third party apps ၂ ခုကနေ ပေါက်ကြားသွားတာပါ

ဆိုက်ဘာလုံခြုံရေးသုတေသီတွေဟာ public server တစ်ခုပေါ် မတော်တဆရောက်လာခဲ့တဲံ Facebook သုံးစွဲသူမှတ်တမ်းပေါင်း သန်း ၅၄၀ ကျော် တွေ့ရှိခဲ့ပါတယ်။

Photo: techweez



         ဒီအချက်အလက်တွေကို UpGuard ဆိုတဲ့ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီမှ သုတေသီတွေ တွေ့ရှိခဲ့တာ ဖြစ်ပြီး ပေါက်ကြားခဲ့တဲ့ အချက်အလက်တွေထဲမှာ users တွေရဲ့ comments များ ၊ Likes နဲ့နာမည်များအပြင် Facebook IDs များလည်း ပါဝင်ခဲ့ပါတယ်။ ဒီအချက်အလက်တွေကို third-party Facebook apps နှစ်ခုကနေ သိမ်းထားတာ ဖြစ်ပြီး Amazon S3 server မှာ စကားဝှက်မပါဘဲ သိမ်းထားခဲ့တာပါ။

         Tech Crunch ရဲ့ အဆိုအရ မက္ကဆီကို အခြေစိုက် ဒစ်ဂျစ်တယ်မီဒီယာကုမ္ပဏီ Cultura Colectiva မှ သိမ်းထားတဲ့ Facebook user တွေရဲ့ သုံးစွဲမှု မှတ်တမ်းပေါင်း သန်း ၅၄၀ ကျော် ပေါက်ကြားခဲ့တာ ဖြစ်ပြီး စကားဝှက်မပါတာကြောင့် လူတိုင်းကနေ ဒီအချက်အလက်တွေ ဝင်ဖတ်လို့ရသွားတာ ဖြစ်တယ်လို့ဆိုပါတယ်။ နောက်ထပ် ပေါက်ကြားစေခဲ့တဲ့ app ကတော့ ကယ်လီဖိုးနီးယားအခြေစိုက် At The Pool ကုမ္ပဏီကနေ ဖြစ်ပြီး ဒီ app ကတော့ လုံခြုံရေးအရ ပိုပြီး အန္တရာယ်များတဲ့ အချက်အလက်တွေ ပါဝင်ခဲ့ပါတယ်။

         At The Pool ကနေ ပေါက်ကြားစေခဲ့တဲ့ အချက်အလက်တွေထဲမှာ သုံးစွဲသူရဲ့ friends စာရင်း ၊ သူ့စိတ်ဝင်စားမှု ၊ ဓါတ်ပုံ ၊ သွားလာခဲ့တဲ့ နေရာတွေ နဲ့ဘယ် groups တွေထဲမှာ မန်ဘာအဖြစ် ပါဝင်နေတယ်ဆိုတဲ့ အချက်အလက်ပေါင်း ၂၂၀၀၀ ကျော် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ UpGuard ရဲ့ အဆိုအရ ဒီအချက်အလက်တွေ ဖယ်ရှားဖို့တောင်းဆိုမှုကို ဒီ app နှစ်ခုထဲက ဘယ်ကုမ္ပဏီကမှ တုန့်ပြန်ခြင်း မရှိဘူးလို့ဆိုပါတယ်။

         Facebook ကတော့ Amazon နဲ့ဆက်သွယ်ပြီး အချက်အလက်တွေ အွန်လိုင်းပေါ်က ဖြုတ်ချဖို့offline ပေးဖို့ဆက်သွယ်ခဲ့တယ်လို့ဆိုပါတယ်။ "ၤ Facebook ရဲ့ မူဝါဒတွေအရ Facebook အချက်အလက်တွေကို အများသုံး database တွေမှာ သိမ်းဆည်းတာကို တားမြစ်ထားပါတယ်။" လို့Facebook ပြောခွင့်ရပုဂ္ဂိုလ်မှ Tech Crunch ကို ပြောပါတယ်။ Facebook အနေနဲ့ဒီအချက်အလက်တွေကို တစ်ခြားနေရာမှာ တလွဲအသုံးချနေတာ မတွေ့ရသေးပေမယ့် စုံစမ်းမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

         ဒီနှစ်မတ်လထဲမှာလည်း Facebook ဟာ users အကောင့်တွေနဲ့စကားဝှက်တွေကို plaintext ထဲမှာ နှစ်ပေါင်းများစွာကြာအောင် သိမ်းထားခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာလည်း Facebook ဟာ သုံးစွဲသူသန်း ရာနဲ့ချီတဲ့ အချက်အလက်တွေကို thrid party apps တွေကနေ ပေါက်ကြားစေမှုနဲ့ကြုံခဲ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က