၂၀၂၂ ရဲ့ ဝင်ငွေအကောင်းဆုံးဘောလုံးသမားဖြစ်လာခဲ့တာပါ။

ပီအက်စ်ဂျီတိုက်စစ်မှူးကိုင်လီယန်ဘတ်ပီကတော့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးကစားသမားစာရင်းမှာ ရော်နယ်ဒိုနဲ့ မက်ဆီကို ကျော်ဖြတ်သွားခဲ့ပါပြီ။ ၈ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် မက်ဆီနဲ့ ရော်နယ်ဒိုမဟုတ်တဲ့ ကစားသမားတဦးက Forbes ရဲ့ တနှစ်တာဝင်ငွေအကောင်းဆုံးကစားသမားစာရင်းမှာ ပထမနေရာကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

အသက် ၂၃ နှစ်အရွယ် ဘတ်ပီက ၂၀၂၂ မှာ ဝင်ငွေစုစုပေါင်း ပေါင် ၁၁၅ သန်းအထိ ရရှိခဲ့ပြီး ထိပ်ဆုံးမှာရပ်တည်နိုင်ခဲ့တာပါ။ သူ့နောက်မှာ မက်ဆီက ပေါင် ၁၀၈ သန်း၊ ရော်နယ်ဒိုက ပေါင်သန်း ၉၀ နဲ့ အစဉ်လိုက်ရှိနေခဲ့ပါတယ်။ ၂၀၁၄ ကစပြီး ဒီစာရင်းမှာ ရော်နယ်ဒိုနဲ့ မက်ဆီက တလှည့်စီဦးဆောင်နေခဲ့ရာကနေ ဒီနှစ်မှာတော့ ဘတ်ပီက သူတို့ကို နောက်ကောက်ချပစ်ခဲ့ပါပြီ။ 

ပီအက်စ်ဂျီနဲ့ ၃ နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တာ၊ အခြားသောပြင်ပဝင်ငွေအရပ်ရပ်တွေမှာ ဘတ်ပီရရှိခဲ့တာတွေက အံ့မခန်းတိုးပွားလာခဲ့တာကြောင့်လည်းဖြစ်ပါတယ်။ ပီအက်စ်ဂျီနဲ့ စာချုပ်သစ်ချုပ်ဆိုရာမှာ လက်မှတ်ထိုးကြေးချည်းပဲ ဘတ်ပီက အနည်းဆုံး ယူရို ၁၀ သန်းအထိ ရရှိခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပြီး လုပ်ခလစာ၊ ပုံရိပ်ခံစားခွင့်နဲ့ အခြားသောအပိုဆုကြေးတွေကလည်း မနည်းမန​ောဖြစ်မယ်လို့ ယုံကြည်ရပါတယ်။ 

သူတို့ ၃ ဦးနောက်မှာတော့ နေမာ၊ ဆာလာ၊ ဟာလန်း၊ လီဝန်ဒေါစကီး၊ ဟာဇက်၊ အင်နီယေစတာနဲ့ ဒီဘရိုင်းတို့က အစဉ်လိုက်ရပ်တည်နေပြီး ထိပ်ဆုံး ၁၀ ဦးစာရင်းမှာ ရှိနေခဲ့ကြပါတယ်။ ရော်နယ်ဒိုက ပရီးမီးယားလိဂ်မှာ ဝင်င​ွေအကောင်းဆုံးကစားသမားအဖြစ်ရှိနေခဲ့ပြီး ဘတ်ပီ၊ မက်ဆီနဲ့ နေမာတို့ ၃ ဦးကတော့ ပြင်သစ်လီဂူးကို နေရာတိုင်းမှာ လွှမ်းမိုးထားတဲ့ ကစားသမားတွေဆိုတာကိုလည်း မြင်တွေ့ရမှာပါ။ 


Share

Loading Next Article...
က္က