သုံးနှစ်ကျော်ကြာ Updates ပေးပြီးနောက် OnePlus ရဲ့ ၂၀၁၈ မော်ဒယ် Flagship ဖုန်းတွေကို Support ပေးမှု တရားဝင် ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။

OnePlus 6 နဲ့ 6T တို့ကို Software Support ပေးမှု တရားဝင် ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း OnePlus က တရားဝင်ဖိုရမ်ပို့စ်မှာ ကြေညာလိုက်တာပါ။ 




Photo : gadgetstouse


"Closed Beta builds ၆၀ ခန့်နဲ့ Open Beta builds ၃၀ ကျော်လောက် ပေးခဲ့ပြီး Major Updates သုံးခုနဲ့ သုံးနှစ်ကျော်ကြာ Updates ထုတ်ပေးခဲ့ပြီးနောက် အခုက တစ်ခန်းရပ်ဖို့ အချိန်ကျလာပြီ ဖြစ်ပါယ်။ OnePlus 6 နဲ့ OnePlus 6T တို့ကို Official Software Support ပေးမှု အဆုံးသတ်ပြီ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။" လို့ ပို့စ်မှာ ဖော်ပြထားပါတယ်။ 

အခုလို Support ပေးမှု ရပ်လိုက်တာကြောင့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ပေးခဲ့တဲ့ OxygenOS 11.1.2.2 ဟာ OnePlus 6/6T တို့ နောက်ဆုံးရခဲ့တဲ့ Final Update အဖြစ် ရှိတော့မှာ ဖြစ်ပါတယ်။ ဒီထုတ်ကုန်နှစ်မျိုးစလုံးထဲက ဘယ်မော်ဒယ်မှ တရားဝင် Android 12 build ရတော့မှာ မဟုတ်ပါဘူး။ OnePlus ဟာ ကတိအတိုင်း ဒီဖုန်းနှစ်မျိုးအတွက် Security Updates သုံးနှစ်အထိ ထုတ်ပေးခဲ့တာ ဖြစ်လို့ စိတ်ကျေနပ်လောက်တဲ့ တာဝန်ယူမှုပေးခဲ့တယ်လို့ ဆိုရမှာပါ။

၂၀၁၈ နှစ်လယ်က ထွက်ခဲ့တဲ့ OnePlus 6 ဟာ Android 8.1 Oreo ထွက်လာခဲ့တာ ဖြစ်ပြီး OnePlus 6T ကတော့ နည်းနည်း နောက်ကျပြီးမှ ထွက်လာတာ ဖြစ်ပါတယ်။ OnePlus 8 စီးရီးကစလို့ ၂၀၂၀ နောက်ပိုင်းထွက် OnePlus Flagship တွေမှာ Major Android Updates ၃ ခုနဲ့ Security Updates ၄ နှစ်စာ ရမယ်လို့ ကုမ္ပဏီက ကတိပြုထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က