သူမကိုယ်တိုင်သုံးတဲ့ Page က တစ်ခုတည်းရှိပါတယ်။

ဝတ်မှုံရွှေရည်ဟာ သူမ နာမည်နဲ့ ဖွင့်ထားတဲ့ Facebook Page အတုကနေ အလှူငွေတွေ တောင်းခံနေတဲ့အပေါ် အခုလို ပြောပြလာပါတယ်။ 

Photo: Wutt Hmone Shwe Yi



ဝတ်မှုံရွှေရည်ကတော့ သူမရဲ့ နာမည်နဲ့ Facebook Page တစ်ခုကနေ အလှူခံနေတာကို တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ သူမကိုယ်တိုင် သုံးစွဲနေတဲ့ Facebook Page ဟာ တရားဝင်အမှတ်အသား ပါရှိတယ်ဆိုတဲ့အကြောင်း အခုလို ပြောပြလာပါတယ်။ 

"ယခု အောက်ဖော်ပြပါ page သည် ကစ်သုံးတဲ့ page မဟုတ်ပါဘူးနော်။ ကစ် ရဲ့ official page လေးက Wutt Hmone Shwe Yi နာမည် ဘေးနားမှာ Blue Mark အပြာရောင် အမှန်ခြစ်လေးပါပါတယ်နော် ။ အခုလို အချိန်မျိုးမှာ အားလုံးထင်ယောင်ထင်မှားဖြစ်ကြမှာစိုးလို့ပါ။ ယခု ဖော်ပြပါ page သည် Wutt Hmone Shwe Yi Team နဲ့ လုံး၀ လုံး၀ ပတ်သက်မှုမရှိပါဘူးနော်" ဆိုပြီးတော့ မတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။ 

Photo: Wutt Hmone Shwe Yi

Wutt Hmone Shwe Yi ဆိုပြီးတော့ Blue Mark မပါတဲ့ Page ဟာ သူမနဲ့ လုံးဝ မသက်ဆိုင်သလို အလှူခံဖို့ သူမရဲ့ ခွင့်ပြုချက် လုံးဝ မရှိတဲ့ အကြောင်းလည်း အခုလို ပြောပြထားပါတယ်။ ဒါကြောင့် ဝတ်မှုံရွှေရည်ဟာ သူမနဲ့ ပတ်သက်တဲ့ ကိစ္စ အဝဝကို ကိုယ်ပိုင်သုံးတဲ့ Facebook Page မှာသာ တရားဝင် ရေးသားသွားမယ်လို့လည်း ပြောပြထားပါတယ်။ 

" ကစ်အနေနဲ့က ကစ်နဲ့ပတ်သက်တဲ့ သတင်းတစ်စုံတစ်ရာကို ကစ်ရဲ့အခု Wutt Hmone Shwe Yi (Blue Marked) page ကသာအားလုံးကိုဖော်ပြရန်ရည်ရွယ်ပါတယ်။ ဆက်လက်ပြီးလည်း ကစ်နဲ့ပတ်သက်တဲ့ သတင်းကြောင်းအရာတွေ၊ လှုပ်ရှားမှုတွေကို အခု page ကနေပဲတင်ပေးသွားမှာဖြစ်ပါတယ်။ ( ရေရှည်မှာ မလိုလားအပ်တဲ့ အထင်အမြင် လွှဲမှားမှူတွေ ဖြစ်မလာစေရန် )ကစ်နဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုခု၊ သို့မဟုတ်ကစ်အတွက် လှူတန်းမှု တစ်ခုခုပြုလုပ်ချင်ရင် Fan တွေအနေနဲ့ ကစ် page မှာထည့်ထားတဲ့ official ဖုန်းနံပါတ်နဲ့ email တွေကို ဆက်သွယ် ညှိုနှိုင်းအသိပေးပြီးမှ ဆောင်ရွက်ကြရန်မေတ္တာရပ်ခံပါတယ်နော် ။ အခုလိုအချိန်မျိုးမှာအားလုံး ကျန်းမာရေးကိုပဲ အထူးဂရုပြု ပြီးဒီ Covid 19 virus ကြီးကိုဘေးကင်းစွာနဲ့ ကျော်လွှားကြမယ်နော် ။ ချစ်တယ် နော်အားလုံး ချစ်ပေးတဲ့ တစ်ယောက်ချင်းစီကို အရမ်းလည်းချစ်ပါတယ် အရမ်းလည်းကျေးဇူးတင်တယ်" လု့ိလည်း ဆက်လက် ရေးသားထားပါသေးတယ်။ 

Photo: Wutt Hmone Shwe Yi

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၄ခုနှစ်မှာတော့ " နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေ ကလည်း အများကြီးရှိပါတယ်။ အခုချိန်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမကိုတော့ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

က္က