အမေရိကန်အတွက်ပဲ အရင်ဖြန့်ချိထားတာပါ

subscriber တွေကနေ ငွေရှာနိုင်မယ့် Super Follows feature ကို Twitter ကနေ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

           Super Follows feature ကို ဒီနှစ် ဖေဖော်ဝါရီလထဲက ကြေညာခဲ့တာ ဖြစ်ပေမယ့် တကယ်တမ်း launch လုပ်ဖို့ လပေါင်းများစွာ ကြာခဲ့တာပါ။ ဒီ feature ဟာ content creator တွေ ငွေရှာလို့ရမယ့် အစီအစဉ် တစ်ခုဖြစ်ပြီး အနည်းဆုံး Twitter မှာ follower ၁၀၀၀၀ ရှိသူတွေဟာ ဒီအစီအစဉ်မှာ ပါဝင်နိုင်မှာ ဖြစ်တယ်လို့ CNBC က ဆိုပါတယ်။ လောလောဆယ် အသက် ၁၈ နှစ်နဲ့အထက် အမေရိကန်နိုင်ငံက Twitter သုံးသူတွေပဲ ဒီအစီအစဉ်မှာ အကျုံးဝင်မှာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရက် ၃၀ အတွင်း အနည်းဆုံး Tweet တင်မှုအကြိမ်ရေ ၂၅ ကြိမ် ရှိရမှာ ဖြစ်ပါတယ်။




Photo: CNBC

           ပုံမှန် content တင်လေ့မရှိတဲ့သူတွေကတော့ Super Follows feature ရနိုင်မှာ မဟုတ်ပါဘူး။ အခုပြောတဲ့ အချက်တွေနဲ့ ကိုက်ညီသူတွေဟာ Super Follows အစီအစဉ်မှာ ပါဝင်လို့ ရပါတယ်။ ဒီ feature ကို သုံးဖို့အတွက် Twitter app ကို ဖွင့်ပြီး menu ပွင့်လာဖို့ screen ကို ညာဘက် swipe လုပ်ပြီး အောက်ခြေက Monetization ဆိုတဲ့ option ကို ဝင်လိုက်ရင် Super Follows ကို တွေ့မှာပါ။

           ဒီ feature ကို ဖွင့်လိုက်ရင် Super Follows အလုပ်လုပ်ပုံနဲ့ Twitter နဲ့ ငွေဘယ်လောက် ရနိုင်မလဲဆိုတာ ကြည့်နိုင်မှာ ဖြစ်ပါတယ်။ ပြီးရင် screen အောက်ခြေက Check Eligibility ကို နှိပ်ပြီး Apply button ကို နှိပ်ရုံပါပဲ။ Super Follows လျှောက်ထားပြီး ရတဲ့ content creators တွေဟာ subscriber သီးသန့် content တွေအတွက် subscription ကြေးကို ၂.၉၉ ဒေါ်လာ ၊ ၄.၉၉ ဒေါ်လာ နဲ့ ၉.၉၉ ဒေါ်လာစီ သတ်မှတ်နိုင်မယ်လို့ ဆိုပါတယ်။


Photo: CNBC

           Super Follow အကောင့် ရှိထားသူတွေဟာ ပုံမှန် follower နဲ့ အခကြေးငွေပေးတဲ့ follower တွေအတွက် ဆိုပြီး Tweet ကို Audience ရွေးတင်နိုင်မှာပါ။ Subscribe လုပ်မယ့် follower တွေအနေနဲ့ သူ follow လုပ်မယ့် အကောင့်ပေါ်က follow ခလုတ်ဘေးက star နဲ့ ခရမ်းရောင် လူပုံစံ icon လေးနှိပ်ပြီး စာရင်းသွင်း Sign Up လုပ်နိုင်မှာ ဖြစ်ပါတယ်။

           Twitter ဟာ ဒီနှစ်ထဲမှာပဲ သုံးစွဲသူတွေအတွက် ကြေညာမပါဘဲ သတင်းဖတ်နိုင်မယ့် Scroll ဆိုတဲ့ subscription service ကို ဝယ်ခဲ့သလို အဲ့ဒီအရင်ကလည်း သတင်းဝန်‌ဆောင်မှုတစ်ခု ဖြစ်တဲ့ Revue ကို ဝယ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က