သုံးစွဲသူ သန်း ၂၀၀ ခန့်ပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။

သန်းရာနဲ့ချီတဲ့ Facebook အကောင့်ပိုင်ရှင်တွေရဲ့ ဖုန်းနံပါတ်တွေ အွန်လိုင်းမှာ ပေါက်ကြားမှု ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။


လုံခြုံရေးသုတေတီ ဆန်ယန်ဂျိန်းဟာ password ခံမထားတဲ့ ဆာဗာတစ်ခုထဲက record ၄၁၉ သန်း ရှိတဲ့ databases တွေ တွေ့ခဲ့တယ်လို့TechCrunch က ဖော်ပြထားပါတယ်။ ဒီ database ထဲမှာ အမေရိကန် Facebook သုံးစွဲသူတွေရဲ့ records ၁၃၃ သန်း ၊ ယူကေသုံးစွဲသူတွေရဲ့ မှတ်တမ်း ၁၈ သန်းနဲ့ဗီယက်နမ်မှ မှတ်တမ်းပေါင်း သန်း ၅၀ ကျော် ပါဝင်တယ်လို့ဆိုပါတယ်။

Photo: Tech Crunch

စကားဝှက်နဲ့ကာကွယ်မထားတာကြောင့် ဒီဆာဗာထဲက database ကို ရှာတွေ့နိုင် ရယူနိုင်မှာ ဖြစ်ပါတယ်။ ပေါက်ကြားခဲ့တဲ့ မှတ်တမ်းတွေထဲမှာ သုံးစွဲသူတစ်ဦးချင်းရဲ့ Facebook ID နဲ့အကောင့်မှာ တင်ထားတဲ့ ဖုန်းနံပါတ်တို့ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ Facebook ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကတော့ ကုမ္ပဏီအနေနဲ့ဒီနံပါတ်တွေကို ပြန်စီစစ်နေပြီး ယခုမှတ်တမ်းထဲမှာ ထပ်ပွားထားတာတွေ ရှိတယ်လို့ပြောပါတယ်။


Facebook ရဲ့ ခန့်မှန်းချက်အရ ယခုဖြစ်ရပ်ဟာ သုံးစွဲသူ သန်း ၂၀၀ ခန့်ပေါ် သက်ရောက်မှု ရှိနိုင်တယ်လို့ဆိုပါတယ်။ "ဒီ dataset က ဟောင်းနေပါပြီ။ ပြီးခဲ့တဲ့နှစ်က ဖုန်းနံပါတ်တွေကို သုံးပြီး တစ်ခြားသူရဲ့ အကောင့်ကို ရှာတဲ့ စနစ်ကို ကျွန်တော်တို့မဖျက်ခင်က အချက်အလက်တွေ ပါဝင်ဖို့ရှိပါတယ်" လို့Facebook ပြောခွင့်ရပုဂ္ဂိုလ်က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


Facebook အနေနဲ့အခု dataset ကို ဖြုတ်ချထားပြီး Facebook အကောင့်တွေ ပေါက်ကြားတဲ့ သက်သေမတွေ့ရသေးဘူးလို့လည်း ဆိုပါတယ်။

Share

Loading Next Article...
က္က