ပရိသတ်တွေရဲ့ အချစ်တော်လေးနော်။

မန္တလေးမှ ပရိသတ်တစ်ဦးပေးလိုက်တဲ့ လက်ဆောင်ပစ္စည်းကြောင့် G Fatt ပျော်နေပါတယ်။ အဲ့ဒီလက်ဆောင်လေးကလည်း သူ့အတွက် အမှတ်တရဖြစ်စေမယ့် လက်ဆောင်တစ်ခု ဖြစ်စေမှာပါ။

Photo : G Fatt

မိန်းကလေး ပရိသတ်များသာမက ယောကျ်ားလေး ပရိသတ်များရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူက လူငယ်အဆိုတော် G Fatt ပါ။ အားလုံးရဲ့ ချစ်ခြင်းကို ရရှိထားတဲ့ အဆိုတော် G Fatt ဟာ မန္တလေးမှ မိန်းကလေး ပရိသတ်တစ်ဦးပေးတဲ့ လက်ဆောင်ကြောင့် ပျော်လို့နေပါတယ်။ အဲ့ဒီလက်ဆောင်က သူ့ဘဝအတွက် အမှတ်ရစေမယ့် လက်ဆောင်တစ်ခုဆိုလည်း မမှားလောက်ပါဘူး။ သူရဲ့ပုံစံကို ထုထားတဲ့ ပုံတူရုပ်တုတစ်ခုပါ။ အဲ့ဒီပုံတူရုပ်တုလေးဟာ သူ့ရဲ့ မွေးနေ့မှာ မန္တလေးမှပရိသတ် ကောင်မလေးတစ်ယောက်က လက်ဆောင်ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : G Fatt

“မွေးနေ့တုန်းက မန်းလေးမှ ပရိတ်သတ်တစ်ယောက် ပေးတဲ့ လက်ဆောင် “ ဆိုပြီး သူက ပြောထားတာပါ။ G Fatt ရဲ့ ပုံတူရုပ်တုလေးကို ပေးတဲ့ ပရိသတ်ကောင်မလေးရဲ့ နာမည်က ထက်ထက်အောင်လို့ သိရပါတယ်။ G Fatt ဟာ ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာ ရှိုးပွဲတွေ ဆက်တိုက်ဆိုဖြစ်နေတဲ့ G Fatt က တစ်ကိုယ်တော် အခွေဖြစ်တဲ့ 120/B ဆိုတဲ့ အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ ချစ်သူလေး နန်းဆုရတီစိုးနဲ့ အတူ ဂီတအလုပ်တွေ လုပ်နေတာကို တွေ့ရပါတယ်။

Photo : G Fatt

G-Fatt နဲ့ နန်းဆုရတီစိုးတို့ရဲ့ အချစ်ရေးကို ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး ပရိသတ်တွေ စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ နန်းဆုရတီ စိုး က လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး သီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ နန်းဆုရတီစိုးကလည်း ဂီတလောကထဲမှာ လူငယ်ပရိသတ်တွေရဲ့အားပေးမှု အခိုင်အမာရရှိထားသူ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က