,iPhone ရဲ့ FaceTime bug အကြောင်းကို လူသိရှင်ကြားမဖြစ်သေးခင် ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ Apple ကို ဒီပြဿနာအကြောင်း သတိပေးဖို့ကြိုးစားခဲ့ပါတယ်။
Photo: LA Times
FaceTime ခေါ်ချိန်မှာ တစ်ဘက်က မကိုင်ရသေးခင် အသံတွေ ကြားနေရတဲ့ ပြဿနာကို အရီဇိုးနားအထက်တန်း ကျောင်းသားတစ်ဦး ဖြစ်တဲ့ ဂရန့်တွမ်ပဆင်က သိခဲ့တယ်လို့Wall Stree Journal က ဖော်ပြခဲ့ပါတယ်။ ဂရန့်ဟာ ဒီအကြောင်းကို သူ့မိခင်ကို ပြောပြီးနောက် Apple နဲ့ဆက်သွယ်ပြီး ရက်သတ္တတစ်ပတ်ကျော်ကြာ ကြိုးပမ်းခဲ့တယ်လို့ဆိုပါတယ်။
ဒါပေမယ့် ဒီ bug အကြောင်း သူ့ရဲ့ report ကို ကုမ္ပဏီဘက်မှ အကြောင်းမပြန်ခဲ့ဘူးလို့လည်း ဆိုပါတယ်။ ဂရန့်ဟာ FaceTime ရဲ့ ပြဿနာအကြောင်းကို ဇန်နဝါရီ ၂၀ ရက်နေ့မှာ တွေ့ရှိခဲ့ပါတယ်။ သူ ့သူငယ်ချင်းတွေနဲ့Fortnite အကြောင်း FaceTime ကနေ group chat ပြောဖို့လုပ်ရင်း တွေ့ခဲ့တာပါ။
ဒီအကြောင်းကို သူနဲ့သူ့အမေဟာ Facebook သိစေဖို့Twitter နဲ့Facebook တို့ကနေ တင်ပြခဲ့ပါတယ်။ Twitter နဲ့Facebook တို့မှာ တင်ခဲ့တဲ့ ပို့စ်မှာ iOS သစ်မှာ security ပြဿနာကို သူမသားက တွေ့ထားကြောင်း ၊ iPhone/iPad တွေကို တစ်ခြားသူဆီက approve မရခင် နားထောင်နိုင်ကြောင်းနဲ့သက်သေဗွီဒီယို ရှိကြောင်းအပြင် ဒီ bug report ကို @AppleSupport မှာ တင်ထားကြောင်းပါ ထည့်သွင်းရေးသားခဲ့ပါတယ်။
ဂရန့်တို့သားအမိဟာ Apple Security Team ကို အီးမေးလ်ပို့ပြီး ဆက်သွယ်ခဲ့ပေမယ့် ကုမ္ပဏီကတော့ ဒီ FaceTime bug ကိစ္စ လူမှုကွန်ရက်မှာ ထိန်းမရအောင် ပြန့်သွားမှ ဖြေရှင်းပေးခဲ့ပါတယ်။ ဖုန်းခေါ်ခံရသူ မကိုင်ခင် သူ့အသံကို တစ်ဘက်က ကြားနိုင်တဲ့ FaceTime bug ကြောင့် ဟူစတန်က ဝတ်လုံတစ်ဦးဟာ Apple ကိုလည်း တရားစွဲထားပါတယ်။
Apple ဟာ iOS မှာ security errror တွေကို report တင်ပေးတဲ့ developer များကို ဆုချီးမြှင့်ခဲ့ပေမယ့် ဂရန့်တို့သားအမိအတွက် ဆုချီးမြှင့်မလားဆိုတာ မသိရသေးပါဘူး။ လက်ရှိမှာ Group FaceTime bug ကို သုံးမရအောင် ယာယီ ပိတ်သိမ်းထားပြီး ဒီတစ်ပတ်ထဲမှာ လုံခြုံရေးပြစ်ချက်ကို ဖြေရှင်းပေးသွားမယ်လို့ကတိပြုထားပါတယ်။