App Store ပေါ်ကနေ ‌ဒေါ်လာ ၁.၂ ဘီလျံအထိ ဝင်ခဲ့တာပါ

ဂိမ်းအတွင်း တိုက်ရိုက်ငွေပေးစနစ် သုံးတာကြောင့် App Store ကနေ ဖြုတ်ချမှု မလုပ်ခင်အထိ Apple ဟာ Fortnite ကနေ ဒေါ်လာသန်း ၃၆၀ ခန့် ဝင်ငွေရခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။

Sensor Tower ရဲ့ အချက်အလက်တွေကို ကိုးကားပြီး Business Insider ကနေ ဖော်ပြထားတာပါ။ Sensor Tower အချက်အလက်တွေအရ Fortnite ပလေယာတွေဟာ V-Bucs နဲ့ passes တွေပေါ်မှာ ဒေါ်လာ ၁.၂ ဘီလျံခန့် ငွေသုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။ App Store ဟာ in-app purchase ဝယ်ယူမှုတိုင်းအတွက် ကော်မရှင်ကြေး ၃၀% ကောက်ခံတာ ဖြစ်ပါတယ်။



Photo: MacWorld


ကော်မရှင်ကြေးနဲ့ တွက်ကြည့်မယ်ဆိုရင် Apple ဟာ Fortnite ဆီကနေ အကြမ်းဖျဉ်း ဒေါ်လာသန်း ၃၆၀ ရဖို့ ရှိပါတယ်။ ပလေယာပေါင်း ၁၀၀ အထိ ကစားနိုင်တဲ့ Fortnite Battle Royyale ဟာ ပြီးခဲ့တဲ့ ၂၀၁၈ မတ်လလယ်လောက်မှာ App Store ပေါ် ရောက်လာခဲ့တာပါ။ ဒီဂိမ်းကို iPhone နဲ့ iPad တို့ပေါ်မှာ ဒေါင်းလုပ်ဆွဲပြီး ထည့်သွင်းမှုပေါင်း ၁၃၃.၂ သန်း ရှိထားတယ်လို့ ဆိုပါတယ်။

Sensor Tower ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ရက်ပေါင်း ၃၀ အတွင်း Fortnite ဟာ ဝင်ငွေ ဒေါ်လာ ၄၃.၄ သန်း နဲ့ ဒေါင်းလုပ်ဆွဲမှုပေါင်း ၂.၄ သန်း ရရှိထားတယ်လို့ ဖော်ပြထားပါတယ်။ Google Play Storeပေါ်မှာတော့ App Store လောက် ဝင်ငွေမကောင်းခဲ့ပါဘူး။ Play Store ဗားရှင်းပေါ်မှာ ငွေသုံးစွဲမှုဟာ စုစုပေါင်း ဒေါ်လာ ၁၀ သန်းပဲ ရှိပြီး ဒေါင်းလုပ်ဆွဲမှု ၁၁ သန်း ရှိထားပါတယ်။

Photo: MacWorld


တစ်လအတွင်း Google Play Store ပေါ်မှာ ဒေါင်းလုပ်ဆွဲမှု ၂ သန်း နဲ့ ဝင်ငွေ ဒေါ်လာ ၃.၃ သန်း ရထားပါတယ်။ ဒါကလည်း Fortnite အနေနဲ့ ဒီနှစ်ဧပြီလထဲမှာမှ Store ပေါ် ဖြန့်ချိခဲ့လို့ ဖြစ်ပါတယ်။ အခုတော့ Google Play Store ရော Apple App Store ကပါ Fortnite ကို ဖြုတ်ချထားပါတယ်။

Fortnite ဂိမ်းကို ရေးဆွဲထားတဲ့ Epic Games ကလည်း Google နဲ့ Apple တို့ကို ဈေးကွက်လက်ဝါးကြီးအုပ်မှုနဲ့ တရားပြန်စွဲထားပါတယ်။ Epic Games ကတော့ သူ့ဘက်ကို ရပ်တည်ဖို့ အွန်လိုင်းမှာ နှိုးဆော်မှုတွေ လုပ်နေပြီး Facebook ကုမ္ပဏီကလည်း Apple ရဲ့ App Store tax ကို လျှော့ချဖို့အရေးကို ထောက်ခံထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က