VAR ကတော့ အပတ်တိုင်းမှာကို အငြင်းပွားစရာတွေဖြစ်နေခဲ့တာပါ။

တနင်္ဂနွေနေ့ ပွဲတ​ွေအပြီးမှာတော့ ပရိသတ်တ​ွေကြားမှာ အငြင်းပွားစရာအကြောင်းအရာတွေဖြစ်လာခဲ့ပါတယ်။ အာဆင်နယ်က လီဗာပူးလ်ကို ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အာဆင်နယ်နောက်ခံလူဂါဘရီရယ်ရဲ့ ဧရိယာထဲမှာ လက်နဲ့ထိခဲ့တဲ့ အလုံးကို ကွင်းလယ်ဒိုင်မိုက်ကယ်အိုလီဗာက VAR တောင် ပြန်မကြည့်ခဲ့ဘဲ ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ အဆိုပါမြင်ကွင်းကို အနှေးပြကွက်နဲ့ ပြန်လည်ပြသချိန်မှာတော့ ဂါဘရီရယ်က လက်နဲ့ ထိခဲ့တာကို သေသေချာချာမြင်တွေ့ခဲ့ရပါတယ်။ 

တကယ်လို့သာ အဆိုပါအလုံးကို ပင်နယ်တီပေးခဲ့မယ်ဆိုရင် ပွဲအခြေအနေက အပြောင်းအလဲဖြစ်နိုင်ဖွယ်ရှိခဲ့တာပါ။ ဒါပေမယ့် ပင်နယ်တီမရခဲ့လို့ အငြင်းပွားစရာဖြစ်ခဲ့ရပြီး VAR နဲ့ ဘာလို့ ပြန်ပြီးမကြည့်ခဲ့တာလဲဆိုတဲ့ မေးခွန်းတွေထွက်လာခဲ့ပါတယ်။ အာဆင်နယ်အတွက်ကံကောင်းပြီး လီဗာပူးလ်အတွက်တော့ ကံဆိုးခဲ့တဲ့ အနေအထားလို့ ပြောရမှာပါပဲ။ 

ဒီနောက် ညနက်ပွဲကစားခဲ့တဲ့ အဲဗာတန်နဲ့ ယူနိုက်တက်ပွဲမှာလည်း ယူနိုက်တက်အတွက် တတိယမြောက်ဂိုးကို ရက်ရှ်ဖို့ဒ်သွင်းယူခဲ့ချိန်မှာ ဘောလုံးရယူနေရင်း လက်နဲ့ထိခဲ့တယ်ဆိုကာ ဂိုးမပေးခဲ့ပါဘူး။ အနှေးပြကွက်အရတော့ ရက်ရှ်ဖို့ဒ်က အဲဗာတန်ခံစစ်မှူးကို ကျော်ဖြတ်ချိန်မှာ ဘောလုံးက မြောက်တက်လာပြီး သူ့လက်နဲ့ ထိခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က ဂိုးမပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါဖြစ်ရပ်နှစ်ခုကို နှိုင်းယှဉ်ပြီး ပရိသတ်တွေက ဝေဖန်နေကြပြီး ကွင်းလယ်ဒိုင်တွေက တပွဲကို တမျိုးစီနဲ့ ကြိုက်သလိုဆုံးဖြတ်နေကြတယ်လို့ ဝေဖန်နေကြပါတယ်။ ဒါက ရက်သတ္တပတ်တိုင်းမှာ ကြုံတွေ့နေရတ​ဲ့ ပြသနာဖြစ်ပြီး VAR ရဲ့ ဆုံးဖြတ်ချက်တွေက အမှန်တကယ်လည်းပဲ တပွဲနဲ့တပွဲ မတူညီဘဲ ပင်နယ်တီပေးချင်ရင်ပေး၊ မပေးချင်ရင် မပေးဆိုသလိုဖြစ်နေခဲ့ပါတယ်။ 

လီဗာပူးလ်ပရိသတ်တွေကတော့ သူတို့အသင်းပင်နယ်တီရရှိခဲ့သင့်တယ်လို့ ပြောဆိုခဲ့ကြပြီး မိုက်ကယ်အိုလီဗာရဲ့ ဆုံးဖြတ်ချက်ကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ အာဆင်နယ်ကို ၁-၀ နဲ့ အရေးနိမ့်ချိန်ဖြစ်နေပြီး အဆိုပါဖြစ်ရပ်ကနေသာ ပင်နယ်တီရခဲ့မယ်ဆိုရင် လီဗာပူးလ်တို့ မနေ့ကပွဲမှာ ရလဒ်ပိုင်းအရ အပြောင်းအလဲဖြစ်ဖွယ်ရှိခဲ့တာပါ။ 

Share

Loading Next Article...
က္က