အလကား ဒေါင်းလုပ်ဆွဲ ကစားလို့ရတဲ့ ဂိမ်းတွေက တကယ့့်ဖျော်ဖြေရေးလောကမှာ ဝင်ငွေအကြမ်းဆုံးလို့ပြောနိုင်ပါတယ်။
Photo: Tech Crunch
၂၀၁၈ အတွင်း F2P လို့အတိုကောက် ခေါ်ကြတဲ့ Free to Play အလကား ဆော့လို့ရတဲ့ ဂိမ်းတွေဟာ ကြီးမားတဲ့ စီးပွားရေးတစ်ခု ဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် Fortnite လို F2P မိုဘိုင်းလ်ဂိမ်းမျိုးဟာ ဝင်ငွေအမြင့်ဆုံး ဂိမ်းတွေထဲမှာ ပါဝင်လာခဲ့တာပါ။ ဂိမ်းဈေးကွက်တစ်ခုလုံးရဲ့ ဝင်ငွေဟာ ၂၀၁၈ အတွင်းမှာ ဒေါ်လာ ၁၁၀ ဘီလျံအထိ ရှိခဲ့တယ်လို့SuperData ရဲ့ နှစ်အလိုက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
F2P ဂိမ်းတွေဟာ Play Store တွေကနေ အခမဲ့ download ဆွဲရယူပြီး ကစားနိုင်တဲ့ ဂိမ်းအမျိုးအစား ဖြစ်ပါတယ်။ ဝင်ငွေအနေနဲ့ပြီး ဂိမ်းထဲမှာ ပါတဲ့ items အရောင်းအဝယ်ကနေ ဝင်ငွေရတာပါ။ F2P ဂိမ်းမျိုးဖြစ်တဲ့ PUBG Mobile ဂိမ်းဟာ Google Play မှာ တစ်နှစ်တာအတွက် အကောင်းဆုံး ဂိမ်းအဖြစ် စာရင်းသွင်းခံရပြီး Fortnite ကလည်း eSport ဂိမ်းတွေထဲမှာ လူအကြည့်များဆုံး ဂိမ်း ဖြစ်ခဲ့ပါတယ်။
ဒီထဲမှာ မိုဘိုင်းလ်ဂိမ်းတွေရဲ့ ဝင်ငွေဟာ ဂိမ်းဈေးကွက်ဝင်ငွေတစ်ခုလုံးရဲ့ ထက်ဝက်ကျော် ဖြစ်တဲ့ ၆၁ .၃ ဘီလျံအထိ ရှိခဲ့တာပါ။ PCမှာ free ဆော့လို့ရတဲ့ ဂိမ်းတွေရဲ့ ဝင်ငွေကတော့ ဒေါ်လာ ၁၇ ဘီလျံပဲ ရှိခဲ့ပြီး console တွေက F2P ဂိမ်းတွေထဲမှာ ဝင်ငွေအနည်းဆုံး အဖြစ် ဒေါ်လာ ၂ ဘီလျံ ဝင်ခဲ့ပါတယ်။ SuperData ရဲ့ အစီရင်ခံစာအရ ဒေသအလိုက် F2P ဈေးကွက်မှာ အာရှဟာ အကြီးမားဆုံး ဈေးကွက်အဖြစ် ရှိနေတယ်လို့ဆိုပါတယ်။
၂၀၁၇ ခုနှစ်က အာရှဂိမ်းဈေးကွက်မှာ F2P ဂိမ်းတွေရဲ့ ဝင်ငွေဟာ (မိုဘိုင်းလ် ၊ PC ၊ Social နဲ့Console) အားလုံး ဒေါ်လာ ၄၈.၂ ဘီလျံ ရှိခဲ့ပြီး ၂၀၁၈ မှာ ၅၄.၃ ဘီလျံအထိ ရှိလာတယ် ဖော်ပြထားပါတယ်။ ဈေးကွက်အနေနဲ့ဥရောပဟာ F2P တွေအတွက် ဝင်ငွေအနည်းဆုံးဈေးကွက်ဖြစ်ပြီး ၂၀၁၈ မှာ ဒေါ်လာ ၁၁ ဘီလျံပဲ ဝင်ခဲ့တာ ဖြစ်ပါတယ်။
ဈေးကွက်အားလုံးမှာ F2P ဂိမ်းတွေရဲ့ ဝင်ငွေ စုစုပေါင်းဟာ ဒေါ်လာ ၈၈ ဘီလျံ ရှိခဲ့ပြီး Fortnite တစ်ခုတည်းကိုပဲ ဝင်ငွေ ဒေါ်လာ ၂.၄ ဘီလျံရခဲ့တာပါ။ ထိပ်တန်း ဂိမ်းး ဆယ်မျိုးကတော့ စုစုပေါင်း ဒေါ်လာ ၁၄.၆ ဘီလျံ ဝင်ခဲ့ပါတယ်။ Fortnite နဲ့အပြိုင် နာမည်ကျော် PUBG ဂိမ်းဟာလည်း နိုဝင်ဘာတစ်လတည်းကိုပဲ ဒေါ်လာ ၃၁.၅ သန်း ဝင်ခဲ့တယ်လို့ဆိုပါတယ်။
Photo: BGR India
ဒီဂိမ်းနှစ်မျိုးစလုံးဟာ လစဉ် ကစားသူ သန်း ၂၀၀ ကျော် အထိ ရှိနေတဲ့ ဂိမ်းတွေ ဖြစ်ပါတယ်။