အီးမေးလ်ဆာဗာကို အေဂျင်စီရဲ့ တခြား Infrastructure တွေနဲ့ သီးသန့်ခွဲထားတယ်လို့ ပြောပါတယ်

နာမည်ကျော် စုံထောက်အဖွဲ့ကြီးတစ်ခုဖြစ်တဲ့ FBI ရဲ့ အီးမေးလ်ဆာဗာကို ဟက်ကာတွေ တိုက်ခိုက်ခဲ့ပြီးနောက် သိန်းနဲ့ချီတဲ့ Spam Messages တွေ ပို့နေခဲ့တယ်လို့ ဆိုပါတယ်။ 

စနေနေ့က FBI အဖွဲ့အစည်းကြီးရဲ့ အီးမေးလ်ဆာဗာစနစ်ကို ဟက်ကာတွေက ထိန်းချုပ်လိုက်ပြီးနောက် ဆိုက်ဘာတိုက်ခိုက်မှုသတိပေးမက်ဆေ့ချ်တုတွေ လိုက်ဖြန့်ခဲ့တာ ဖြစ်ပါတယ်။ Spam Message ဖြန့်တဲ့ သတင်းကို spam မက်ဆေ့ချ်ခြေရာခံတဲ့ SpamHaus က စတင် သတိထားမိတာ ဖြစ်ပါတယ်။ လက်ရှိမှာ Spam Message အနည်းဆုံး အစောင်ရေ ၁ သိန်း ပို့ထားပြီး ဖြစ်တယ်လို့ ယူဆထားပါတယ်။ 




ဟက်ကာတွေ ပို့ထားတဲ့ Spam Message ဟာ "အရေးပေါ်- စနစ်လုံခြုံရေး ခြိမ်းခြောက်သူရှိ" ဆိုပြီး FBI က မေးလ်ပို့တဲ့ ပုံစံနဲ့ ပို့ထားတယ်လို့ ဆိုပါတယ်။ ဒီအီးမေးလ်ဟာ မေးလ်လက်ခံရရှိသူဆီက အချက်အလက်နဲ့ ငွေကြေးခိုးဖို့ ထက် လန့်သွားအောင် Spam Prank လုပ်တာလည်း ဖြစ်ပါတယ်။ Bleeping Computer ရဲ့ စုံစမ်းချက်အရ Spam မေးလ်တွေဟာ လုံခြုံရေးသုတေသီ ဗင်နီ ထရော်ရီယာနဲ့ မတည့်တဲ့ ဟက်ကာအုပ်စုတစ်စုဆီကနေ လာတာ ဖြစ်မယ်လို့ ဆိုပါတယ်။ 

Spam မေးလ်ထဲမှာ အဆင့်မြင့်ဟက်ကာ ဗင်နီ ထရော်ရီယာဆီက နည်းပညာမြင့် ကွင်းဆက်တိုက်ခိုက်မှုတစ်ခု ရှိလာနိုင်တယ်ဆိုပြီး ပြောထားလို့ ဖြစ်ပါတယ်။ ဗင်နီ ထရော်ရီယာဟာ NightLion နဲ့ Shadowbyte စတဲ့ Dark Web Intelligence ကုမ္ပဏီတွေရဲ့ လုံခြုံရေးသုတေသနခေါင်းဆောင်လည်း ဖြစ်ပါတယ်။ FBI ဆာဗာတိုက်ခိုက်ခံရပြီး Spam မက်ဆေ့ကို တရားဝင် FBI အီးမေးလ်လိပ်စာ eims@ic.fbi.gov ကနေ ပေးပို့သွားတာ ဖြစ်ပါတယ်။

Photo: Mashable

အခုလို ကမ္ဘာကျော်အဖွဲ့အစည်းတစ်ခု ဆိုက်ဘာတိုက်ခိုက်ခံရတဲ့ကိစ္စဟာ စိုးရိမ်စရာဖြစ်ပေမယ့် FBI ကတော့ အီးမေးလ်ဆာဗာကို အေဂျင်စီရဲ့ တခြား Infrastructure တွေနဲ့ သီးသန့်ခွဲထားပြီး ဒါဟာ FBI ကော်ပိုရိတ်အီးမေးလ်ဝန်ဆောင်မှုနဲ့လည်း မဆိုင်ဘူးလို့ ပြောထားပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် FBI စနစ်ကို ဟက်ကာတွေ ဝင်ရောက်နိုင်တာဟာ အဖွဲ့အစည်းသိက္ခာကျသလို အများယုံကြည်မှုပါ ထိခိုက်စေနိုင်ပါတယ်။ 

နိုဝင်ဘာလဆန်းပိုင်းမှာပဲ သမ္မတဘိုင်ဒန်ရဲ့ အစိုးရအဖွဲ့ဟာ ဖက်ဒရယ်အေဂျင်စီများအနေနဲ့ ဆိုက်ဘာလုံခြုံရေးအတွက် စနစ်တွေ ပုံမှန်ဆန်းစစ်ဖို့ ယိုပေါက်တွေ ပြုပြင်ဖို့ ညွှန်ကြားထားခဲ့ပါတယ်။ FBI အတွက်တော့ ဒီအမိန့်ဟာ နည်းနည်း နောက်ကျပြီးမှ ရောက်လာတဲ့ပုံပါပဲ။ 

Share

Loading Next Article...
က္က