Facebook ရဲ့ နောက်ထပ် Hardware ထုတ်ကုန်သစ်

Ray-Ban နဲ့ ပေါင်းပြီး ထုတ်လုပ်ထားတဲ့ Facebook ရဲ့ ပထမဆုံး စမတ်မျက်မှန်ကို စက်တင်ဘာ ၉ ရက်နေ့မှာ တရားဝင်ကြေညာသွားဖို့ ရှိပါတယ်။

           Snapchat Spectacles စတိုင် Facebook ရဲ့ ကိုယ်ပိုင် စမတ်မျက်မှန်သစ်အကြောင်းကို ပြီးခဲ့တဲ့နှစ်က စပြီး သတင်းတွေ ထွက်လာခဲ့တာပါ။ Facebook ဟာ စမတ်မျက်မှန်ထုတ်ဖို့ ပြီးခဲ့တဲ့နှစ်ကတည်းက နာမည်ကျော် မျက်မှန်ကုမ္ပဏီ Ray-Ban နဲ့ လက်တွဲနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့တာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ Facebook အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်ကလည်း စမတ်မျက်မှန်အကြောင်း သတင်းတွေအတည်ပြုခဲ့ပါတယ်။




Photo: techtosee


           အီတလီမျက်မှန်ကုမ္ပဏီ Luxottica Group ပိုင် Ray-Ban နဲ့ ပေါင်းပြီး ထုတ်လုပ်သွားမယ့် Facebook ရဲ့ AR စမတ်မျက်မှန်ကို Orion လို့ နာမည်ပေးထားတယ်လို့လည်း CNBC သတင်းက ဖော်ပြခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဒီထုတ်ကုန်အကြောင်း သတင်းအချက်အလက် သိပ်များများစားစား မသိရသေးပေမယ့် မျက်မှန်တပ်ထားပြီး Live လွှင့်တာ ၊ မျက်မှန်ကနေ သတင်းအချက်အလက် ကြည့်တာ ၊ ဖုန်းခေါ်တာမျိုး လုပ်နိုင်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

           "ရှေ့လျှောက် ကုမ္ပဏီရဲ့ နောက်ထွက်လာမယ့် ထုတ်ကုန်ဟာ EssilorLuxottica နဲ့ မိတ်ဖက်လုပ်ထားတဲ့ Ray-Ban ဆီက ပထမဆုံးစမတ်မျက်မှန် ဖြန့်ချိတာပဲ ဖြစ်ပါတယ်။"လို့ မတ်ခ်ဇူကာဘတ်က ဆိုပါတယ်။

           စမတ်မျက်မှန်တွေဟာ Facebook ရဲ့ နောက်ထပ် Hardware ထုတ်ကုန်တွေ ဖြစ်လာပြီး အတော်လေး သပ်ရပ်တဲ့ပုံစံနဲ့ ထွက်လာမယ်လို့လည်း ပြောပါတယ်။ Facebook ရဲ့ လျှို့ဝှက်စမတ်မျက်မှန်အကြောင်း အသေးစိတ်ကို မနက်ဖြန် စက်တင်ဘာ ၉ ရက်နေ့မှာ တရားဝင် သိရတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က