြတ်တောက်ခဲ့ပါတယ်။

     ဇူလိုင် ၃ ရက် ညဦးပိုင်းကစပြီး Facebook ၊ Instagram နဲ့WhatsApp တို့ဟာ နာရီများစွာကြာအောင် ပြတ်တောက်မှုနဲ့ကြုံတွေ့ခဲ့ပါတယ်။

         ကမ္ဘာနဲ့အဝှမ်းမှ Facebook ၊ WhatsApp နဲ့Instagram သုံးစွဲသူတွေဟာ ပို့စ် ၊ Stories နဲ့ဓါတ်ပုံတွေ တင်မရတာမျိုး ဖြစ်ခဲ့တယ်လို့Daily Mail သတင်းမှာ ဖော်ပြထားပါတယ်။ Facebook ပိုင် social apps များ သုံးမရတဲ့ ပြဿနာကို ဥရောပ ၊ အမေရိကန် ၊ တောင်အမေရိကနဲ့ဂျပန်တို့ဟာ အဆိုးဆုံးဖြစ်ရပ်နဲ့ကြုံခဲ့တယ်လို့ဆိုပါတယ်။



         Instagram users အတော်များများဟာ ပုံနဲ့ဗွီဒီယိုတင်မရတဲ့ ပြဿနာကို အများဆုံး ကြုံခဲ့ပြီး Desktop ဗားရှင်းနဲ့သုံးသူတွေမှာလည်း No Photo description available ဆိုတဲ့ မက်ဆေ့ချ်နဲ့အတူ ပုံတင်လို့မရဘဲ caption ပဲ ပြတာ ကြုံခဲ့တာပါ။ အမေရိကန်မှာတော့ Instagram လိုင်းကျတဲ့ပြဿနာကို Twitter ပေါ်မှာ #instagramdown ဆိုတဲ့ hashtag နဲ့အတူ လူပြောအများဆုံး သတင်းဖြစ်ခဲ့ပါတယ်။

Photo: Daily Mail

         Twitter မှာလည်း Direct Message ပို့တဲ့ feature နဲ့ပတ်သက်ပြီး ပြဿနာတက်နေခဲ့တယ်လို့Twitter ရဲ့ Support Team မှ စာတင်ထားပါတယ်။ Instagram ကတော့ ပြီးခဲ့တဲ့ သုံးပတ်လောက်ကပဲ ၂ နာရီကျော်ကြာ ပြတ်တောက်မှု ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လထဲမှာ အင်တာနက်သမိုင်းရဲ့ အကြီးဆုံး လိုင်းကျမှုလို့ပြောနိုင်တဲ့ Faebook ၊ Instagram နဲ့WhatsApp တို့နာရီများစွာ ကြာအောင် ပြတ်တောက်ခဲ့ပါတယ်။

         မတ်လလယ်က ဖြစ်ခဲ့တဲ့ Facebook ပိုင် apps များ ၂၄ နာရီနီးပါးကြာ ပြတ်တောက်မှုမှာ မြန်မာနိုင်ငံအပါအဝင် နယူးအင်္ဂလန် ၊ တက္ကဆက် ၊ ဆီယက်တဲလ် ၊ ဝါရှင်တန် ၊ လက်တင်အမေရိက ၊ ပီရူး ၊ ယူကေ ၊ အိန္ဒိယ ၊ ဖိလစ်ပိုင် ၊ ကနေဒါ ၊ လာ့စ်ဗီးဂတ်စ် ၊ တူရကီစတဲ့ နိုင်ငံတွေမှာလည်း ကြုံတွေ့ခဲ့ပါတယ်။ Facebook နဲ့အတူ Messenger လည်း desktop ဗားရှင်းမှာ ဝင်မရတာမျိုး ရှိခဲ့ပြီး mobile ဗားရှင်းကတော့ သုံးလို့ရတာတွေ ရှိခဲ့ပါတယ်။ Facebook ရဲ့ ads section လည်း အလုပ်မလုပ်တော့ဘဲ ads တစ်ခု ဝယ်ဖို့လုပ်ရာမှာ internal error ဆိုပြီး ဝယ်လို့မရခဲ့ပါဘူး။

Photo: Daily Mail

         DownDetector.com ရဲ့ ပူးတွဲတည်ထောင်သူ တွမ်ဆန်းဒါးစ်ကလည်း Downdetector တည်ထောင်ပြီး ၂၀၁၂ နောက်ပိုင်းမှာ နာရီအကြာဆုံး အင်တာနက် လိုင်းကျမှုနဲ့ကြုံခဲ့တာ ဖြစ်တယ်လို့Tech Crunch ကို ပြောထားတာပါ။ Facebook ဘက်မှလည်း ကုမ္ပဏီပိုင် apps တွေမှာ ပုံတွေ ၊ ဗွီဒီယိုနဲ့တစ်ခြားဖိုင်တွေ တင်ရာ ပေးပို့ရာမှာ ပြဿနာတက်နေတာ သိရှိကြောင်း Tweet တင်ထားပါတယ်။

         မနက် ၆ နာရီခွဲခန့်မှာတော့Facebook ဟာ အင်တာနက် လိုင်းကျတဲ့ ပြဿနာကို ဖြေရှင်းပြီး ဖြစ်ကြောင်းနဲ့ဆာဗာ စီမံမှု configuration အပြောင်းအလဲကြောင့် ဝန်ဆောင်မှုတွေ သုံးမရတာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ နေ့စဉ် ကြော်ငြာကနေ ဒေါ်လာ သန်းချီ ဝင်နေတဲ့ Facebook အနေနဲ့အခုလို ပြတ်တောက်မှုအတွက် စီးပွားဖက် ကုမ္ပဏီတွေကို ငွေပြန်အမ်းမယ် မအမ်းဘူးဆိုတဲ့အပေါ်ကိုတော့ မှတ်ချက်ချမထားပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က