ပြီးခဲ့တဲ့နှစ်ကတည်းက စိတ်ဝင်စားနေခဲ့တာပါ။

ယူနိုက်တက်အနေနဲ့ အက်သလက်တီကိုကွင်းလယ်လူ ဆောလ်နီဂွက်ဇ်ကိုလည်း စိတ်ဝင်စားနေတယ်လို့ သတင်းများထွက်ခဲ့ဖူးပါတယ်။ 


ပြင်သစ်သတင်းဌာနတစ်ခုဖြစ်တဲ့ Le10Sport ရဲ့ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ တိုက်စစ်အားသန်ကစားသမားဂျာအိုဖီးလစ်ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဒီနှစ်ဘောလုံးရာသီအစကမှ အက်သလက်တီကိုမက်ဒရစ်ကို ဂျာအိုဖီးလစ်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၂၀ နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

ဘင်ဖီကာအတွက် ခြေစွမ်းပြကစားခဲ့တဲ့ ဂျာအိုဖီးလစ်ဟာ ပေါ်တူဂီအတွက် ရော်နယ်ဒိုလက်သစ်ဖြစ်လာမယ့် ကစားသမားလို့ တင်စားခံခဲ့ရပါတယ်။ ဘင်ဖီကာမှာကတည်းက ယူနိုက်တက်က စိတ်ဝင်စားခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အက်သလက်တီကိုက မြင့်မားတဲ့ပြောင်းရွှေ့ကြေးပေးချေကာ ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။

အသက် ၂၀ အရွယ်ကစားသမားဟာ ယူနိုက်တက်မှာ အောင်မြင်ကျော်ကြားခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ခြေရာကို အိုးထရက်ဖို့ဒ်မှာ လိုက်လံတုပနိုင်မယ်လို့ ယူနိုက်တက်တာဝန်ရှိသူတွေက ယုံကြည်နေကြောင်း သိရပါတယ်။ ဂျာအိုဖီးလစ်ဟာ ဒီရာသီမှာ အက်သလက်တီကိုအတွက် ပြိုင်ပွဲစုံ ၂၈ ပွဲကစားပေးထားပြီး ၆ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ 

ယူနိုက်တက်အနေနဲ့ ဆန်ချို၊ ဟယ်ရီကိန်း၊ ဂရီလစ်ရှ်တို့ကို ခေါ်ယူမယ်လို့လည်း သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ ဂျာအိုဖီးလစ်အနေနဲ့လည်း အက်သလက်တီကိုမက်ဒရစ်မှာ ထင်မှတ်ထားသလို ခြေစွမ်းပြနိုင်ခြင်းမရှိသေးဘဲ ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်နေခဲ့ရတယ်။ ရာသီအစောပိုင်းမှာ ခြေစွမ်းပြနေခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာတော့ ဂိုးသွင်းနိုင်ဖို့ ခက်ခဲနေခဲ့သူဖြစ်ပါတယ်။

လက်ရှိမှာ အက်သလက်တီကိုမက်ဒရစ်က ဘဏ္ဍာရေးပြသနာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် သူတို့ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ကို ရောင်းချသွားမှာလားဆိုတာက စိတ်ဝင်စားစရာကောင်းနေပါတယ်။ ယူနိုက်တက်အနေနဲ့ အက်သလက်တီကိုကွင်းလယ်လူ ဆောလ်နီဂွက်ဇ်ကိုလည်း စိတ်ဝင်စားနေတယ်လို့ သတင်းများထွက်ခဲ့ဖူးပါတယ်။ 


Share

Loading Next Article...
က္က