Samsung Display ဟာ Foldable screen ထုတ်လုပ်မှုကို ၄၇% အထိ တိုးထုတ်လာနေတယ်လို့ သတင်းထွက်နေပါတယ်။
Korean Economic Daily သတင်းအရ ဗီယက်နမ်နိုင်ငံ Bac Ninh မှာ ရှိတဲ့ Samsung Display စက်ရုံဟာ ၂၀၂၁ အကုန်နဲ့ ၂၀၂၂ နှစ်ဆန်းပိုင်းမှာ Foldable display ထုတ်လုပ်မှုကို တစ်နှစ်မှာ ၁၇ သန်းကနေ ၂၅ သန်းအထိ တိုးချဲ့လာနေတယ်လို့ ဆိုပါတယ်။ ဒီလို display တွေထဲက ၁၀ သန်းဟာ အသစ်ထွက်လာမယ့် Galaxy Z Fold ဖုန်းတွေအတွက် ထုတ်တာ ဖြစ်ပြီး ကျန်တဲ့ ၁၅ သန်းကတော့ Galaxy Z flip မော်ဒယ်တွေမှာ သုံးဖို့ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
Photo: Korean Economic Daily
Samsung ဟာ မကြာသေးခင်ကပဲ Foldable ဖုန်းတွေ ဖြစ်တဲ့ Galaxy Z Fold 3 နဲ့ Galaxy Z Flip 3 တို့ကို ဖြန့်ချိထားတာပါ။ တောင်ကိုရီးယားမှာ ဒီ နောက်ဆုံးပေါ် Foldable ဖုန်းနှစ်မျိုးကို pre-order မှာသူတွေအတွက် အလုံးရေ ၉၂၀၀၀ ရောင်းချထားတယ်လို့လည်း ဆိုပါတယ်။ Galaxy Z Fold 3 နဲ့ Galaxy Z Flip 3 တို့ကို တရုတ်ကလည်း အလုံးရေ ၁ သန်းအထိ pre-order မှာထားတာပါ။
ပထမဆုံး ထုတ်တဲ့ Samsung ရဲ့ Foldable ဖုန်း Galaxy Fold ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အလုံးရေ ၅ သိန်းပဲ ရောင်းချခဲ့ရတာ ဖြစ်ပြီး ဒီနောက် ထွက်လာတဲ့ Galaxy Z Fold 2 နဲ့ Galaxy Z Flip တို့ဟာ စုစုပေါင်း အလုံးရေ ၁.၅ သန်း ရောင်းချနိုင်ခဲ့တာပါ။ Korean Economic Daily သတင်းမှာတော့ Samsung ဟာ နောက်ဆုံးထွက် Galaxy Z Fold 3 နဲ့ Galaxy Z Flip 3 မော်ဒယ်နှစ်မျိုးကို ထုတ်လုပ်ပြီး ၂ လအတွင်း အလုံးရေ ၃ သန်း ထုတ်ထားတယ်လို့လည်း ဖော်ပြထားပါတယ်။
တတိယမျိုးဆက် Foldable မော်ဒယ်တွေဟာ နောက်ဆုံးထွက် Galaxy S21 ထက် တောင်ကိုရီးယားမှာ pre-order မှာယူမှုပမာဏ ၁.၈ ဆ ပိုများတယ်လို့လည်း ဆိုပါတယ်။ Samsung ရဲ့ Foldable ဖုန်းတွေဟာ ဈေးကွက်မှာ ဦးဆောင်လာနေပြီး Foldable ဖုန်းလောကမှာ နံပါတ်တစ်နေရာက ရှိပါတယ်။ ပြိုင်ဘက်စမတ်ဖုန်းကုမ္ပဏီတွေအနေနဲ့ Samsung လိုမျိုး Foldable ဖုန်းတွေ ထုတ်နိုင်ဖို့ ကြိုးစားနေဆဲ ဆိုပေမယ့် အခုထိတော့ ဈေးကွက်ဝင် Foldable ဖုန်းကို ထုတ်နိုင်ခြင်း မရှိသေးပါဘူး။