PUBG ကို ပိတ်ပင်တဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်ပါတယ်။

နာမည်ကျော် MOBA ဂိမ်းနှစ်ခု ဖြစ်တဲ့ Fortnite နဲ့PUBG တို့ဟာ နိုင်ငံတစ်ချို့မှာ ပိတ်ပင်ခံရမှုနဲ့စတင် ကြုံတွေ့လာနေပါတယ်။

         အီရတ်ပါလီမန်လွှတ်တော်ဟာ လူထုအပေါ် ဆိုးကျိုးရှိနိုင်တာကြောင့် Fortnite နဲ့PlayerUnknown's Battlegrounds ဂိမ်းကို ပိတ်ပင်ဖို့အဆိုပြုမဲပေးထားတယ်လို့Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ဒီသတင်းမှာပဲ အီရတ်ပါလီမန်အနေနဲ့ယခု ပိတ်ပင်ဖို့မဲပေးထားတဲ့ ဂိမ်းနှစ်ခုဟာ ကလေးသူငယ်နဲ့လူငယ်များအပေါ် ကျင့်ဝတ်ပိုင်း ခြိမ်းခြောက်မှုများအပါအဝင် အီရတ်လူ့အဖွဲ့အစည်းရဲ့ လုံခြုံမှု ၊ ကျန်းမာရေးနဲ့ယဉ်ကျေးမှုပေါ်မှာ ဆိုးကျိုး ရှိနိုင်တယ်လို့ဆိုပါတယ်။

         ရှီအိုက်ဘာသာရေးခေါင်းဆောင် နဲ့Mahdi Army ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း Moqtada al-Sadr ဟာ ပြီးခဲ့တဲ့ အပတ်ကပဲ PUBG ဂိမ်းဟာ စွဲလမ်းစေနိုင်တာကြောင့် ပိတ်ပစ်ဖို့အစိုးရကို တောင်းဆိုခဲ့ပါတယ်။ " PUBG ထဲမှာ လူတစ်ယောက် နှစ်ယောက် သတ်လို့ဘာရမှာလဲ။ ဒါက ဦးနှောက်ကို လေ့ကျင့်တဲ့ ဂိမ်းလည်း မဟုတ်သလို စစ်တိုက်နည်းကို နည်းလမ်းတကျ ညွှန်ပြထားတဲ့ စစ်ဂိမ်းလည်း မဟုတ်ဘူး" လို့သူ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

         PUBG ဟာ မကြာသေးမီက နီပေါမှာ အပိတ်ခံထားရတဲ့ ဂိမ်းဖြစ်ပြီး အီရတ်ဟာ PUBG ကို ပိတ်ပင်တဲ့ စတုတ္ထမြောက်နိုင်ငံလည်း ဖြစ်ပါတယ်။ နီပေါတယ်လီကွန်းအာဏာပိုင်များအဖွဲ့ NTA ဟာ PUBG ကို ပိတ်ပင်ဖို့မိုဘိုင်း တယ်လီကွန်းတွေနဲ့Internet Service Provider တို့ကို အမိန့်ပေးထားပါတယ်။ PUBG ကို အိန္ဒိယ ၊ ယူအေအီးတို့မှာလည်း ပိတ်ပင်ထားတာပါ။

Photo: Engadget

         PUBG လိုပဲ ဂိမ်းကစားသူ သန်း ၂၅၀ ကျော် ရှိထားတဲ့ Battle Royale ဂိမ်း Fortnite ဟာလည်း အီရတ်မှာ အပိတ်ခံထားရပါတယ်။ ယူကေရဲ့ ဗြိတိန်သရဖူဆောင်းမင်းသား နဲ့ Sussex မြို့စား မင်းသားဟယ်ရီဟာ Fortnite ကို ပိတ်ပင်ဖို့တောင်းဆိုခဲ့ပါတယ်။ ဒီဂိမ်းနှစ်မျိုးစလုံးဟာ ၂၀၁၇ မှာ စတင် ထွက်ပေါ်လာခဲ့တဲ့ ဂိမ်းတွေလည်း ဖြစ်ပါတယ်။ PUBG ဟာ တောင်ကိုရိးယား ဗွီဒီယိုဂိမ်းကုမ္ပဏီ Bluehole ကနေ ရေးဆွဲထားတဲ့ ဂိမ်းဖြစ်ပြီး Fortnite ကိုတော့ အမေရိကန်ဂိမ်းကုမ္ပဏီ Epic Games မှ ထုတ်လုပ်ထားတာပါ။

         ဒီနှစ်ထဲမှာပဲ PUBG ကလည်း PUBG Mobile Club Open 2019 နာမည်နဲ့ ဒေါ်လာ ၂ သန်း ကျော် ဆုကြေးပေးမယ့် ကမ္ဘာ့အဆင့် ဂိမ်းပြိုင်ပွဲတစ်ရပ် ပြုလုပ်သွားမယ်လို့ကြေညာထားပြီး Fortnite ကို ရေးဆွဲထားတဲ့ Epic Games ကလည်း အသက် ၁၃ နှစ်နဲ့အထက် ပလေယာတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်မယ့် ဒေါ်လာ သန်း ၄၀ တန် Fortnite World Cup ပြိုင်ပွဲ ကျင်းပနေပြီ ဖြစ်ပါတယ်


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က