ဒီတပတ်Duwun ပရိသတ်တွေ အတွက် ဆိုင်ကောင်းကောင်းလေးတစ်ဆိုင် မိတ်ဆက်ပေးဖို့ တွေ့ထားပါတယ်။ ကွေ့သယို မှ ကွေ့သယို ဆိုတဲ့ စားသုံးသူတွေအတွက် ဘန်ကောက်က ကွေ့သယို အရသာနဲ့ တထပ်တည်းရရှိစေမယ့် လှည်းတန်းကျောင်းရှေ့ မှတ်တိုင်ရှေ့က BKK ကွေ့သယို ဆိုင်ကောင်းလေးပါ။ 



BKK ကွေ့သယို ဆိုင်လေးက Food Truck လေးနဲ့ စတင်ရောင်းချခဲ့

BKK ကွေ့သယို ဆိုင်လေးကတော့ သက်တမ်းအားဖြင့် တစ်နှစ်တောင် မပြည့်သေးပေမပေလည်း လွန်ခဲ့တဲ့ ၂နှစ်ကတော့ ယောက်လမ်းမှာ Food Truck လေးနဲ့ စတင်ရောင်းချခဲ့ဖူးတယ်လို့လည်းသိရပါတယ်။ အခြေအနေ အကြောင်းကြောင့်ပဲ Food Truck လေးနဲ့ ရောင်းတာကို ပိတ်သိမ်းခဲ့လိုက်ပြီး နောက်မှာတော့ BKK ကွေ့သယိုဆိုတဲ့နာမည်နဲ့ လွန်ခဲ့တဲ့ ၆ လခန့်ကမှ ရောင်းချခဲ့ပြီးလတ်တလောမှာလည်း နာမည်ကြီးနေတဲ့ဆိုင်လေးတစ်ဆိုင်ဖြစ်လို့နေပါပြီ။ 

ကွေ့သယို ဆိုင်တွေ အများကြီးထဲကမှ BKK ကွေ့သယို နာမည်ကြီးရတဲ့အကြောင်း 

ဘန်ကောက်ကို မှ ခရီးထွက်ရတာသဘောကျပြီး ဘန်ကောက်ကအစားအစာ တွေကို လွမ်းနေကြတဲ့ သူတွေအတွက်ကတော့ BKK ကွေ့သယို ဆိုင်ကတော့ တကယ့်ကိုပဲ အလွမ်းဖြေ စရာကောင်းတယ်လို့ ဆိုရမှာပါ။ ဘန်ကောက်က ကွေ့သယို အရသာတွေအတိုင်းကို တထပ်တည်းနီးပါး တူညီမှုကို ခံစားရပြီး အရမ်းလည်းဈေးမကြီး အရမ်းလည်းဈေးပေါတယ်လို့ မထင်ရတဲ့ ဈေးနှုန်း သတ်မှတ်ချက်တစ်ခုကြောင့်ပဲ BKK ကွေ့သယိုဆိုင်ဟာ အချိန်တိုအတွင်း နာမည်ကြီးလာတော့တာပါပဲ။ 

BKK ကွေ့သယိုဆိုင်မှာရရှိနိုင်မယ့် ကွေ့သယို အမျိုးအစားတွေ 

ထိုင်းလူမျိုးတွေရဲ့ ယဉ်ကျေးမှု စားစရာ တစ်ခုဖြစ်တဲ့ ကွေ့သယိုမှာ အမျိုးပေါင်း ၁၀၀ကျော် လောက်ကိုရှိတာပါ။ အဲ့ဒီ့အထဲကမှ လူကြိုက်များပြီး မြန်မာလူမျိုးတွေရဲ့ ခံတွင်းနဲ့ လိုက်မယ့် ကွေ့သယိုတွေကို ရွေးချယ် ရောင်းချထားတာပဲဖြစ်ပါတယ်။ ရရှိနိုင်တဲ့ ကွေ့သယိုMenu တွေကတော့ ကွေ့သယိုအသုပ်(ကြက်) နဲ့ (ဝက်) ၊ ကြက်စတူး ကွေ့သယို၊ ဝက်အူစုံ Soup ၊ဝက်သွေး ကွေ့သယို၊ ဝက်ကွေ့သယို၊ တုန်ယမ်းကွေ့သယို၊ တုန်ယမ်း ကွေ့သယို၊ ဝက်အူစုံ Soup (အရည်ကြည်နဲ့ အုန်းသီးခွံထဲမှာ ရေခဲမုန့်တွေကို ထည့်ထားတဲ့ အရသာရှိလှတဲ့ ရေခဲမုန့်တွေကို ဈေးနှုန်း သုံးထောင်ကျပ်နဲ့ လေးထောင်ကြား သတ်မှတ်ထားတာပဲဖြစ်ပါတယ်။ 

တစ်ရက်ကို ပွဲ သုံးရာနဲ့ လေးရာ ကြား ရောင်းချနေရလောက်အောင်နာမည်ကြီးလာ 

အခုဆိုရင် BKK ကွေ့သယို ဆိုင်လေးကတော့ စားသုံးသူတွေနဲ့ အပြည့် ဖြစ်နေပြီး တစ်ရက်တစ်ရက်ကို ပွဲ ၃၀၀နဲ့ ၄၀၀ အကြား ရောင်းချနေရပြီလို့လည်း သိရပါတယ်။ "အစ်မ စစဖွင့်ချင်းတုန်းက ပွဲ ၁၀၀လောက်ပဲ ရောင်းရလိမ့်မယ်လို့ စိတ်ထဲမှာတွေးထားဖူးတယ်။ ဆိုင်ခန်းနေရာနဲ့ Kitchen နေရာကလည်းကျဉ်းတယ်လေ။ကျဉ်းတော့ အဲ့လောက်ပဲ လျာထားတာ။ဒါပေမယ့်အခုလို လူသိများပြီးစားသုံးသူအချင်းချင်းဝေမျှတဲ့အခါမှာ လူသိများပြီးပေါက်သွားတဲ့အချိန်မှာကျတော့ တစ်ရက်ကို ပွဲ ၃၀၀ နဲ့ ၄၀၀ ကြားလောက်ကို ရောင်းရတယ်။တစ်ခါတစ်လေ အရသာမမှန် ဖြစ်သွားတာမျိုး အော်ဒါစောင့်ရတာကြာသွားတာမျိုးဖြစ်သွားရင် တကယ်တောင်းပန်ပါတယ်။အကောင်းဆုံးကြိုးစားသွားပါ့မယ်"လို့ BKK ကွေ့သယို ဆိုင်ရှင် မအင်ကြင်းမိုးက ပြောပြခဲ့ပါတယ်။

ကွေ့သယို ကောင်းကောင်းစားချင်သူတွေ အနေနဲ့ကတော့ အရသာရှိလှပြီး ဈေးနှုန်းသင့်တင့်တဲ့ BKK ကွေ့သယို ဆိုင်လေးကို သွားရောက် ဝယ်ယူစားသုံးကြည့်ကြဖို့ လက်တို့လိုက်ပါရစေ။ BKK ကွေ့သယိုဆိုင်လေး ကတော့ အမှတ် (၉၅)၊ လှည်းတန်းလမ်းမ၊ကျောင်းရှေ့မှတ်တိုင် မျက်နှာချင်းဆိုင်မှာတည်ရှိတာပဲဖြစ်ပြီး ဖုန်းနံပါတ်-09977792204/ 09-428223540/ 09699396642တို့ဆက်သွယ်မှာယူနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က