စိတ်ဆိုးတာ စိတ်ကောက်တာတော့ရှိတာပေါ့။

ဖေ့စ်ဘွတ်ပေါ်မှာ Feel Post တွေတင်နေတဲ့ မမနန်းဆုနဲ့ မောင်လေး G-Fatt တို့ရဲ့ အချစ်ရေးကတော့ အဆင်မပြေတာ မရှိပဲ အေးအေးဆေးဆေးလေးပါပဲလို့ G-Fatt ကပြောပါတယ်။ သူတို့ ချစ်သူနှစ်ယောက်ကတော့ ချစ်စရာကောင်းတဲ့ မမ နဲ့ မောင်လေးစုံတွဲပါပဲ။

Photo: Nan Su Yati Soe

G-Fatt ကတော့ မောင်လေးနဲ့ မမတို့ရဲ့ အချစ်ရေးအကြောင်းကို ပြန်လည်ပြောပြလာပါတယ်။ အခုချိန်မှာ သူ့ရဲ့ချစ်သူဖြစ်တဲ့ နန်းဆုရတီစိုးကတော့ ဖေ့စ်ဘွတ်ပေါ်မှာ ခံစားချက်လေးတွေကို ရင်ဖွင့် လေ့ရှိတာကြောင့် သူတို့ရဲ့လက်ရှိအချစ်ရေးအကြောင်းကိုလည်း G-Fatt က မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’အချစ်ရေးမှာ ကျွန်တော်တို့ နှစ်ယောက်ကတော့ အေးအေးဆေးဆေးပါပဲ။ သူလည်း သူ့အလုပ်သူလုပ်နေသလို ကိုယ်လည်း ကိုယ့်အလုပ်ကိုယ် ကြိုးကြိုးစားစားလုပ်နေတယ်ပေါ့နော်။ Feel Post တွေ တင်တာ များတာကတော့ ကျွန်တော်နဲ့ ပေါင်းတာများသွားလို့ပါ။ ကျွန်တော်တို့အချစ်ရေးကတော့ စလိုက် နောက်လိုက်ပါပဲ။ ကျွန်တော်က စတာနောက်တာများတော့ တစ်ခါတလေ စိတ်ဆိုးသွားတာလေးတွေတော့ရှိတယ်’’ လို့ သူကဆိုပါတယ်။

Photo: Nan Su Yati Soe

G-Fatt နဲ့ နန်းဆု တို့ရဲ့ အချစ်ရေးကို စတင်ဖြစ်ခဲ့ကြတဲ့ ပုံစံကိုလည်း ဆက်လက်ပြောပြခဲ့ပြန်ပါတယ်။ အချစ်ရေးလမ်းကြောင်းပေါ်မှာရင်ဆိုင်ရမယ့် ဖြစ်ရပ်လေးတွေကိုလည်း သူက သုံးသပ်ပြောပြခဲ့ပြန်ပါတယ်။

‘’ ကျွန်တော့်အမြင်မှာတော့ လူနှစ်ယောက် စစ ကြိုက်ချင်းမှာတော့ တစ်ယောက်နဲ့တစ်ယောက် အများကြီး အပြစ်မြင်တာ မရှိဘူး။ စချစ်ပြီဆိုတော့ တစ်ယောက်အကြောင်းတစ်ယောက်မသိဘူး။ နည်းနည်းလေး ကြာသွားတော့ ခရေစေ့တွင်းကျ သိသွားတယ်။ အဲဒီအချိန်မှာ မထင်ထားတဲ့ သူ့ရဲ့ အားနည်းချက် ၊ ကိုယ့်ရဲ့ အားနည်းချက်တွေက ပေါ်လာတယ်။ ဒါကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ ဆိုတာ နှစ်ယောက်စလုံးအပေါ်မှာ မူတည်တယ်’’ ဆိုပြီးတော့ သြဂုတ်လ ၂၁ ရက်နေ့က ဘောလုံးလေ့ကျင့်ကွင်းမှာ ဖြေဆိုခဲ့တာပါ။

Photo: Nan Su Yati Soe

အချစ်ရေးနဲ့ပတ်သက်လာရင် G-Fatt ကိုတော့ ဆုံးမသွန်သင်ပေးခဲ့တဲ့ အစ်ကိုတစ်ယောက်ရှိတယ်လို့ ဆိုပါတယ်။ ဒီ သွန်သင်ဆုံးမမှုတွေအတိုင်းပဲ လက်ရှိအချစ်ရေးကို ခိုင်မြဲအောင် တည်ဆောက်နေပါတယ်တဲ့။

‘’ နားလည်ပေးနိုင်မှုများရမယ်ပေါ့နော်။ ကိုယ့်ရဲ့ ခွင့်လွှတ်စိတ်တွေကို သုညအထိချပြီး ခွင့်လွှတ်ပေးနိုင်ရမယ်။ ပြီးတော့ သူများကို မဆုံးဖြတ်ခိုင်းနဲ့ မင်းကိုယ်မင်း၊ မင်းဘာသာမင်းဆုံးဖြတ်တဲ့။ အကုန်လုံးနဲ့တော့ လိုက်ဆွေးနွေး ဆုံးဖြတ်ချက်ချမှသာ ကိုယ့်ဘာသာကိုယ်ချပေါ့နော်။ တချို့ဟာတွေ ခွင့်လွှတ်မလား၊ ဆက်သွားမလား၊ ရပ်တန့်မလားပေါ့’’ လို့လည်း သူကပြောပြလာပါသေးတယ်။


Photo: Nan Su Yati soe

G Fatt က နန်းဆုရတီစိုးအတွက် အနုပညာအလုပ်တွေကို ပံ့ပိုးပေးသလို နန်းဆုကလည်း G Fatt အတွက် လိုအပ်တဲ့ အရာတွေကို ပံ့ပိုးပေးတဲ့ ချစ်သူတစ်ဦးပါ။ လက်ရှိမှာတော့ သူတို့ရဲ့ ချစ်သူစုံတွဲလေးက ချစ်သူသက်တမ်း ၂ နှစ်ကျော်ကို ရောက်ရှိလို့လာခဲ့ပါပြီ။ အနုပညာနယ်ပယ်မှာ အောင်မြင်မှု ကိုယ်စီ ရရှိထားသူတွေလည်းဖြစ်ပါတယ်။ G Fatt ဆိုရင်လည်း မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ လူငယ်အဆိုတော် တစ်ဦးဖြစ်ပြီး သူကိုယ်တိုင် ရေးတဲ့ သီချင်းများနဲ အောင်မြင်မှု ရရှိထားတဲ့ အဆိုတော်တစ်ဦးပါ။ အဲဒီလိုပဲ နန်းဆုရတီစိုးဟာ သရုပ်ဆောင်လောကမှာသာမက အဆိုပိုင်းမှာလည်း အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က