In partnership with  logo

ဘယ်သူမဆို နေ့စဉ်ဘဝမှာ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ ရှောင်လွှဲလို့မရပါဘူး။ အိမ်မှာနေ့စဉ်အလုပ်တာဝန်တွေကို ခွဲဝေတာအစ၊ သူငယ်ချင်းတွေနဲ့ ချိန်းဆိုတာအလယ်၊ စီးပွားရေးအပေး၊အယူတွေအဆုံး ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေကြရတာပါပဲ။ ဒီလို ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်တဲ့အခါ ကိုယ့်သဘောကျဖြစ်တာတွေရှိသလို၊ တခြားသူတွေရဲ့သဘောအတိုင်း လိုက်နာရတာမျိုး တွေလည်း ကြုံရမှာပဲဖြစ်ပါတယ်။

ဒီလိုဆွေးနွေးညှိနှိုင်းမှုတွေကို ကျွမ်းကျွမ်းကျင်ကျင်ကိုင်တွယ်နိုင်တဲ့အထဲမှာ FBI အေးဂျင့်တွေက ထိပ်ဆုံးကပါပါတယ်။ သူတို့ဟာ လူအသတ်တွေကိုလောင်းကြေးထပ်ပြီး အန္တရာယ်များလှတဲ့ ပြန်ပေးသမားတွေနဲ့တောင် ညှိနှိုင်းမှုတွေလုပ်ကြရ တာကြောင့် သူတို့ရဲ့အတွေ့အကြုံတွေဟာ အဖိုးတန်လှပါတယ်။ ဒါကြောင့် FBI အေးဂျင့်ဟောင်းတစ်ဦးပြောပြထားတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေမှာ ကိုယ့်ဘက်ကအသာရဖို့ အသုံးဝင်တဲ့အကြံပြုချက် ၅ ချက်ကို ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။


တစ်ဖက်လူပြောတဲ့စကားတွေထဲကအချို့ကို ရွေးချယ်ပြီးပြန်ပြောပါ


ကိုယ်ပြောချင်တဲ့စကားကို ပြန်မပြောခင် တစ်ဖက်လူပြောတဲ့စကားရဲ့ အပြီးသတ်စကားလုံး အနည်းငယ်ကို ထောက်ခံတဲ့ လေသံမျိုးနဲ့ပြန်ပြောပေးပါ။ ဒါဟာ တစ်ဖက်လူပြောတဲ့စကားကို ဂရုတစိုက်နားထောင်ကြောင်းဖော်ပြရာရောက်သလို ကိုယ်နဲ့ညှိနှိုင်းနေတဲ့လူစိတ်ထဲမှာ လုံခြုံစိတ်ချမှုကိုလည်း ဖြစ်ပေါ်စေပြီး သူတို့စိတ်ထဲရှိတာတွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောလာစေပါတယ်။ ဒီကနေတဆင့် တစ်ဖက်သားရဲ့သဘောထားကိုသေချာသိနိုင်ပြီး ညှိနှိုင်းရာမှာ ကိုယ့်ဘက်က အသာရဖို့ စည်းရုံးရမယ့်နည်းလမ်းတွေကို တွေ့ရှိလာမှာဖြစ်ပါတယ်။

Photo: Coaching

တစ်ဖက်လူရဲ့ခံစားချက်တွေကို ကိုယ်ချင်းစာကြောင်း ပြသပါ


ကိုယ်နဲ့ဆွေးနွေးညှိနှိုင်းနေသူရဲ့ စိုးရိမ်မှု၊ အလိုဆန္ဒနဲ့ ကိုယ့်အပေါ်အမြင်တွေကို နားလည်လက်ခံကြောင်း ပြသပေးပါ။ သူ့ရဲ့ခံစားချက်တွေကို ဟန်ဆောင်၊ပန်ဆောင်မဟုတ်ဘဲ အမှန်တကယ်ကိုယ်ချင်းစာနားလည်နိုင်အောင်ကြိုးစားရမှာပါ။ ကိုယ်တောင်းဆိုမယ့်အချက်တွေကို တစ်ဖက်လူကမငြင်းခင် အဲဒီအချက်တွေကို သူလက်မခံချင်တာကို သိရှိကြောင်းနဲ့ သူငြင်းရတဲ့အကြောင်းကိုလည်း နားလည်လက်ခံကြောင်း ကိုယ့်ဘက်ကအရင်ဖော်ပြပေးရပါမယ်။ ဒါဆိုရင် တစ်ဖက်လူ စိတ်ထဲမှာ ကိုယ့်ရဲ့တောင်းဆိုချက်တွေဟာ သူ့ကိုအနိုင်ရဖို့အတွက် မျက်စိမှိတ်တောင်းဆိုနေတာမျိုးမဟုတ်ဘဲ အမှန်တကယ်လိုအပ်လို့သာတောင်းဆိုနေတယ်ဆိုတာကို သဘောပေါက်လာမှာပဲဖြစ်ပါတယ်။


ငြင်းခွင့်ပေးပါ


လူအများစု မှားလေ့ရှိတဲ့အမှားတစ်ခုက ညှိနှိုင်းတဲ့အခါ ကိုယ့်သဘောအတိုင်း တစ်ဖက်လူက သဘောတူလာဖို့ ဘက်ပေါင်းစုံကနေအကြောင်းပြချက်တွေပေးပြီး တရစပ်ဖိပြောတတ်တာပါ။ ဒီလိုပြောလိုက်တဲ့အတွက် တစ်ဖက်လူမှာ ချောင်ပိတ်မိသလို ခံစားသွားရတတ်ပါတယ်။ ချောင်ပိတ်မိတဲ့ခံစားချက်မျိုးကိုဘယ်သူမှမနှစ်သက်ပါဘူး။ ဒါကြောင့် ကိုယ့်တောင်းဆိုချက်တွေကို လက်ခံသင့်တဲ့အကြောင်းရင်းတွေကို တစ်ချက်ပြီးတစ်ချက် ဖိမပြောဘဲ တစ်ဖက်လူကို ငြင်းခွင့်ပေးဖို့လိုပါတယ်။ ညှိနှိုင်းနေစဉ်အချိန်အတွင်း အငြင်းခံရမှာကို မကြောက်ပါနဲ့။အငြင်းခံရတဲ့အခါမှာလည်း စိတ်ဆိုးတာ၊ စိတ်ပျက်တာမျိုးတွေမဖြစ်ပါ

စေနဲ့။ အပြီးသတ်ရလဒ်မှာ ကိုယ်အလိုရှိတဲ့ အတိုင်းဖြစ်ဖို့ကိုသာ အာရုံစိုက်ပါ။

Photo:Reconteur

'ဟုတ်တယ်' ဆိုတဲ့စကားထွက်လာအောင် ကြိုးစားပါ


တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းကြတဲ့အခါ ကိုယ်ပြောလိုက်တဲ့စကားကို တစ်ဖက်လူက 'ဟုတ်တယ်၊မှန်တယ်' လို့ထောက်ခံတဲ့ စကားထွက်လာပြီဆိုရင် ညှိနှိုင်းမှုဟာပြေပြေလည်လည်နဲ့ လိုချင်တဲ့ရလဒ်ထွက်လာဖို့အများကြီး အလားအလာကောင်းသွား ပါပြီ။ ဒီလိုစကားထွက်လာဖို့အတွက် တစ်ဖက်လူလိုချင်နေတဲ့အချက်တွေကို သေချာဂရုတစိုက်နားထောင်ပြီး သူပြောလို့ပြီး သွားတဲ့အချိန်မှာ သူပြောသွားတဲ့အချက်တွေကိုအနှစ်ချုပ်ပြန်ပြောပြပြီး "ဟုတ်လား၊ မှန်လား " လို့လေးလေးစားစားပြန်မေး ပေးပါ။ ဒါဆိုရင် တစ်ဖက်လူဆီက 'ဟုတ်တယ်၊ မှန်တယ်' ဆိုတဲ့စကားထွက်လာဖို့ လွယ်ကူသွားပါပြီ။ ဒီကနေတဆင့် တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု၊နားလည်မှုတွေရလာဖို့လည်း အလားအလာကောင်းသွားမှာပဲ ဖြစ်ပါတယ်။

Photo:PM Tips

သူ့စိတ်ကြိုက်ညှိနှိုင်းခွင့်ရနေတယ်လို့ ခံစားရပါစေ


ဆွေးနွေးညှိနှိုင်းနေတဲ့စကားဝိုင်းကို သူ့စိတ်ကြိုက်ဦးဆောင်ခွင့်ရနေတယ်လို့ တစ်ဖက်လူရဲ့စိတ်ထဲမှာ ခံစားမိစေဖို့ကလည်း အရေးကြီးတဲ့အချက်ပါပဲ။ ဒီလိုခံစားရစေဖို့ သူလိုချင်တဲ့အချက်တွေ၊ သူမလိုချင်တဲ့အချက်တွေကို အရင်ပြောခွင့်ပြုပြီး ကိုယ့်သဘောဆန္ဒထက် သူ့သဘောဆန္ဒတွေအပေါ်မှာ အရင်ဆုံးအဓိကထားဆွေးနွေးပေးဖို့လိုပါတယ်။ နောက်ပြီး ကိုယ်လိုချင်တဲ့အချက်တွေကိုပြောတဲ့အခါမှာလည်း နိုင်ကွက်တွေကိုကိုင်ပြီး အကျပ်ကိုင်တာထက် သူခွင့်ပြုမှ ညှိနှိုင်းမှု အထမြောက်မယ့်သဘောမျိုးပြောပေးဖို့လည်း လိုအပ်ပါတယ်။ ဒီလိုနည်းနဲ့တစ်ဖက်လူက သူ့ကိုယ်သူအသာရနေတယ်လို့ ခံစားရပြီး နောက်ဆုံးမှာကိုယ့်ရဲ့တောင်းဆိုချက်တွေကို လိုလိုချင်ချင်လိုက်လျောလာနိုင်ပါတယ်။

Ref: Time

Share

Loading Next Article...
က္က