Neuralink ကို စာဖတ်သူတွေ သိမယ်လို့ ထင်ပါတယ်၊ Elon Musk တည်ထောင်ခဲ့တဲ့ အဆိုပါ ကော်ပိုရေးရှင်းမှာ သိပ္ပံပညာရှင် ၇ ဦး ပါဝင်ပြီး Neurotechnology ကို အဓိက လေ့လာတာပါ။
Neurotechnology ဆိုတာ ဖွံ့ဖြိုးဆဲ နည်းပညာတွေထဲ အဆင့်မြင့်ဆုံးဖြစ်ပြီး ဦးနှောက် အလုပ်လုပ်ပုံကို အနီးကပ်လေ့လာတဲ့ Technology ပါ။ အဲ့ကတဆင့် Brain Function ကို Visualise ပုံဖော်ပြီး ထိန်းချုပ်တာ ၊ ချို့ယွင်းချက်ရှိနေတဲ့ Function တွေကို ပြန်ပြင်တာ ၊ ပိုကောင်းအောင်လုပ်တာ စသဖြင့် Visualisation နည်းပညာနဲ့ ပံ့ပိုးတာပါ။
အခုဆိုရင် ပိုပြီး အဆင့်မြင့်တယ် ပြောရမလား The Next Step အတွက် Human Trail နဲ့ စမ်းသပ်ဖို့ FDA ခွင့်ပြုချက် ပေးလိုက်ပြီလို့ သိရပါတယ်။
ဒီသတင်းကို Neuralink Twiiter Page ကနေ ကြေညာလိုက်ပြီး ဒီအဆိုပြုချက်သာ မှန်ကန်ရင် ၎င်းတို့ရဲ့ Neuralink Device ကို လူသား ဦးနှောက်ထဲ ထည့်သွင်းပြီး စမ်းသပ်ဖို့ ဖြစ်လာမယ်လို့ ခန့်မှန်းရပါတယ်။
ဒိအတွက် ပထမဆုံး Patient ဘယ်သူဖြစ်မလဲ စိတ်ဝင်စားနေကြသလို 2022 နိုဝင်ဘာမှာ “
Human Trail နဲ့ စမ်းဖို့ ၆ လ ပဲစောင့်”လို့ Musk ကတိပေးခဲ့တဲ့အတိုင်း အကောင်ထည် ဖော်လိုက်ပြီလို့ သုံးသပ်နိုင်တယ်။
တဆက်ထဲမှာပဲ သူ့ဦးနှောက်ထဲ Chip ထည့်ဦးမယ်လို့ ပြောခဲ့ပြီး
အခုလို ခွင့်ပြုချက် ပေးလိုက်တာနဲ့အတူ Neuro Sicence ရဲ့ ခေတ်ရှေ့ပြေး နည်းပညာ ဖြစ်လာမလား?
ဘာအကျိုးကျေးဇူးတွေ ရမလဲ အစရှိတဲ့ မေးခွန်းတွေက Social Media မှာ ဂယက်ရိုက်နေပါတယ်။
လက်ရှိ အချိန်မှာတော့ စမ်းသပ်ခံ မျောက်တွေရဲ့ ဦးနှောက် ပုံပျက် ၊ ဆင်းပျက် ဖြစ်နေတာ ၊ ဝေဒနာ ခံစားရပြီး သေဆုံးတာနဲ့ ပတ်သက်လို့ စွပ်စွဲခံထားရတယ်လို့ သိရပါတယ်။ ဒီသတင်းဟာ PCRM (အကျိုးမြတ် မယူတဲ့ Physicians Committee for Responsible Medicine) ရဲ့ တင်သွင်းချက်က တဆင့် ပေါက်ကြားခဲ့တာပါ။
အဲ့ဒါနဲ့ ပတ်သက်လို့ Neuralink ငြင်းဆိုထားပြီး လူဦးနှောက်ထဲ Brain-computer Interface စမ်းသပ်တဲ့ အထဲမှာ Synchron ဟာ ပထမဆုံး ဖြစ်တယ်လို့ သိရပါတယ်။ ၎င်းကို 2021 မှာ FDA ခွင့်ပြုခဲ့ပြီး 2022 ဇူလိုင်မှာ စမ်းသပ်ထားတဲ့ လူနာ ၄ ဦးရဲ့ ရလာဒ်ကို ထုတ်ပြန်ခဲ့ပါတယ်။
အခုလို သိပ္ပံနဲ့ နည်းပညာ ဖွံ့ဖြိုး တိုးတက်မှုက တခါတရံ ထိတ်လန့်စရာ ကောင်းသလို တဖက်က အကျိုးဖြစ်ထွန်းမယ်ဆိုရင် စာဖတ်သူ ဘယ်လိုတွေးမိလဲ? Neuralink Recruitment လုပ်ရင် တစ်ခုလောက် ထည့်ကြည့်မလား?