ဖိုင်နယ်ပွဲကိုတော့ သွားကြည့်မယ်လို့ဆိုပါတယ်။

      ဆုကြေးငွေ ဒေါ်လာ သန်း ၃၀ ပေးသွားမယ့် Fortnite World Cup Final အရည်အချင်းစစ်ပြိုင်ပွဲမှာ ကမ္ဘာကျော် Fortnite player တစ်ဦးဖြစ်တဲ့ Ninja ဟာ အံ့သြဖို့ကောင်းလောက်အောင် အရည်အချင်းမမီဖြစ်ခဲ့တယ်လို့ဆိုပါတယ်။



           eSports လောကမှာ Ninja လို့လူသိများတဲ့ တိုင်လာနင်ဂျာဘယ်လ်ဗင်ဟာ ပြီးခဲ့တဲ့နှစ်ပတ်ကပဲ Solo ပြိုင်ပွဲကစားထားသူ ဖြစ်ပြီး သောကြာနေ့က နှစ်ယောက်တွဲ Duo အဆင့်မှာ ပြုတ်သွားခဲ့တာလို့ESPN သတင်းမှာ ဖော်ပြထားပါတယ်။ Ninja ဟာ Solo အတွက် အရည်အချင်းမီသူ တစ်ဦး ဖြစ်တဲ့ မာလာချိုင် Reverse2k ဂရင်နီနဲ့တွဲကစားပြီး ၆၄ မှတ်နဲ့World Cup final တက်နိုင်ဖို့၂၅ မှတ်အလိုနဲ့ထွက်ခဲ့ရတာပါ။



Photo: tubefilter

           Fortnite World Cup အရည်အချင်းစစ်မှာ ပြုတ်သွားခဲ့တဲ့ ၃ နာရီစာ Gameplay ကို Ninja ဟာ Streaming ပြန် မတင်ခဲ့ဘဲ သောကြာနေ့မှာ Twitter ပေါ်ကတစ်ဆင့် သူ့ရဲ့ follower ၄ သန်းကို World Cup Qualifier အဆင့်ကနေ ထွက်ခဲ့ရကြောင်းနဲ့နယူးယော့ခ်မှာ ကျင်းပမယ့် နောက်ဆုံး ဖိုင်နယ်မှာ လာကြည့်မယ့်အကြောင်း တင်ခဲ့ပါတယ်။

           ၂၀၁၉ ခုနှစ်အတွက် Time မဂ္ဂဇင်းရဲ့ သြဇာအကြီးဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ပါဝင်လာခဲ့တဲ့ Ninja ဟာ ESPN မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ပထမဆုံး ဖော်ပြခံရတဲ့ eSports player တစ်ဦး ဖြစ်ပါတယ်။ Ninja ဟာ ပြီးခဲ့တဲ့နှစ်က Fortnite: Battle Royale ကစားရင်း ဒေါ်လာ ၁၀ သန်းနီးပါး ရှာနိုင်ခဲ့တယ်လို့CNN ကို ပြောခဲ့ပါတယ်။

           Epic Games ဟာ အသက် ၁၃ နှစ်နဲ့အထက် ပလေယာတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်မယ့် ပထမဆုံးအကြိမ် Fortnite World Cup ပြိုင်ပွဲကို စီစဉ်နေတာပါ။ ဧပြီလ ၁၃ ရက်နေ့ကစပြီး အွန်လိုင်း လက်ရည်စစ်ပြိုင်ပွဲအနေနဲ့ဥရောပ ၊ အာရှ ၊ ဘရာဇီး ၊ ပစိဖိတ်ကျွန်းနိုင်ငံများ ၊ မြောက်အမေရိကရဲ့ အရှေ့နဲ့အနောက် ကမ်းရိုးတန်းဒေသများမှ Fortnite ဂိမ်မာတို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ သီတင်းပတ် ၁၀ ပတ်ကြာမယ့် အွန်လိုင်း Qualifier အဆင့်အတွက် ဧပြီ ၁၃ ရက်ကနေ ဇွန်လ ၁၆ ရက်အထိ အပတ်စဉ် ဆုကြေး ဒေါ်လာ ၁ သန်းစီ ပေးသွားမယ်လို့လည်း Business Insider မှာ ဖော်ပြထားပါတယ်။ 



Photo: fortniteintel

           ဒေါ်လာ သန်း ၃၀ ဆုကြေးပေးမယ့် Fortnite World Cup Finals ဟာ အွန်လိုင်းအဆင့် လက်ရည်စစ်ပြိုင်ပွဲတွေမှာ Solo နဲ့Duos ဆိုပြီး တစ်လှည့်စီ ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။။ နောက်ဆုံးဖိုင်နယ်ပွဲကိုတော့ လာမယ့် ဇူလိုင် ၂၆ ကနေ ၂၈ ရက်နေ့အထိ နယူးယော့ခ်မြို့တော် Arthur Ashe Stadium မှာ ကျင်းပသွားမှာပါ။

       

Share

Loading Next Article...
က္က