OnePlus 11 စီးရီးမှာ သုံးခဲ့တဲ့ Sony Sensor နဲ့ Nord 3 ကို ကြေညာနိုင်ချေ ရှိပါတယ်

ဇူလိုင် ၅ မှာ ကြေညာမယ်လို့ အတည်ပြုထားတဲ့ OnePlus နောက်ကွယ် ပေါက်ကြားနေတဲ့ သတင်းအရ Nord ကို စိတ်ဝင်စားဖို့ကောင်းတဲ့ Specs နဲ့ မြင်ရဖို့ ရှိနေပါပြီ။

ကင်မရာပိုင်း ဂရုစိုက်လာတဲ့ တရုတ်ဖုန်း တိုက်ပွဲမှာ သူ့ Level နဲ့သူ ကြမ်းအောင် အကောင်းဆုံး Sensor ကို သုံးကြတဲ့နောက် Nord 3 မှာ Sony IMX890 ပါလာမယ်လို့ “Ishan Agarwal” ဆိုသူ Tipster တယောက် ထ Leak ထားပါပြီ။

IMX890 ဟာ OnePlus 11 နဲ့ 11R မှာ ပါဝင်ခဲ့တဲ့ Flagship Sensor ဖြစ်သလို Nord 3 မားကတ်တင်းရဲ့ အဓိက Feature ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

ဒီဇိုင်းပိုင်း အနေနဲ့ အထွေထူး ပြောင်းလဲဖို့ မရှိတဲ့ ဖုန်းအသစ်မှာ Virtual RAM လုပ်ဆောင်ချက် ပါလာပြီး စုစုပေါင်း 16GB RAM Capacity နဲ့ တဖုံ ကြော်ငြာဦးမယ်လို့ Ishan ဆိုထားပါတယ်။

Camera ဦးစားပေး ဖြစ်လာမယ့် Nord 3 မှာ IMX890 ကို ဘာ Imaging Processor နဲ့ ကိုင်တွယ်မလဲ မေးခွန်းက စိတ်ဝင်စားမှုကို မြင့်တက်စေပြီး Dimensity 9000 Chipset နဲ့ တာဝန်ယူမယ်လို့ ခန့်မှန်းထားတာမျိုး ရှိပါတယ်။

အဆိုပါ MediaTek SoC က IMX890 လုပ်ဆောင်နိုင်စွမ်းကို အပြည့်ဝ ကိုင်တွယ်မယ်လို့ ယူဆရပြီး Nord 3 မှာ 6.7” 120Hz Display ၊ 256GB Storage နဲ့ 80W အားသွင်းစနစ် ထောက်ပံ့ထားမယ့် 5,000 mAh Battery နဲ့ ပွဲထုတ်မယ်လို့ ကနဦး သိထားရပါတယ်။

IMX890 50MP Sensor နဲ့ တွဲမှာ 8MP Ultra-wide ၊ 2MP Macro Lens နဲ့ 16MP Selfie Camera ပါဝင်မယ့် Nord 3 မှာ Nothing Phone 2 အပြင် Vivo X90s လို High-end တွေ ရှိနေလို့ ဇူလိုင် ၅ မှာ တန်ကြေး ဘယ်လောက်နဲ့ ကြေညာမလဲဆိုတာက အရေးပါဆုံး ဖြစ်နေတယ်လို့ သုံးသပ်လိုက်ရပါတယ်။

Source: GizmoChina

Share

Loading Next Article...
က္က